ခရစ္စစ်တန်ဟာ ရင်းနှီးမြှုပ်နှံသူနဲ့ စီအီးအို (အမှုဆောင်အရာရှိချုပ်) တစ်ယောက်ပါ။သူဟာ မလေးရှားကုဋ္ဋေကြွယ်သူဌေးကြီးတစ်ယောက်ရဲ့ သမီးလည်း ဖြစ်ပါတယ်။
သူဟာ သူ့ရဲ့ ဖက်ရှင်၊ ခရီးသွားလာမှုတွေ၊ စားသောက်တဲ့ အစားအသောက်တွေနဲ့ဘ၀နေထိုင်မှုဟန်ပန်တွေကြောင့် Instagram (အင်စတာဂရမ် - ဓါတ်ပုံတင်သောလူမှုကွန်ရက်) မှာ follower (စောင့်ကြည့်သူ)အရေအတွက်၁၇၈,၀၀၀ကျော်ရှိပါတယ်။သူဟာတခြားမလေးရှားဘီလျံနာတစ်ယောက်ရဲ့ သား ဖလစ် နာဆင်မူဒင်နဲ့ယခုနှစ် ဇွန်လမှာ စေ့စပ်ခဲ့ပါတယ်။
ခရစ္စစ်တန်ရဲ့ ဘ၀မှာဖြစ်ချင်တဲ့ဆန္ဒကတော့ ကမ္ဘာအနှံ့ ခရီးသွားပြီးနေရာသစ်တွေကို ရောက်ဖူးမြင်ဖူးချင်ပါတယ်တဲ့။ လူအများအပြားကလည်း သူ့လိုဆန္ဒရှိကြပေမဲ့ မလေးရှားဘီလျံနာတစ်ဦးရဲ့ သမီး မဟုတ်ကြလို့ သူတို့ဆန္ဒကိုမဖြစ်နိုင်တဲ့အရာတစ်ခုအဖြစ်သာ အပေါ်ယံ စိတ်ကစားတတ်ကြသလိုအများအားဖြင့်လည်း ဆင်းရဲတဲ့နိုင်ငံတွေက နိုင်ငံသားတွေအတွက်ဆိုရင်တော့အခြေအနေတွေက အဲ့လိုအပေါ်ယံစိတ်ကူးယဉ်နိုင်အောင်သာ တွန်းပို့ပါတော့တယ်။
သူမကိုယ်တိုင်လည်း ရင်းနှီးမြှုပ်နှံသူနဲ့ စီအီးအိုတစ်ယောက်ဖြစ်တဲ့ အသက် ၂၈
နှစ်ရှိ တန်က ကိုယ်ပိုင်ဂျက်လေယာဉ်စီးပြီး ခရီးသွားကာ ကောင်းပေ့ညွန့်ပေ့
စားသောက်ဆိုင်တွေမှာ စားချင်ရာကို စားနေနိုင်ပါတယ်။
ဒါဟာ သူဟာ ကုဋေကြွယ်သူဌေးသမီးတစ်ယောက်မို့လို့ ဆိုတာထက်ကို ပိုလို့ပဲဖြစ်တယ်လို့ သိရပါတယ်။
သူ့အဖေ ဗင်းဆင့်တန်က မလေးရှားမှာ ၂၀ ယောက်မြောက် အချမ်းသာဆုံးသူဖြစ်တဲ့တိုင် သူကိုယ်တိုင်လည်း ကိုယ်ပိုင်လုပ်ငန်းတွေအများကြီးနဲ့မအားလပ်တဲ့သူပဲ ဖြစ်ပါတယ်။
သူဟာ မလေးရှားရဲ့ အကြီးဆုံးဈေးဝယ်အ၀န်းအ၀ိုင်း Berjaya Times Square ရဲ့စီအီးအိုပါ။
Goxip (မည်သည့်ဓါတ်ပုံမဆိုမှ အ၀တ်အစားဒီဇိုင်းများကို ရှာဖွေကာအသုံးပြုသူများအား အလားတူအ၀တ်အစားများကို ၀ယ်ယူရရှိနိုင်သည့်နေရာများအား ပြောပြသည့် ဖက်ရှင်အက်ပလီကေးရှင်း) ရဲ့
ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်း ဖြစ်ပါတယ်။
သူဟာသူဌေးသမီးတစ်ယောက်အဖြစ်နဲ့ပဲသက်သက်ဇိမ်ခံနေတာမဟုတ်
ဘဲအဲ့လိုလှုပ်ရှားဆောင်ရွက်နေတာတွေကြောင့်သူ့ဘ၀ဟာဆန္ဒနဲ့ဘ၀ထပ်တူကျသထက်ကျနေတာဖြစ်ကြောင်းတွေ့ရှိဖော်ပြလိုက်ရပါတယ်ရှင်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com