ရန်ကုန်မှာ အခြေစိုက်တဲ့ သြစတြေးလျကုန်သည်ကြီးများ
အဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး ကုန်သည်ကြီးများ အဖွဲ့သစ်တစ်ခုဖွဲ့စည်းရန်
သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ AustCham Myanmar မှ
သိရပါတယ်။
ပူးပေါင်းဖို့ သဘောတူညီမှုရပြီးနောက်ပိုင်း
သြစတြေးလျ-မြန်မာနှစ်နိုင်ငံကြား စီးပွားရေးချိတ်ဆက်
လုပ်ကိုင်မှုများ ကြီးထွားလာဖို့ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေ၊
လုပ်ငန်းရှင်တွေက အဆိုပါအဖွဲ့သစ်မှာ ဦးဆောင်လုပ်ကိုင်
သွားမှာဖြစ်ပါတယ်။
ရန်ကုန်မှာ အခြေစိုက်တဲ့ သြစတြေးလျ
ကုန်သည်ကြီးများ အဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး AustCham Myanmar
အဖွဲ့အသစ်ဖွဲ့စည်းလိုက်နိုင်ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ် Nicholas Coppel က
သြစတြေးလျကုန်သည်ကြီးများ အဖွဲ့သစ်အနေနဲ့ မြန်မာနိုင်ငံမှာ
စီးပွားရေးမိတ်ဖက်ရှာဖွေနေသော သြစတြေးလျ စီးပွားရေး
လုပ်ငန်းများ ကို ပိုမိုအထောက်အပံ့ပေးနိုင်မှာဖြစ်ပြီး
သြစတြေးလျဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတဲ့
မြန်မာစီးပွားရေးလုပ်ငန်းရှင်များကိုလည်း
အကူအညီများပေးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
“အခုလိုကုန်သည်ကြီးအသင်းနှစ်ဖွဲ့ ပူးပေါင်းလိုက်ခြင်းက
မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ စီးပွားရေး အသိုက်အဝန်းရဲ့
အနေအထားကို ပိုမိုခိုင်မာစေပြီး ပိုမိုထိရောက်တဲ့
စွမ်းဆောင်မှုတွေ ပေးနိုင်မှာဖြစ်ပါတယ်” လို့ မစ္စတာ
Coppel က ပြောပါတယ်။
Austcham Myanmar က စီးပွားရေးလုပ်ငန်း နယ်ပယ်အမျိုးမျိုးနဲ့
သက်ဆိုင်တဲ့ အသိအမြင်များ မျှဝေခြင်း၊ လိုအပ်တဲ့
ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန် ပံ့ပိုးပေးခြင်း၊
စီးပွားရေးကွန်ယက်များ ပိုမိုချိတ်ဆက်နိုင်ရန် တွေ့ဆုံပွဲများ
စီစဉ်ပေး ခြင်း၊ အရည်အသွေးများ မြှင့်တင်ပေးတဲ့
ကူညီပေးခြင်းနဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း
စတဲ့အပိုင်းများတွင် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
Credit: SFJ Strategy First