အထက်မြန်မာပြည်ဧရိယာတွေအတွင်း မိုးရာသီကာလမှာ ခရီးသွားတွေတိုးတက်ဝင်ရောက်လာဖို့ အင်တာနေရှင်နယ်လေကြောင်းလိုင်းတွေ အကြိမ်ရေတိုးမြှင့် ပျံသန်းပြေးပြေးဆွဲပေးမှာ ဖြစ်တယ်။
အင်တာနေရှင်နယ်လေကြောင်းလိုင်တွေဖြစ်တဲ့ Air Asia , Bangkok Airway တို့ဟာ အရင်ကထက် အကြိမ်ရေ တိုးမြှင့်ပြေးဆွဲမှာ ဖြစ်ပါတယ်။
မန္တလေးတိုင်း ၊ ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးစန်းယုက ‘ အရင်က တစ်ပတ်ကို သုံးကြိမ်ပြေးဆွဲရာက နေ့စဉ် ဆိုက်ရောက်နိုင်ဖို့ ဆောင်ရွက်တာ ၊ ဘန်ကောက်ကနေ ချင်းမိုင်ကို တိုးချဲ့ ပြေးဆွဲဖို့ ဆောင်ရွက်နေပါတယ် ‘လို့ ပြောပါတယ်။
မန္တလေးတိုင်းအတွင်း ခရီးသွားတိုးတက်ဝင်ရောက်ဖို့ ဘက်ပေါင်းစုံက ဆောင်ရွက်နေတာဖြစ်ပါတယ်။
Credit: The Kumudra