ရင်းနှီးမြှုပ်နှံ မှု၊ အတွေ့အကြုံနှင့် နည်းပညာမယှဉ် နိုင်မှုကြောင့် ရေရှည်ယှဉ်ပြိုင်ရပ်တည် နိုင်ရန်မလွယ်ကူသဖြင့် နိုင်ငံခြားအာ မခံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း လုပ်ငန်းလုပ်ကိုင်ခွင့်ပေးရန် ပြည်တွင်း အာမခံကုမ္ပဏီများမှ ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရှိရသည်။
ပြည်တွင်းအာမခံဈေးကွက် တွင် နိုင်ငံခြားအာမခံကုမ္ပဏီများ လုပ်ကိုင်ခွင့်ပေးရန်စီစဉ်နေခြင်း ကြောင့် ယင်းသို့တင်ပြခြင်းဖြစ်ပြီး မူဝါဒပိုင်းဆိုင်ရာအပြောင်းအလဲများ ပြုလုပ်ပေးရန်လည်းမျှော်လင့်နေ ကြကြောင်းသိရသည်။
Grand Guardian Insurance Public Co.,Ltd ၏ Managing Director ဦးမျိုးနောင် က ""အာမခံဈေးကွက်ဖွင့်တဲ့အခါ နိုင်ငံခြားအာမခံကုမ္ပဏီတွေဝင်လာ မှာကိုကြိုဆိုပါတယ်။ဒါပေမဲ့ ပြည် တွင်းအာမခံကုမ္ပဏီအနေနဲ့လုပ် ကိုင်ခွင့်ရရှိတာ လေးနှစ်လောက်ပဲရှိ သေးတော့ ကာလအားဖြင့်တိုတောင်း ပါတယ်။ အတွေ့အကြုံ၊ ရင်းနှီးငွေ၊ နည်းပညာအားဖြင့် တော်တော်လေး လိုပါတယ်။ဒါကြောင့်မို့ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (IBRB)၊ regulator ကနေ ဘယ်လိုမူဝါဒတွေ ချမှတ်မလဲဆိုတာ အရမ်းအရေးကြီး ပါတယ်။joint venture ခွင့်ပြုမယ် ဆိုရင် ပြည်တွင်း အာမခံကုမ္ပဏီတွေ က ပူးပေါင်းဆောင်ရွက်ဖို့က ဆန္ဒရှိ သလို joint venture ပေးဖို့ကို အာမခံကုမ္ပဏီ အားလုံးဝိုင်းဝန်းတင်ပြ ထားတာလည်းရှိပါတယ်""ဟု သြဂုတ် ၁၇ ရက်က ပြောသည်။
လက်ရှိပြည်တွင်းအာမခံဈေး ကွက်တွင်ဝင်ရောက်လုပ်ကိုင်ရန် စောင့်ဆိုင်းလျက်ရှိသော နိုင်ငံခြား အာမခံကုမ္ပဏီ ၂၀ ကျော်ရှိပြီး ယင်း အာမခံကုမ္ပဏီအများစုသည် နိုင်ငံ တကာ၏အာမခံလုပ်ငန်းအတွေ့ အကြုံ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုပမာဏများစွာရှိသောကုမ္ပဏီများ ဖြစ်ကြောင်းသိရသည်။
ဦးမျိုးနောင်က""နိုင်ငံခြားအာ မခံကုမ္ပဏီတွေကိုလေ့လာကြည့်တဲ့ အခါ ငါးနှစ်၊ ၁၀ နှစ်၊ အနှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ကုမ္ပဏီတွေပါ ရှိတယ်။ သူတို့နဲ့သာပူးပေါင်းလုပ်ခွင့် ရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု နည်း ပညာ၊ အတွေ့အကြုံပိုင်းတွေရပါ မယ်။ ဒါကြောင့်မို့ joint venture ဖြစ်ရင်ပိုကောင်းတယ်""ဟုပြောသည်။ထို့ပြင် အကယ်၍ပူးပေါင်းလုပ် ကိုင်ခွင့်မရဟုဆိုပါကလည်း သီးခြား ရပ်တည်လုပ်ကိုင်နိုင်ရန် အထောက် အကူပြုမည့်မူဝါဒများ
ကိုချမှတ်ပေး သင့်ကြောင်း ၎င်းင်းကအကြံပြုသည်။
"" joint venture မရဘူး။ သီး ခြားခွင့်ပြုမယ်ဆိုလည်း ပြည်ပက ကျွမ်းကျင်ပညာရှင်တွေငှားရမ်းပြီး ကြိုးစားယှဉ်ပြိုင်ဆောင်ရွက်ဖို့ရှိပါ တယ်။ ဒါပေမဲ့ ယှဉ်ပြိုင်ဖို့မမျှတာကို ယှဉ်ပြိုင်လို့ရှိရင် တဖြည်းဖြည်းမလုပ် နိုင်တော့ဘူး။ ဒါကြောင့် အစိုးရအနေ နဲ့ကော IBRB အနေနဲ့ပါ ပြည်တွင်း အာမခံဈေးကွက်ဖွံ့ဖြိုးဖို့ ပြည်တွင်း အာမခံကုမ္ပဏီတွေရေရှည်ဆောင် ရွက်နိုင်ဖို့ ပြည်ပအာမခံကုမ္ပဏီတွေ ဝင်လာတဲ့အခါမှာ စီးပွားရေးတွေကို တကယ်အထောက်အကူပြုနိုင်ဖို့ အဘက်ဘက်စဉ်းစားပြီး မူဝါဒတွေချ မယ်လို့ယုံကြည်ပါတယ်""ဟု ဦးမျိုး နောင်ကသုံးသပ်သည်။
မြန်မာနိုင်ငံတွင် အာမခံလုပ် ငန်းများကိုလုပ်ကိုင်ခွင့်ရရန် အာမ ခံကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထား သည့် နိုင်ငံခြားအာမခံကုမ္ပဏီပေါင်း ၂၄ ခုရှိပြီး သီလဝါအထူးစီးပွားရေး ဇုန်တွင် အာမခံလုပ်ငန်းများလုပ်ကိုင် ခွင့်ကို ဂျပန်အာမခံကုမ္ပဏီသုံးခုကို ၂၀၁၅ ခုနှစ်အတွင်း ယာယီခွင့်ပြု ပေးခဲ့ကြောင်းသိရသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့(IBRB )၏အဖွဲ့ဝင်ဦးဌေးပိုင် က""အစိုးရက ဒီ ၂၀၁၇ ခုနှစ်မှာလုပ် ခွင့်ပေးမယ်လို့ကြေညာပြီးသားပါ။နိုင်ငံခြားကုမ္ပဏီတွေက ၂၄ ခု လောက်ရှိတယ်။ အဲဒီထဲမှာ ၁၅ ခု လောက်က နိုင်ငံတကာမှအကြီး ဆုံးကုမ္ပဏီကြီးတွေပါ။ မြန်မာတစ် ပြည်လုံးမှာလုပ်ချင်တယ်လို့လုပ် ခွင့်တောင်းထားကြတယ်။ ဘယ်လို မူဝါဒတွေနဲ့လုပ်ခွင့်ပေးမလဲဆိုတာ မကြာခင်ထုတ်ပြန်ပေးမှာပါ""ဟု ပြောသည်။လက်ရှိပြည်တွင်းတွင် မြန်မာ့ အာမခံအပါအဝင်
ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၂ ခုမှ အာမခံလုပ်ငန်းများ ကိုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Credit: Democracytoday