ပြည်တွင်းရှိ လယ်ယာမြေတွေကို တရုတ်နိုင်ငံသားတွေ ငှားရမ်းစိုက်ပျိုးရာ မှာ မြေငှားခတွေ ပြီးခဲ့တဲ့နှစ်ထက် ပို ပေးလာတာကြောင့် ဈေးမြင့်လာပါ တယ်။
နေပြည်တော် ဇေယျာသီရိမြို့ နယ်ရှိ တောင်သူဦးကိုကိုက “ဒီနှစ်က တ ရုတ်တွေ စပါးစိုက်ဖို့ မြေငှားတဲ့အခါ မနှစ်ကမိုးစပါးထက် ပိုပေးတယ်၊ ဒီအ သံနဲ့ ဖရဲသခွားမြေငှားခတွေလဲ ပိုတောင်းလာတာပါ၊ ဒီဘက်မှာတော့ တရုတ် ငှားစိုက်တဲ့ အခင်းတွေမရှိဘူး၊ ပြည်တွင်းအချင်းချင်းပဲငှားပြီး လုပ်ကြတာ၊ ဒါေ တာင် ကိုယ်ပိုင်အခင်းတွေက ပိုများတယ်”လို့ ပြောပါတယ်။
တရုတ်နိုင်ငံသားတွေအနေနဲ့ သည်နှစ် မိုးစပါးစိုက်ပျိုးရာသီက စပြီး စပါးစိုက် ဖို့ မြေငှားရာမှာ တစ်ဧကကို ကျပ် ၃၀ဝ,ဝ၀ဝ ပေးပါတယ်။ ပြီးခဲ့တဲ့ မိုးစပါး ရာသီတုန်း က တစ်ဧကကို ကျပ် ၂၅၀,ဝ၀ဝ ပေးပါတယ်။ တရုတ်နိုင်ငံသားေ တွ အနေနဲ့ စပ်မျိုးစပါးတွေကို အများဆုံးစိုက်ပျိုးကြတဲ့အတွက် အထွက်နှုန်းေ ကာင်းပြီး ဈေးတွေ ပိုပေးလာတာလို့ သိရပါတယ်။
တရုတ်နိုင်ငံသားတွေ စိုက်ပျိုးတဲ့ စပ်မျိုးစပါးတွေဟာ တစ်ဧကကို တင်း ၆၀ နီးပါး ထွက်တဲ့ အတွက် လယ်ယာမြေတွေကို ဈေးမြင့်ပေးငှားလာတာလို့ ဆို တယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ စပ်မျိုးစပါးတွေကတော့ တစ်ဧကကို အ များဆုံး ၂၅ တင်းထွက်ပါတယ်။ တရုတ်နိုင်ငံသားတွေ အများဆုံးငှားရမ်းစိုက် ပျိုးတဲ့ဒေသကတော့ မန္တလေး တိုင်းဒေသကြီး ဖြစ်ပါတယ်။
မိတ္ထီလာမြို့နယ်က ဖရဲသီးစိုက်ပျိုးသူ ဦးခိုင်ရွှေက ‘ဦးတို့ဘက်မှာလဲ မြေ ငှားခတွေ တက်တယ်၊ ဦးတို့ဆီကတော့ တရုတ်တွေဆီပဲငှားတာများတယ်၊ ဒီနှစ်မိုးတွင်းဖရဲသခွားစိုက်ပျိုးကာလအတွက် ငှားနေကြတာ တရုတ်တွေက” လို့ ပြောပါတယ်။
အရင်နှစ်တွေက နေပြည် တော်မှာ ဖရဲသခွားစိုက်ဖို့ မြေငှားရင် တစ်ဧက ကို မြေအမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၁၅၀,ဝ၀ဝ ကနေ ၂၀ဝ,ဝ၀ဝ အထိ ရှိပါတယ်။ သည်နှစ် မိုးရာသီဖရဲသခွားစိုက်ပျိုးရာသီအတွက် ငှားရမ်းကြရာ မှာ တော့ တစ်ဧကကို အများဆုံး ကျပ် ၂၅၀, ဝ၀ဝ ခန့်ရှိပါတယ်။ နေပြည်ေ တ်ာမှာတော့ ဖရဲစိုက်တောင်သူတွေအနေနဲ့ မိုးဖရဲကို ဩဂုတ်လ ကုန်ေ လာက်နဲ့ စက်တင်ဘာလမှာ စတင်စိုက်ပျိုးကြတယ်။ ဆောင်းရာသီအတွက်ေ တာ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ စိုက်ပျိုးကြပါတယ်။
“စပါးကို မြေငှားစိုက်တာ ထက် ဖရဲသခွားမြေ ငှားစိုက်တာက ပိုမြတ်တယ် လို့ ပြောကြတာပဲ” လို့ တောင်သူဦးကိုကိုက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖရဲ သခွားကို မန္တလေးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတွေ မှာ အများဆုံး စိုက်ပျိုးပါတယ်။
Credit: The Kumudra