မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဦးပိုင် အမှတ်ရှိ မြေကွက်များကို ဧရိယာစတုရန်းပေ ၁,၂ဝဝ၊ မျက်နှာဖွင့် ပေ ၂ဝ ရှိမှသာ ခွဲစိတ်ခွင့် ဂရန်လျှောက်ထားခြင်းကို ပယ်ဖျက်ပြီး ဧရိယာစတုရန်းပေ ၁,၂ဝဝ အောက်မြေကွက်ငယ်များကိုပါ ဂရန်ထုတ်ပေးရန် သတ်မှတ်လိုက် သည့် အတွက် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်အတွက် အားသာချက် များ ရှိလာနိုင်ကြောင်း အကျိုးဆောင်တချို့က ပြောသည်။
မြေကွက်ပေါ်တွင် အခိုင်အမာ အဆောက်အအုံဖြင့်နေထိုင်လျက်ရှိခြင်း၊ အနားလေးဘက် ခိုင်မာမှုရှိခြင်း၊ ဝင်လမ်း ထွက်လမ်း ကောင်းမွန်မှုရှိခြင်း၊ ကျန်းမာရေးနှင့်မီးဘေးအန္တရာယ်များ ထိခိုက်မှုမရှိခြင်း စသည့်အချက်များနှင့် ကိုက်ညီပါက ဧရိယာစတုရန်းပေ ၁,၂ဝဝ အောက်မြေကွက်များကို ဦးပိုင်ခွဲ စိတ်ခွင့်ကို မြေတည်နေရာမြို့နယ်၊ မြေအမျိုးအစားအလိုက် တစ်စတုရန်းပေ လျှင် ကျပ် ၂ဝဝ မှကျပ် ၆ဝဝ အတွင်း သတ်မှတ်နှုန်းထားဖြင့် ပေးသွင်းေ စပြီး မြေဂရန်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့်စည်ပင်သာယာရေးကော်မတီ
မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနကို တိုက်ရိုက်လျှောက်ထားနိုင်ကြေ ကြာင်း စည်ပင်သာယာမှ ထုတ်ဝေသော မြို့ခံ မန္တလေးနေ့စဉ်သတင်းစာ တွင် ယခုလ ၁၃ ရက်က တရားဝင်အသိပေး ထုတ်ပြန်ထားသည်။
''မြေကွက်ငယ်တွေကို ဒီလိုအမည်ပေါက်ပိုင်ခွင့် လုပ်လို့ရတဲ့အတွက် မြေ ယာနဲ့ဆိုင်တဲ့ အမှုအခင်းတွေ၊ အရှုပ်အရှင်းဖြစ်ရတာတွေ နည်းပါးသွားနိုင် ပါတယ်။ ပြီးတော့အသေးစားနဲ့ အလတ်စား ချေးငွေရဖို့အတွက် လုပ်ဆောင်နို င်ကြမယ်။ တန်ကြေးမြင့်တဲ့ မြေကွက်တွေကို ဝယ်ယူဖို့ မတတ်နိုင်သူတွေအေ နနဲ့ ကိုယ်နိုင်တဲ့ ငွေပမာဏနဲ့ စိတ်ပိုင်းပြီးရောင်းတဲ့ မြေကွက်ငယ်တွေကို ဝယ်ကြလေ့ရှိပါတယ်။ ဒါကြောင့် ဒီမြေကွက်ငယ်တွေကို ဝယ်ဖို့ ရည်ရွယ် သူတွေအနေနဲ့ ဂရန်ဖောက် ခွင့်ပေးမယ်ဆိုတော့ အကောင်အထည်ဖော်တဲ့
အဆင့်အထိ ရောက်လာကြမယ်။ သက်ဆိုင်ရာလည်း အခွန်ရမယ်''ဟု မန္တေ လးမြို့ရှိ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ယခုလ ၁၄ ရက်တွင် ပြောသည်။
ဂရန်လျှောက်ထားရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်ပါလျက် ဝန်ထမ်း များက တမင်ကြန့်ကြာအောင်ဆောင်ရွက်ခြင်း၊ မသမာသော ငွေကြေးေ တာင်းခံခြင်းများရှိပါက မြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးဦး သို့မဟုတ် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ဌာနမှူးကို ဆက်သွယ် အ သိပေးနိုင်ကြောင်း၊ ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းမှာ မြို့ကွက်သစ်ဖော် ထုတ်ရေးအဖွဲ့က မြေကွက်များချထားပေးခဲ့ရာတွင် ၁၅ ပေ၊ ပေ ၄ဝ၊ ပေ ၂ဝ၊ ပေ ၃ဝ မြေကွက်များ ချထားပေးခဲ့ခြင်း၊ မြို့တွင်း၌ ဝယ်ယူနေထိုင်သူများ က မိမိတို့တတ်နိုင်သော ငွေကြေးဖြင့် မြေကွက်ငယ်များ ခွဲစိတ်ဝယ်ယူနေ ထိုင်ကြခြင်းတို့ကြောင့် အဆင်ပြေစေရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း လည်း စည်ပင်သာယာက အသိပေးထားသည်။
''ဒီနေ့ မနက်ပိုင်းမှာကို မြေကွက်လေးတွေကို အမေးအမြန်း တော်တော်လေး တက်လာတယ်။ စည်ပင်သာယာက ဒီလိုဖွင့်ပေးလိုက်တာကို ကျွန်တော် တို့ကတော့ ကြိုဆိုပါတယ်။ တချို့ ငွေကြေးအများကြီး မတတ်နိုင်သူတွေ ကျေ တာ့မြေကွက်ကျဉ်းလေးတွေကိုပဲ ဝယ်ကြရတာလေ။ မြေပိုင်ဆိုင်မှု အရှုပ်အ ရှင်းလည်း အထိုက်အလျောက် ကင်းသွားနိုင်ပါတယ်'' ဟု မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင် ဦးမောင်မောင်ဦးက ယခုလ ၁၄ ရက်တွင် ပြော သည်။
မန္တလေးမြို့ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ ကာလကြာ အေးစ က်နေကာ လတ်တလောတွင် ကျပ်သိန်း ၅ဝဝ နှင့် ကျပ်သိန်း ၁,ဝဝဝ ကြား တန်ကြေးရှိ မြေကွက်များကို မေးမြန်းမှုများကြောင်း ဈေးကွက်သတင်းများအရ သိရသည်။
Credit: Myanmar Time