နည်းဥပဒေထွက်ရှိရန်ကျန်ရှိနေသောကွန်ဒိုဥပဒေကိုစက်တင်ဘာလတွင်
ထုတ်ပြန်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။
လက်ရှိတွင် ကွန်ဒို ဥပဒေအတွက်လိုအပ်သည့် နည်းဥပဒေကို ရှေ့နေချုပ်ရုံးသို့ပို့ဆောင်ထားပြီဖြစ်ကာ ထိုမှ တဆင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြကာ နောက်ဆုံး အဆင့် နည်းဥပဒေကို ထုတ်ပြန်နိုင်မည်ဖြစ်သည်။
မူလက ယခု သြဂုတ်လနောက်ဆုံးပတ်တွင် ထုတ်ပြန်ရန် စီစဉ်ထားသော်လည်း ပြန်လည် ပြင်ဆင်မည့် အချက်များရှိနေသေးသောကြောင့် စက်တင်ဘာလမှသာ နည်းဥပဒေမှ ထွက်ရှိလာမည့် အနေအထားဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။
၆ထပ်နှင့် အထက်အခန်းများထဲမှ ၄၀ရာခိုင်နှုန်းကို နိုင်ငံခြားသားများအား ၀ယ်ယူခွင့်ပေးမည်ဆိုသည့် အချက်မှာ မူလအတိုင်း ပါဝင်လာမည်ဖြစ်ပြီး လုပ်ငန်းရှင် အများစု အတွက် ကွန်ဒို တိုက်ခန်းများ ရောင်းချနိုင်မည့်အခြေအနေဖြစ်သည်။
ထို့ကြောင့် ရန်ကုန်တွင် အခန်း အရေအတွက်များစွာရောင်ရန်ကျန်နေသော ထပ်မံပြီး တည်ဆောက်လျှက်ရှိသော ကွန်ဒို တိုက်ခန်း များအတွက် ယခု နည်းဥပဒေ ထွက်ပေါ်လာပါက ပိုမို အဆင်ပြေမည့် အခြေအနေဖြစ်သည်။
လက်ရှိရန်ကုန်တွင် ကွန်ဒိုတိုက်ခန်း ဈေးကွက်မှာ အေးစက်နေပြီး ၀ယ်ယူ နိုင်သည့် လူတန်းစားတစ်ခု ဘက်မှ ၀ယ်ယူနိုင်မှုမှာလည်း လျော့ကျသွားပြိဖြစ်သည်။
ထို့ကြောင့် ကွန်ဒို တိုက်ခန်း တည်ဆောက်သူများ အနေဖြင့် နိုင်ငံခြားမှလာမည့်သူများနှင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှပ်နှံသူနိုင်ငံခြားသားများကိုသာ ရောင်းချနိုင်ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက မျှော်လင့်လျှက်ရှိသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com