ယမန်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
ပြည်ထောင်စုရဲ့ အရအသုံးစာရင်း စစ်ဆေးချက် အစီရင်ခံစာနဲ့
စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့
လေ့လာတွေရှိချက်နဲ့ သဘေားထားမှတ်ချက်အစီရင်ခံစာကို
ပြည်ထောင်စုအဆင့်ဝင်များက ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
အဆိုပါဆွေးနွေးချက်များအနက် ပြန်ကြားရေးဝန်ကြီးဌာနပိုင်
ရေကူးအသံလွှင့်စက်ရုံပြောင်းရွှေ့မယ့် စီမံကိန်းလည်း ပါဝင်ခဲ့ပြီး
စီမံကိန်းအပေါ် လေ့လာတွေ့ရှိချက်တွေကို ပြည်ထောင်စုဝန်ကြီး
ဦးဖေမြင့်က ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရေကူးအသံလွှင့်စက်ရုံနေရာမှာ မြေဧက ၉၀ ခန့် ကျယ်ဝန်းတဲ့
အတွက် ရန်ကုန်မြို့မှာ အလွန်ရှားပါးတဲ့မြေနေရာ ဖြစ်တာကြောင့်
ထိန်းသိမ်းစောင့်ရှောက်သင့်ပြီး အသုံးပြုမယ်ဆိုပါက နိုင်ငံနဲ့
ပြည်သူ ရေရှည်အကျိုးရှိစေမယ့် စီမံကိန်းမျိုးဆောင်ရွက်သင့်
တယ်လို့ သုံးသပ်ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် က
ရှင်းလင်းပြောပါတယ်။
ရေကူးအသံလွှင့်စက်ရုံဝန်းကျင်မှာ လူနေထူထပ်
သိပ်သည်းလာခြင်းကြောင့် အသံလွှင့်စက်ရုံမှ ထုတ်လွှတ်တဲ့
Radio Frequency Radiation ကြောင့် အနီးမှ ပြည်သူ့များ
ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ အဆောက်အအုံတွေ ကြောင့်
ထုတ်လွှင့်မှု အတားအဆီးဖြစ်ခြင်း ယူဆချက်တွေကြောင့်
လွှတ်ကင်းကျယ်ပြန်တဲ့နေရာသို့ ပြောင်းရွှေ့ပြီး အဆိုပါနေရာကို
နိုင်ငံတကာအဆင့်မီ ရုပ်မြင်သံကြားလုပ်ငန်းများ၊
မီဒီယာသင်တန်းကျောင်းများ၊ အပန်းဖြေနေရာများ ပါဝင်တဲ့
မီဒီယာဇုန်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ဖို့
ရည်ရွယ်ခဲ့ပါတယ်။
အသံလွှင့်ရုံရွှေ့ပြောင်းတည်ဆောင်ရေးစီမံကိန်းအတွက်
တင်ဒါခေါ်ယူခဲ့ရာမှာ ကုမ္ပဏီ ၂ ခုသာ အဆိုပြုလွှာ တင်ပြခဲ့ပြီး
ယင်းကုမ္ပဏီတို့ရဲ့ အဆိုပြုလွှာတွေမှာ သတ်မှတ်ချက်တွေနဲ့
ကိုက်ညီမှုမရှိတဲ့အတွက် တင်ဒါ ခေါ်ယူမှုကို ရပ်ဆိုင်းခဲ့ပါတယ်။
အဆိုပါစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက
နိုင်ငံတော်ဘဏ္ဍာမှာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ ခေတ်မီ
အသံလွှင့် စက်ရုံ၊ အခြေခံအဆောက်အအုံများ ရရှိနိုင်ပြီး
မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်နိုင်မှာ
ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု
ဝန်ကြီး ဦးဖေမြင့်က ပြောပါတယ်။
Credit: SFJ Strategy First