ထူးခြားဆန်းပြားသည့်အဆောက်အအုံများတရုတ်တွင် အလွန်ခေတ်စားနေပြီး ယင်းသို့သောအဆောက်အအုံများထပ်ပေါ်မလာတော့စေရန် တရုတ်အစိုးရ
လုပ်ဆောင်နေပြီဖြစ်သည်။
တရုတ်နိုင်ငံသည်စီးပွားရေးအလွန်ကောင်းလာသည်နှင့်အမျှ အဆောက်အအုံတည်ဆောက်ရာတွင် ရိုးရိုးမဆောက်တော့ဘဲ
လူအများအာရုံကိုဆွဲဆောင်နိုင်စေရန် ထူးခြားဆန်းပြားသည့်ဒီဇိုင်းများကိုသာ ရွေးချယ်ဆောက်လုပ်လာကြသည်။
ဥပမာအားဖြင့်ရေနွေးအိုးသဏ္ဌာန်အဆောက်အအုံနှင့်ဘောင်းဘီသဏ္ဌာန်ဖြစ်နေသည့်အဆောက်အအုံတို့ဖြစ်သည်။အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာလမ်းညွှန်ချက်များကိုဗဟိုအစိုးရထုတ်ပြန်လိုက်အပြီးတွင်ပင်ယင်းတားမြစ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ထူးထူးဆန်းဆန်းပုံစံတည်ဆောက်ထားသည့်အဆောက်အအုံများတည်ဆောက်နေခြင်းကိုရပ်တန်းကရပ်ရန်တရုတ်သမ္မတရှီကျင့်ဖျင်ကယခင်ကတည်း
ကပြောကြားခဲ့ဖူးသည်။
ထို့ပြင်အနောက်နိုင်ငံများမှကမ္ဘာကျော်အဆောက်အအုံများကိုတရုတ်တွင်ပုံစံတူတည်ဆောက်နေခြင်းကိုလည်း၎င်းကပြစ်တင်ရှုတ်ချသွားခဲ့သေးသည်။အဆောက်အအုံများသည်အမှန်တကယ်အသုံးပြု၍ရကာစီးပွားရေးအရလည်း
အကျိုးအမြတ်ရှိပြီးအမြင်လည်းတင့်တယ်သင့်သည်ဟုတရုတ်အစိုးရ
အာဘော်သတင်းစာတွင်ရေးသားထားသည်။
ဆန်းပြားလှသည့်အဆောက်အအုံများသည်မြင်ရသူတို့အဖို့မျက်စိစပါးမွေးစူးနိုင်ရုံသာမကပြည်သူ့ဘဏ္ဍာကိုလည်းဖြုန်းတီးရာရောက်သည်ဟုအများကယူဆကြသည်။အကြောင်းမှာထိုအဆောက်အအုံများသည်အမှန်တကယ်သုံး၍လည်းမရ၊ထိန်းသိမ်းစရိတ်လည်းကြီးမားပြီးတည်ဆောက်အပြီးမကြာမီတွင်ပင်ဖြိုချပစ်ရသည်ချည်းသာဖြစ်နေ၍ပင်။သို့သော်မည်သို့သောအဆောက်အအုံများကိုထူးဆန်းသည်ဟုသတ်မှတ်သည်ဆိုသည်နှင့်ပတ်သက်၍အသေးစိတ် အချက်အလက်များကို အစိုးရကမထုတ်ပြန်ရသေးပေ။
Credit: Pyi Myanmar