အိမ်ဆိုတာ လူတိုင်းအတွက် အနားယူအပန်းဖြေဖို့ အကောင်းဆုံးနေရာ တစ် ခုလို့ ပြောလို့ရသလို တစ်နေ့လုံး အလုပ်ထဲမှာ ပင်ပန်းလာသမျှတွေကို အတိုး ချပြီး နားလို့ရတဲ့နေရာဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အဆောင်နေသူ မချစ် သက်ဝေအတွက်တော့ ဒါတွေဟာ သက်ဆိုင်မှုမရှိတဲ့ အတွေးသက်သက် သာ ဖြစ်နေမှာပါ။
အိမ်ပြန်မယ်ဆိုတာနဲ့ ပိတ်လှောင်နေတဲ့အခန်းရယ်၊ များပြားလွန်းတဲ့ လူတွေနဲ့ အထပ်ပေါင်းများစွာ တက်ရမယ့် လှေကားထစ်တွေကို မြင်ယောင်ကြည့်ရုံနဲ့ တင် မချစ်သက်ဝေ ဘယ်လိုမှ အပန်းမပြေနိုင်တော့ပါဘူး။
ကျန်းမာရေးနဲ့ လုံးဝမကိုက်ညီမှန်းသိပေမဲ့ နေစရာ တစ်နေရာအတွက် ပြ တင်းပေါက်မရှိ၊ လေဝင်လေထွက်လည်း မကောင်း၊ အပြင်မှာ မိုးရွာမှန်း နေ ပူမှန်းလည်း မသိရတဲ့ အခန်းထဲမှာ ၂၄ နာရီ မီးဖွင့်ပြီး နေခဲ့ရဖူးတဲ့ အချိန်တွေ ကို မမေ့ဘူးလို့ မချစ်သက်ဝေက ပြောပါတယ်။
''မီးပြတ်တဲ့အချိန် ရေပြတ်တဲ့အချိန်ဆို လုံးဝ ငရဲခန်းပဲ။ အဝတ်လည်း မလျှော် ရဘူး။ ရေချိုးတာတောင်မှ တစ်ခါတလေဆို ရေသန့်ဘူးမှာပြီး ချိုးရတယ်၊ ပိုက် ဆံပြတ်နေတဲ့ အချိန်ဆို ရေချိုးရဖို့ တောင် မလွယ်ဘူး''လို့ သူက ပြောပါတယ်။
မချစ်သက်ဝေဟာ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ အဆောင်မှာ ငှားရမ်းနေ ထိုင်နေတာဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ကနေ ရန်ကုန်မြို့ မှာ ကျောင်းလာတက်ရင်း အလုပ်လုပ်နေသူတစ်ဦးပါ။
ရန်ကုန်မြို့ပေါ်မှာ အဆောင်နေ လူတန်းစား တွေဟာ အဆောင်နေဖို့ ရွေး ချယ်တဲ့အခါ အလုပ်နဲ့ နီးဖို့ အဆောင်သန့်ဖို့၊ အခန်းအကျယ်အဝန်း အဆင်ြေ ပဖို့၊ ဈေးနှုန်းအဆင်ပြေဖို့ စတဲ့အချက်တွေကို စဉ်းစားကြရတာမို့ အဆောင် ရှာဖွေတဲ့အခါမှာ လွယ်လွယ်နဲ့တော့ အဆင်မပြေတတ်ကြပါဘူး။
''ရန်ကုန်မှာ အပေါဆုံးက အဆောင်ဆိုပေမဲ့ တကယ်နေဖို့ကျတော့ သင့်ေ တ်ာတဲ့နေရာက အရမ်း ရှားတယ်။ တွေ့ကရာအဆောင်လည်း မနေချင်ဘူး။ ပတ်ဝန်းကျင်သန့်ဖို့ကိုလည်း ဂရုစိုက်ရတယ်။ အလုပ်နဲ့လည်း နီးမှဖြစ်မယ်၊ နယ်ကနေ ရန်ကုန်ကို လာရင် အခက်ခဲဆုံးက အဆောင်ရှာတဲ့အလုပ်ပဲ''လို့
မချစ်သက်ဝေက ပြောပါတယ်။
တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ သုံးထပ်သားပြား တွေနဲ့ ခုတင်တစ်လုံးစာ အခန်းပြန်ကန့်ထားတဲ့ အဆောင်မျိုးတွေမှာဆို အခန်းတွေက ကျဉ်းပြီး ပူးကပ် လွန်းတာကြောင့် အမြဲတမ်း အောက်သိုးသိုး အနံ့တွေ ရနေတတ်တယ်လို့ သူ က ပြောပါတယ်။
''တချို့ အရမ်းကြီး စီးပွားရေးဆန်ဆန် ပိုက်ဆံတစ်ခုပဲကြည့်တဲ့ အဆောင်ေ တွဆိုရင် အခန်းဖွဲ့ထား တယ်ဆိုပေမဲ့ အပေါ်နဲ့ အောက် ခြေထောက်တောင် မလွတ်ဘူး။ ခုတင်တစ်လုံးစာပဲရှိတဲ့ အခန်းကို ငါးသောင်းလောက် ပေးရ တယ်''လို့ ဆိုပါတယ်။
အဆောင်နေသူတွေရဲ့ အဆင်ပြေခြင်း၊ မပြေခြင်း ဟာ အဆောင်ငှားစားတဲ့ သူတွေအပေါ် အများကြီး မူတည်နေပါတယ်။ တချို့အဆောင်မှူးတွေက အေ ဆာင်မှာ မနေကြတဲ့အတွက် တစ်ခုခုပျက်သွားတဲ့ အခါမျိုးမှာဖြစ်ဖြစ် ဖုန်း ဆက်ခေါ်ရင်တောင် လာမကြည့်တဲ့အခါ အဆောင်နေသူတွေအတွက် အ ရမ်း ဒုက္ခရောက်ကြရပါတယ်။
တချို့အဆောင်မှူးတွေက အတူနေပေမဲ့ ဆက်ဆံရေး အရမ်းဆိုးလွန်းတာေ ကြာင့် သည်းမခံနိုင်ဘဲ အဆောင်ပြောင်းကြတဲ့သူတွေ ရှိတယ်လို့ လသာမြို့ နယ်ထဲက အဆောင်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။ အဆောင်ပြောင်း ရတဲ့ အကြောင်း နောက်တစ်ခုကတော့ အဆောင်လခတွေ ဈေးကြီးမြင့် လာ တာပဲဖြစ်ပါတယ်။ အဆောင်စရိတ်ရယ်၊ လမ်းစရိတ်ရယ်၊ စားစရိတ်ရယ်ကို ဖယ်လိုက်ရင် လစာက ဘာမှမကျန်တော့ဘူးလို့ သူက ဆိုပါတယ်။
''တချို့ကျတော့လည်း ပိုက်ဆံသက်သာတဲ့နေရာမှာ နေရတော့ ကောင်း၏၊ မကောင်း၏ သိပ်မရွေးနိုင်ကြဘူး။ ရတဲ့လခနဲ့ အဆောင်စရိတ်နဲ့ လမ်းစရိတ်နဲ့ မကာမိတဲ့ လူတွေတောင်ရှိတယ်၊ စည်းကမ်းပေါ့ပျက်လွန်းတော့ ပစ္စည်းေ ပျာက်တာ တွေရော တခြားလူမှုရေး ပြဿနာတွေရော ကြုံရတာရှိတယ်''လို့ သူက ပြောပါတယ်။
အခန်းဖွဲ့ငှားတဲ့နေရာတွေက ဈေးကြီးတာမို့ တစ်လကို နှစ်သောင်း ခွဲေ လာက်နဲ့ ဖျာတစ်ချပ်စာ နေရာလေးမှာ hall တိုက် နေကြရတာတွေလည်း ရှိပါတယ်။ အခန်းမဟုတ်တော့ ပစ္စည်းပျောက်တာတွေလည်း ခဏခဏကြုံ ရပေမဲ့ ဘယ် သူ့ကိုမှ အပြစ်ပြောလို့မရတဲ့အတွက် ပြောင်းနိုင်ရင် အကောင်း ဆုံးပဲလို့ သူ က ပြောပါတယ်။
အတော်အတန်အဆင်ပြေတဲ့ အဆောင်ကို ရှာရတာက အရမ်းခက်ခဲပါတယ်။ နယ်က အခုမှ စလာတဲ့သူတွေအတွက်ဆိုရင်တော့ ကောက်ရိုးပုံမှာ အပ်ေ ပျာက်ရှာရသလို အရမ်းကြီးတဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။
တိုက်ခန်းတွေကျတော့လည်း ခြောက်လတစ်ကြိမ်စာချုပ်နဲ့ ခြောက်လစာပေးရတာမို့ အခြေခံလူတန်းစား တွေအတွက် အဆင်မပြေလှပါဘူး။ လုံလုံခြုံခြုံနဲ့ သီးသန့်နေချင်တဲ့အတွက် အဆောင်နေရာကနေ သူငယ်ချင်းတွေနဲ့ပေါင်းပြီး တိုက်ခန်းတစ်ခု ငှားနေလိုက်တယ်လို့ အဆောင် ခြောက်လခန့် နေထိုင်ဖူးပြီး လက်ရှိ ဗိုလ်တထောင်မြို့နယ်အတွင်း တိုက်ခန်းငှားနေထိုင်သူတစ်ဦး က ပြောပါတယ်။
''ခြောက်လတစ်ခါ လခပေးရတော့ နည်းနည်းတော့ အဆင်မပြေဖြစ်တာပေါ့'' လို့ သူက ပြောပါတယ်။''ဒါပေမဲ့ လူလည်း သန့်သွားတယ်။ စိတ်ကြိုက်နေလို့ ရတယ်။ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ဘူး''
အခုနှစ်ပိုင်းတွေမှာ တိုက်ခန်းငှားခ ဈေးကြီး တာရယ်၊ ရေဖိုးမီးဖိုးကအစ အေ ဆာင် ပြင်ဆင်စရိတ်တွေ ကြီးမြင့်လာတာကြောင့် အဆောင်စရိတ်တွေက ပိုပြီး ဈေးကြီးလာတယ်လို့ လသာမြို့နယ်က အဆောင်ငှားသူ မမေမြတ်နိုး က ပြောပါတယ်။
''အဆောင်ငှားတဲ့သူတွေဘက်ကလည်း အရင်းအနှီးကကြီးတော့ အနည်းဆုံး သုံးလေးသောင်းလောက်မှ မရရင် အဆင်မပြေဘူး''လို့ မမေမြတ်နိုးက ဆိုပါ တယ်။
လမ်းစရိတ်နဲ့ စားစရိတ်ကြီးလွန်းတဲ့ ရန်ကုန်မြို့ ပေါ်မှာ လုပ်ခလစာနည်းတဲ့ သူတွေအတွက် အဆောင်ခ ထပ်ကုန်ရတာဟာ အတော်ကိုကြီးမားတဲ့ြ ပဿနာတစ်ခုပါ။
အခုနှစ်ပိုင်းမှာ အဆောင်လခတွေဟာ တစ်ယောက်စာအတွက် အနိမ့်ဆုံး တစ်သောင်းခွဲကနေ အမြင့်ဆုံး ခြောက်သောင်းလောက်ထိ ရှိနေပါတယ်။ ဒါပေမဲ့ သီးသန့်နေချင်ပြီး တိုက်ခန်းငှားဖို့ထိ မတတ်နိုင်တဲ့ သူတွေက နှစ်ေ ယာက်ခန်းကို တစ်ယောက်တည်း သီးသန့်ပေးနေကြသူတွေလည်း ရှိပါတယ်။
အဆောင်ငှားနေသူ အများကတော့ ကျောင်းသူ တွေနဲ့ နယ်ကနေတစ် ဆင့် ပြောင်းရွှေ့လာကြတဲ့ ဝန်ထမ်းတွေနဲ့ ရွှေ့ပြောင်းအလုပ် သမားတွေဖြစ် ပြီး လက်ရှိနေတဲ့ အဆောင်က အဆင်မပြေလို့ ပြောင်းတဲ့သူတွေလည်း ရှိတယ်လို့ မမြတ်စုမွန်က ပြောပါတယ်။
''တချို့အဆောင်နေဖူးတဲ့သူတွေကတော့ Hall နဲ့နေရလည်း သူတို့ အဆင်ြေ ပနေတာပါပဲ၊ အခန်းနဲ့က ဈေးလည်းကွာတော့ သူတို့အတွက် ပိုအဆင်ပြေ တယ်လေ''လို့ ၄င်းက ပြောပါတယ်။
အဆောင်ငှားတဲ့သူတွေဘက်ကတော့ ကျောင်းသူ တွေထက် ရေရှည်နေထိုင်မယ့် ဝန်ထမ်းတွေကို ပိုလိုချင်ကြပါတယ်။ ကျောင်းသူတွေက ခဏနေပြီး ထွက်သွားကြတာမို့ လူထပ်ရှာရခက်လို့ပါ။ လူထပ်ရှာ ရတာကလည်း အေ ဆာင်ငှားစားသူ မမြတ်စုမွန်တို့ အတွက် စီးပွားရေးလုပ်ငန်းတစ်ခုလို ဖြစ်ေ နတာမို့ လူတစ်ယောက် လျော့သွားတာဟာ နစ်နာမှုပါပဲ။
''အဆောင်ငှားရတာလည်း တာဝန်ယူမှု တာဝန်ခံမှုကြီးတဲ့ လုပ်ငန်းတစ်ခုပဲ။ မတူတဲ့လူတွေကို စုထားတော့ ပြဿနာမဖြစ်အောင်လည်း ထိန်းရတယ်။ လူအမျိုးမျိုးရှိတော့ မှားပြီး လက်ခံလိုက်မိရင် နောက်ပိုင်းကို စကားများ ရန်ဖြစ်တာကအစ ပစ္စည်းခိုးတာ ပျောက်တာတွေဖြစ်လာရင် အဆောင်လည်း
နာမည်ပျက်တယ်''လို့ မမြတ်စုမွန်က သူ့ရဲ့ တစ်နှစ်တာ အဆောင်ငှား အတွေ့အကြုံကို ပြောပြပါတယ်။
အဆောင်ငှားရမ်းတဲ့လုပ်ငန်းဟာ ပိုက်ဆံများများနဲ့ ရင်းနှီးမြှုပ်နှံနိုင်ပြီး ကိုယ် တိုင်သေချာကြီးကြပ်နိုင်ရင် ရေရှည်မှာ လုပ်လို့ အတော်အတန် အဆင်ပြေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ တစ်ရက်ထက် တစ် ရက် ရွှေ့ပြောင်းလုပ်သားတွေ များပြားလာတာကလည်း တစ်ဖက်မှာလူနေ ထိုင်မှုကို ပိုမိုထူထပ်စေသလို တစ်ဖက်မှာလည်း အိမ်ရာလိုအပ်ချက်ေ တွ မြင့်မားလာစေတာဖြစ်တဲ့အတွက် အဆောင်ငှားစားကြသူတွေ အတွက်ေ တာ့ အလုပ်တစ်ခု ဖြစ်နေစေပါသေးတယ်။
Credit: Myanmar Time