၂ဝ၄ဝ ပြည့်နှစ်တွင် တိုးပွားလာမည့် လူဦးရေအတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် လူနေအိမ်နှင့်တိုက်ခန်း ၄ ဒသမ ၈ သန်း လိုအပ်မည်ဖြစ်ပြီး စီး ပွားရေးမြို့တော် ရန်ကုန်တစ်မြို့တည်းတွင်ပင် အိမ်နှင့် တိုက်ခန်း တစ် သန်းကျော် လိုအပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။
၁၉၈၃ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ နှစ်ပေါင်း ၃ဝ အတွင်း တိုးပွားခဲ့သော လူ ဦးရေ တိုးနှုန်းကို အခြေခံကာ ၂ဝ၄ဝ ပြည့်နှစ်တွင် တစ်နိုင်ငံ လုံးအတိုင်းအ တာဖြင့် အဆိုပါအိမ်ခန်းအရေ အတွက် လိုအပ်မည်ဖြစ်ကြောင်း ခန့်မှန်း တွက်ချက်ကာ ပြောကြားခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနွေမှူးက ဆိုသည်။
၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရနိုင်ငံတွင်းလူဦးရေသည် ၃၅ သန်းကျော် ရှိခဲ့သော် လည်း ၂ဝ၁၄ ခုနှစ်တွင် ၅၁ သန်းကျော်အထိ တိုးပွားလာခဲ့ပြီး အဆိုပါနှုန်းထား အတိုင်း ထပ်မံတိုးပွားပါက လာမည့် ၂ဝ၄ဝ ပြည့်နှစ်တွင် လူဦးရေ သန်း ၇ဝ ကျော် ရှိလာမည်ဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လက်ရှိရန်ကုန်မြို့တွင် အဆောက်အ အုံပေါင်း တစ်သန်းခွဲကျော် ရှိနေပြီး တိုးပွားလာမည့် လူဦးရေအတွက် နောက် ထပ်အိမ်ရာ အခန်းပေါင်း တစ်သန်းကျော် လိုအပ်မည်ဖြစ်ပြီး အဆိုပါအိမ်ရာ လိုအပ်ချက်၏ ၂ဝ ရာခိုင်နှုန်းခန့်ကိုမူ ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ၄င်းက ဆက်ြေ ပာသည်။
''တစ်နှစ်ကို အိမ်ခန်းပေါင်း ၈,ဝဝဝ လောက် အကောင်အထည်ဖော်ဖို့လည်း (မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက) ဆောင်ရွက်နေပါတယ်။ ကျန်တဲ့ အိမ်ခန်းအရေအတွက်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေနဲ့ ပုဂ္ဂလိကေ ဆာက်လုပ်ရေးလုပ်ငန်းရှင်တွေက ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်''ဟု ၄င်း က ပြောသည်။
Credit: Myanmar Time