ရန်ကုန်တိုင်းဒေသကြီးအတွက် အခွန်နှုန်းထားတွေကို အရင်နှစ်တွေက ထက် လျှော့ချထားတာကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ဦးမော့လာတာကို တွေ့ရတယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ် ။
‘အိမ်ခြံမြေဈေးနှုန်းမြင့်တာကို အခွန်ကောက်ခံခြင်းနဲ့ အပြည့်အဝ ထိန်း ချုပ်နိုင်မယ်လို့ မထင်ဘူး ၊ အခုကတော့ အိမ်ခြံမြေတွေရဲ့ ပြောင်း လဲလာ တဲ့ ဈေးနှုန်းနဲ့ ကိုက်ညီမှုရှိပြီး ထိန်းချုပ်မှုရအောင် ၊ နောက်ပြီး အခွန်ရဖို့အ တွက် သတ်မှတ်တာဖြစ်တယ် ၊ ဈေးကွက်မှာ စံနှုန်းကို စောင့်ကြည့်နေ တဲ့ သူတွေ ၊ အမှန်တကယ်နေဖို့ ဝယ်ယူလာသူတွေကို တွေ့ရတယ် ၊ ချက်ချင်းကြီး ဈေးကွက်ကတော့ ပြန်ကောင်းမလာသေးဘူး’ လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဒုဥက္ကဌ ဦးသန်းဦးက ပြောပါတယ် ။
အိမ်ခြံမြေ အရောင်းအဝယ်အတွက် တစ်ပေပတ်လည် စံနှုန်းထားတွေကို သတ်မှတ်ထားပြီး အရောင်းအဝယ်ပြုလုပ်တဲ့အခါ အဲသည် စံနှုန်းအတိုင်း ဝင်ငွေခွန်ကို ပေးဆောင်ရခြင်း ဖြစ်ပါတယ် ။ ဒါကြောင့် စံနှုန်းသတ်မှတ် ချက်တွေက ဝယ်သူတွေ ၊ ဝင်ငွေခွန် အမှန်ဆောင်သူတွေအတွက် လိုအပ် တယ်လို့ သိရပါတယ် ။
ဈေးကွက်အတွင်း အသုံးပြုနေတဲ့ အိမ်ခြံမြေ တစ်ပေပတ်လည် စံနှုန်းတွေ က ပြီးခဲ့တဲ့နှစ်နှစ်ကတည်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေဖြစ်ပြီး ပြင်ပေ ပါက်ဈေးနဲ့ နှိုင်းယှဉ်ရင် မြင့်တက်နေပါတယ် ။ အခုထုတ်ပြန်လိုက်တဲ့ နှုန်း ထားတွေကတော့ နှုန်းထားလျှော့ချပေးခဲ့တာကြောင့် အမည်ပေါက် ပြောင်း လိုသူတွေအတွက် အဆင်ပြေစေပါတယ် ။
ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်မှာ ကျပ်သိန်းထောင်ကျော် တန်ဖိုးရှိ အိမ်ခြံမြေအများစု ပြန်ပြီးအရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေအ ကျိုးဆောင်ဆီက သိရပါတယ် ။ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ရုံးခန်းဖွင့်လှစ်ဖို့ အဓိက အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ် ။
ရွှေဈေး ၊ ဒေါ်လာဈေး ၊ ကားဈေးတွေ တက်တဲ့အတွက် အိမ်ခြံမြေဘက်ကို ပိုစိတ်ဝင်စားလာကြတယ် ။ အရောင်းအဝယ်အဖြစ်များတာက ကျပ်သိန်း ၁၀,၀၀၀ အောက်တွေ ဖြစ်တယ် ။ ကျပ်သိန်း ၃၀၀၀ ကနေ သိန်း ၆၀၀၀ ၊ ၈၀၀၀ တန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေ အရောင်းအဝယ် ဖြစ်နေပါတယ် ။
‘မန္တလေးမှာဆိုရင် အရောင်းအဝယ်အဖြစ်များတဲ့ နေရာတွကတော့ ၇၈ လမ်း နဲ့ ၆၂ လမ်းကြား ၊ ၁၉ လမ်းနဲ့ မနော်ဟရီလမ်းဘက်တွေမှာ အရောင်းအဝယ်ြ ဖစ်ပါတယ်’ လို့ မန္တလေးအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ် ။
၂၀၁၆ ခုနှစ်ကတည်းက ကာလရှည်အရောင်းအဝယ်အေးနေတဲ့ အိမ်ခြံြေ မဈေးကွက်မှာ နှစ်သစ်မှ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ ကုမ္ပဏီတွေဖွင့်လှစ်ဖို့ လိုက်လံငှားရမ်း ဝယ်ယူမှုတွေ ပြုလုပ်နေကြောင်း အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ် ။ အရောင်းအဝယ်ကျဆင်းနေတဲ့ ဆောက်လုပ်ဆဲ အဆင့်မြင့်အိမ်ရာတွေလည်း ဈေးလျှော့ရောင်းချတာတွေ ၊ အရစ်ကျနဲ့ ရောင်း ချတာကြောင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ် ။ ယခုရက်ပိုင်း မှာ ထူးခြားမှုအဖြစ် နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ ပိုလှုပ်ရှားလာေ ကြာင်း သိရပါတယ် ။
အခုတလောမှာ မန္တလေးမှာ အချက်အချာကျတဲ့ မြေကွက်တွေထက် ကျပ် သိန်း ၁၀၀ အောက် တန်ဖိုးရှိမြေကွက်တွေ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ် ။ လက်ရှိ မြေဈေးနှုန်းတွေကတော့ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းနေတယ်လို့ သိရပါတယ် ။ ယခင်က သိန်း ၉၀၀ ရှိတဲ့မြေတွေ သိန်း ၆၀၀ အထိ ကျဆင်းလာခဲ့တယ်လို့ သိရပါတယ် ။
လတ်တလော အိမ်ခြံမြေအရောင်းအဝယ်အခြေအနေမှာ ဈေးကစားဖို့ ဝယ် ယူသူတွေထက် နေထိုင်မယ့်သူတွေ ဝယ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ် ။
အိမ်ခြံမြေဈေ၊းကွက်ဟာ မကြာခင်အချိန်မှာ ပုံမှန်အနေအထားနဲ့ အရောင်း အဝယ်ဖြစ်ဖို့ မျှော်လင့်နေကြပြီး ဈေးကွက်မှာလည်း မြန်မြန်ဆန်ဆန်နဲ့ အေ ရာင်းအဝယ်မဖြစ်ပေမဲ့ တည်တည်ငြိမ်ငြိမ်လေးနဲ့ အရောင်းအဝယ်ဖြစ်ေ နကြောင်း သိရပါတယ် ။
Credit: The Kumudra