ရက်ပ်အဆိုတော် အင်မီနမ် လွန်ခဲ့သည့် ၁၄ နှစ်က ဝယ်ယူခဲ့သော မီချီဂန် နေအိမ်ကြီးကို ၄၂ ရာခိုင်နှုန်း အရှုံးခံကာ အရောင်းဈေးကွက်တင်

ရက်ပ်အဆိုတော် အင်မီနမ် လွန်ခဲ့သည့် ၁၄ နှစ်က ဝယ်ယူခဲ့သော မီချီဂန် နေအိမ်ကြီးကို ၄၂ ရာခိုင်နှုန်း အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
16 Aug 2017 11:41 am တွင် တင်ခဲ့သည်
1953 ကြိမ် ကြည့်ရှု့ပြီး
ဟစ်ပ်ဟော့ဂီတ၏ ဘုရင်ဟု တင်စားကြသော ရက်ပါ အင်မီနမ်သည် အမေရိကန်ပြည်ထောင်စု၊ အုတ်က်လန်းမြို့ရှိ နေအိမ်ကြီးကို ရောင်းချနိုင်ရန်အတွက် ဝယ်လက်ရှာဖွေလျက်ရှိကြောင်း အမေရိကန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အကျယ်အဝန်း ၅ ဒသမ ၇ ဧကရှိ ခြံဝန်းကြီးကို ဝယ်ယူခဲ့စဉ်ကအောက် အလွန်နည်းပါးသောဈေးနှုန်းဖြစ်သည့် ကန်ဒေါ်လာ ၁ ဒသမ ၉၉၉ သန်းဖြင့်သာ ဈေးခေါ်ထားခြင်း ဖြစ်သည်။

အင်မီနမ်သည် အဆိုပါခြံဝန်းကြီးကို လွန်ခဲ့သော ၁၄ နှစ်၊ ၂၀၀၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၇၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုခေါ်ဈေးမှာ ၄၂ ရာခိုင်နှုန်းအထိ အရှုံးပေါ်နေသည်။

ယင်းသို့ အရှုံးပေါ်ရခြင်း၏ အကြောင်းရင်းမှာ ဒက်ထရွိုက်၏ အိမ်ခြံမြေဈေးနှုန်းများ ထိုးဆင်းနေခြင်းကြောင့်ဖြစ်ပြီး သူ၏နာမည်ကျော်ကြားမှု အရှိန်အဝါကလည်း ဈေးနှုန်းကို ဆွဲတင်ရန် မစွမ်းနိုင်ခဲ့ချေ။

၁၉၈၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး စတုရန်းပေ ၁၇၅၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်သည်။
ခြံဝန်းအတွင်း ရေကန်၊ ရေတံခွန်တစ်ခု၊ အားကစားလေ့ကျင့်ခန်းမ၊ ဧည့်ဂေဟာ၊ တင်းနစ်ကွင်း၊ ကား ၃ စင်းဆန့် ဂိုဒေါင်တစ်လုံးတို့ ပါဝင်သည်။

နှစ်ထပ်အိမ်ဖြစ်ပြီး ဖျော်ဖြေရေးခန်းမမှာ ၁၅၀၀ စတုရန်းပေ ကျယ်ဝန်းပြီး ဒက်ထရွိုက်မြို့၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိသည်။
အရောင်းဈေးကွက်တင်သည့် ကုမ္ပဏီမှာ Coldwell Banker Weir Manuel-Bir ဖြစ်သည်။

အင်မီနမ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၂၁၀ ခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ကမ္ဘာပေါ်တွင် ဆဌမမြောက်အချမ်းသာဆုံး ရက်ပါတစ်ဦးဖြစ်ကာ သူ၏ရှေ့တွင် Usher၊ 50 Cent နှင့် ကင်ညေးဝက်စ်တို့ ရှိကြသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အင်မီနမ်၏ တေးအယ်လ်ဘမ်အချပ်ရေပေါင်း ၁၇၂ သန်းရောင်းချထားရပြီဖြစ်ပြီး ကမ္ဘာ့အရောင်းရဆုံးအနုပညာရှင်များတွင် တစ်ဦးအပါအဝင်လည်း ဖြစ်ကာ ဟစ်ပ်ဟော့၏ဘုရင်ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရက်ပ်အဆိုတော် အင်မီနမ် လွန်ခဲ့သည့် ၁၄ နှစ်က ဝယ်ယူခဲ့သော မီချီဂန် နေအိမ်ကြီးကို ၄၂ ရာခိုင်နှုန်း အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရက်ပ်အဆိုတော် အင်မီနမ် လွန်ခဲ့သည့် ၁၄ နှစ်က ဝယ်ယူခဲ့သော မီချီဂန် နေအိမ်ကြီးကို ၄၂ ရာခိုင်နှုန်း အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရက်ပ်အဆိုတော် အင်မီနမ် လွန်ခဲ့သည့် ၁၄ နှစ်က ဝယ်ယူခဲ့သော မီချီဂန် နေအိမ်ကြီးကို ၄၂ ရာခိုင်နှုန်း အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရက်ပ်အဆိုတော် အင်မီနမ် လွန်ခဲ့သည့် ၁၄ နှစ်က ဝယ်ယူခဲ့သော မီချီဂန် နေအိမ်ကြီးကို ၄၂ ရာခိုင်နှုန်း အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရက်ပ်အဆိုတော် အင်မီနမ် လွန်ခဲ့သည့် ၁၄ နှစ်က ဝယ်ယူခဲ့သော မီချီဂန် နေအိမ်ကြီးကို ၄၂ ရာခိုင်နှုန်း အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရက်ပ်အဆိုတော် အင်မီနမ် လွန်ခဲ့သည့် ၁၄ နှစ်က ဝယ်ယူခဲ့သော မီချီဂန် နေအိမ်ကြီးကို ၄၂ ရာခိုင်နှုန်း အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

Infinity@111Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service