ဒေါ်လာ လွှဲပြောင်းနိုင်ရန် ငွေကြေးခ၀ါချမှုဆိုင်ရာ နည်းဥပဒေများ လိုအပ်နေဟု နိုင်ငံခြားရေး ဒု ၀န်ကြီး တင်ပြ

ဒေါ်လာ လွှဲပြောင်းနိုင်ရန် ငွေကြေးခ၀ါချမှုဆိုင်ရာ နည်းဥပဒေများ လိုအပ်နေဟု နိုင်ငံခြားရေး ဒု ၀န်ကြီး တင်ပြ - Property News in Myanmar from iMyanmarHouse.com
16 Aug 2017 10:55 am တွင် တင်ခဲ့သည်
1065 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံမှ ကမ္ဘာ့ နိုင်ငံ အသီးသီးသို့  ဒေါ်လာငွေ လွှဲပြောင်ြး ခင်း၊ နိုင်ငံကြီးများမှ မြန်မာနိုင်ငံသို့  ဒေါ်လာငွေ လွှဲပြောင်းပေးပို့ ခြင်း တို့ တွင် အခက်အခဲ မရှိစေရေးအတွက် သက်ဆိုင်ရာ နည်း ဥပဒေများ ၊ လုပ်ထုံး လုပ်နည်းများ လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က ယနေ့  ပြည်ထာင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။"အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အပေါ် ၂၀၀၄ ခုနှစ်က ချမှတ်ခဲ့တဲ့ USA Patriotic Act လို့ ခေါ်တဲ့ ဥပဒေက ဆက်လက်တည်ရှိနေဆဲပါ။ အဲဒီဥပဒေအရ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ နိုင်ငံများကို ဒေါ်လာဖြင့် ငွေလွှဲပြောင်းရာမှာ အခက် အခဲ အတားအဆီးများ ရှိနေဆဲပါ။ ဒီကန့် သတ်ချက်တွေ ပယ် ဖျက်နို င်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ သက်ဆိုင်ရာ ဥပဒေနဲ့  ပတ်သက်ြ ပီး လုပ်ထုံး လုပ်နည်း များ ထုတ်ပြန်ဖို့  လိုပါတယ်၊ နောက်ပြီး တရား မ၀င်ငွေလွှဲမှု ဟွန်ဒီလုပ်ငန်းများကို စည်းမျဉ်း စည်းကမ်း များနဲ့ အ ညီ ဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန် ဆောင်ရွက် ဖို့ လိုအပ်နေကြောင်း တွေ့ ရှိရပါတယ်" ဟု ၎င်းက ပြောခဲ့သည်။
ထိုကန့် သတ်ချက်များကြောင့် ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများ မှကောင်စစ်ဆိုင်ရာ ရငွေများ လွှဲပြောင်းပေးပို့ မှုတွင် အခက်အခဲများ ကြုံတွေ့ နေရဆဲဖြစ်ြ ပီး ပြည်ပရှိ မြန်မာနိုင်ငံသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ေ ကာင်စစ်ဝန်ရုံး ၄၄ ရုံးရှိသည့်အနက် ၁၀ ရုံးတို့ က ဘဏ္ဍာနှစ်အလိုက် အချိန်မီ ငွေ မလွှဲနိုင်သည်များ ရှိနေရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောခဲ့သည်။"၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်အတွင်းမှာ ကျပ် ၇၈ ဒသမ ၄၁၅ ဘီလျံ လွှဲပို့ နိုင်ခဲ့ပြီး လွှဲပို့ ရန် ကျန်ငွေက ကျပ် ၆၇ ဒသမ ၆၈ ဘီလျံ ဖြစ် ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်အတွင်းမှာ သံရုံး ဆယ်ရုံးဖြစ်တဲ့ ကင်ဘာ ရာ၊ ဘန်ကောက်၊ ကိုင်ရို၊ ပါရီ၊ မဲလ်ဒရိတ်၊ ၀ါရှင်တန်၊ အော်တ၀ါ၊ နယူးယောက်၊ လော့စ်အိန် ဂျလိစ် မြို့ နဲ့  ဘရာဇီးလီးယား မြို့ တို့မှအပ ကျန်တဲ့ သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကနေ ပုံမှန် လွှဲပြောင်း ပေးပို့  လျက်ရှိပါတယ်၊ လွှဲပြောင်းပေးပို့ လို့  မရတဲ့ တချို့  သံရုံးများမှာ ငွေ လုံးငွေရင်း အသုံးစရိတ်တွေ ကို ဒီကနေ ပေးပို့ ခြင်း မလုပ်ဘဲ လုပ်ထုံး လုပ်နည်းနဲ့ အညီ ကောင်စစ်ကောက်ခံ ရရှိငွေများမှ ခုနှိမ် သုံးစွဲခြင်း နည်းလမ်းကို လည်း ဆောင်ရွက်စေခဲ့ပါတယ်။ သံရုံး ၄၄ ရှိတဲ့အနက် ၁၀ ရုံးကလွဲပြီး ကျန်တဲ့ ရုံးတွေက ပုံမှန်လွှဲပို့  နေပါတယ်" ဟု ၎င်းက ရှင်းပြခဲ့သည်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် Sanction ရုပ် သိမ်းခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ ရုပ်သိမ်းခြင်းသည် သမ္မတ၏ အမိန့် အရ ရုပ်သိမ်းခြင်းသာ ဖြစ်ပြီး အမေရိကန် လွှတ်တော်က ဥပဒေ အဖြစ် တားမြစ်ထားသည့် အချက်အလက်များ ကျန်ရှိနေသေး သဖြင့် တချို့ သံရုံးများက ကောင်စစ် ဆိုင်ရာ ငွေများ လွှဲပြောင်းပေး ပို့ ဖို့  ခက်ခဲရခြင်း ဖြစ်ကြောင်း၊ ပြည်ပရှိ သံရုံး၊ အမြဲတမ်း ကိုယ်စား လှယ် အဖွဲံ့ ရုံး၊ ကောင်စစ်ဝန်ရုံးများသည် မိမိတို့  ကောင်စစ်ကောက်ခံ ရငွေများကို သီးခြားငွေစာရင်းများ ဖွင့်ပြီး စနစ်တကျ စာရင်း ရေး သွင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယ၀န်ကြီးက ရှင်းပြခဲ့ သည်။
"ဒါကြောင့် မြန်မာနိုင်ငံ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံး၊ ကောင်စစ်ဝန်ရုံးများကို မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ တစ်ဆင့် အသုံးစရိတ်များ လွှဲပို့ ရာမှာလည်း ဒေါ်လာနဲ့  လွှဲပို့ နိုင်ခြင်း မရှိသေးဘဲ ကြားခံ ဘဏ်မှတစ်ဆင့် ယူရိုငွေဖြင့် လွှဲပြောင်းပေး ပို့ လျက်ရှိပါတယ်။ ဒီလို ပေးပို့  ရတဲ့ အတွက် ဆုံးရှုံးမှုတွေဟာ ၀ ဒသမ ၃ ရာခိုင်နှုန်းလောက် ရှိတဲ့အပြင် အဆင့်ဆင့် လွှဲပို့ ရတဲ့ ဘဏ်ဝန်ဆောင်ခတွေကလည်း သာမန်ထက်ပိုပြီးပေးနေရပါတယ်" ဟုလည်း ၎င်းက တင်ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂၀)မှ ဒေါ်နော်လှလှ စိုး မေးမြန်းသည့်" ပြည်ပရှိ မြန်မာ သံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ် ရုံးများက ကောက်ခံရရှိသော ကောင်စစ်ဘက်ဆိုင်ရာ ရငွေတွေ ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကို လွှဲပို့ ရာမှာ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ကန့် သတ်မှု၊ ပိတ်ဆို့ မှုများကြောင့် အပြည့်အ၀ လွှဲပြောင်း ပေးပို့ နိုင်ခြင်း မရှိဘဲ သံရုံးများ၏ ယာယီငွေစာရင်းမှ ထိန်းသိမ်းထားခြင်းအတွက် တိုင်းပြည်ရဲ့ GDP နှင့် ၀င်ငွေများ လျော့ နည်းနေခြင်းနှင့် ပတ်သက်ပြီး ငွေမလွှဲ့ပြောင်းနိုင်သည့် အကြောင်း ရင်းကို အလေးထား စိစစ်ဆောင်ရွက်ပေးရန်"အကြံပြုချက်အပေါ် ၎င်းက ပြန်လည် ရှင်းလင်း တြေကြားရာတွင် လွှတ်တော်သို့ တင်ပြ ခဲ့ခြင်း ဖြစ်ပြီး ကိုယ်စားလှယ် အကြံပြုသည့်အတိုင်း ဆောင်ရွက်လျက် ရှိပါကြောင်းလည်း ပြောကြားခဲ့သည်။

Credit: Xinhua Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service