မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြေဂရန် ထုတ်ပေးမှုဖြေလျှော့သည့်အနေဖြင့် မြေကွက်ငယ်များ ခွဲစိတ်ဝယ်ယူနေထိုင်ခြင်း အဆင်ပြေစေရန် မြေဂရန်များ ထုတ်ပေးသွားမည်ဖြစ်သည်။
မန္တလေးမြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်း ဦးပိုင်ရှိ မြေကွက်များကို ဧရိယာစတုရန်းပေ ၁၂ဝဝ၊ မျက်နှာပွင့်ပေ ၂ဝ ရှိမှ ခွဲစိတ်ခွင့် ဂရန်လျှောက်ထားခြင်းကို သြဂုတ်လ ဒုတိယ ပတ်မှစတင်ပြီး ပယ်ဖျက်လိုက်သည်။
မြေပေါ်တွင် အခိုင် အမာအဆောက်အအုံဖြင့် နေထိုင်လျက်ရှိခြင်း၊ အနား လေးဖက်ခိုင်မာမှုရှိခြင်း၊ ဝင်လမ်း၊ ထွက်လမ်းကောင်းမွန် ခြင်း၊ ကျန်းမာရေးနှင့် မီးဘေးအန္တရာယ်များ ထိခိုက်မှုမရှိ ခြင်း စသည့်အချက်များနှင့်ကိုက်ညီပါက ဧရိယာစတုရန်း ပေ ၁၂ဝဝ အောက်မြေကွက်များကို ဦးပိုင်ခွဲစိတ်ခွင့်ကို မြေတည်နေရာမြို့နယ်၊ မြေအမျိုးအစားအလိုက် တစ်စတုရန်းပေလျှင် ကျပ် ၂ဝဝ မှ ၆ဝဝ သတ်မှတ်နှုန်းထားဖြင့် ပေးသွင်းစေပြီး မြေဂရန်ထုတ်ပေးမည်ဖြစ်သည်။
မြေဂရန်လျှောက်ထားသူများသည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာ စီမံခန့်ခွဲမှုဌာနသို့ တိုက်ရိုက်ဆက်သွယ်လျှောက်ထားရမည် ဖြစ်ပြီး အထောက်အထားအချက်အလက်များ ပြည့်စုံ မှန်ကန်ပါက လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။
မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့က ချမ်းမြ သာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ၁၅ ပေ x ပေ ၄ဝ၊ ပေ ၄ဝ x ပေ ၂ဝ၊ ပေ ၂ဝ x ပေ ၃ဝ၊ ပေ ၄ဝ x ပေ ၆ဝ မြေကွက်များ ချထားပေးခဲ့သည်။ ဝယ်ယူနေထိုင်သူများက မိမိတတ်နိုင်သည့်ငွေကြေးဖြင့် မြေကွက်ငယ်များ ခွဲစိတ်ဝယ်ယူနေထိုင်ကြရာ ခိုင်မာမှုရှိ စေရေးအတွက် ဖြေလျှော့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
Credit: The Mirror