တရုတ်ပြည်မကြီးကုမ္ပဏီများမှ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ယခု ၂၀၁၇
တစ်နှစ်တာလုံးအတွက် ၈၄ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန်းမှန်းရကြောင်း
ကမ္ဘာ့ထိပ်တန်းဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ မော်ဂန်စတန်လေက
ထုတ်ပြန်ခဲ့သည်။
ယခုနှစ်တွင် ပြည်မကြီးမှ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် နှစ်ကုန်၌ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတွင် အဆုံးသတ်သွားနိုင်ကြောင်း၊ လာမည့်နှစ်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်သာရှိပြီး ကျဆင်းသွားနိုင်ကြောင်း သိရသည်။
ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ယခုဇူလိုင်လအထိတွက်ချက်ရသမျှဖြင့်ပင် ၈၂ရာခိုင်နှုန်း ကျဆင်းနေနှင့်ပြီဖြစ်သည်။
ယင်းသို့ကျဆင်းမှုသည် ဘဏ္ဍာငွေရင်းစီးဆင်းမှုအား တရုတ်အစိုးရ၏ ဆက်လက်ထိန်းချုပ်ကိုင်တွယ်နေမှုကြောင့် ဖြစ်သည်ဟု ဆန်းစစ်လေ့လာသူများက သုံးသပ်ထားကြသည်။
မြေယာဝယ်ယူအဆောက်အအုံရောင်းချရေးကုမ္ပဏီ developer များသည်
ယခုအခါ ပြည်ပကိုငွေရင်းလွှဲပြောင်းရေးအတွက် ရုန်းကန်နေကြရပြီး
အာဏာပိုင်တွေကလည်း ပြည်ပကိုငွေကြေးစီးဆင်းမှုတွေကို တင်းကျပ်နေကြောင်း
မော်ဂန်စတန်လေက ဖော်ပြခဲ့သည်။
၂၀၁၆ ခုနှစ်တွင် တရုတ်၏ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (ODI) တွင်
ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည်။
၂၀၁၆ ခုနှစ်နှင့်မတူစွာ ယခုနှစ်သည် မူဝါဒပိုင်းတွင် သိသိသာသာပြောင်းလဲမှု
ရှိခဲ့ပြီး ပြည်ပလုပ်ငန်းခွဲများနှင့် အလားတူဘဏ္ဍာရေးယန္တရားများမှ တရုတ်ကုမ္ပဏီ
များက တရုတ်အာဏာပိုင်များက ငွေချေးယူမှုများအား နှိမ်နင်းခွင့်ကို
တရုတ်အာဏာပိုင်များအား ပေးနေသည်။
ယင်းအိမ်ခြံမြေ ODI ကျဆင်းမှုက တရုတ်ဘဏ္ဍာငွေရင်းစီးဝင်မှုများမှ အကျိုး
အမြတ်ရသည့် အမေရိကန်၊ ယူကေ၊ သြစတြေးလျနှင့် ဟောင်ကောင် တို့ကဲ့သို့
သော အဓိကဈေးကွက်များအား အထိနာစေမည်ဖြစ်သည်။
ထိုထိခိုက်စေမည့်ကာလတွင် မန်ဟက်တန်၊ လန်ဒန်အလယ်ပိုင်းနှင့် ဟောင်ကောင်
တို့က အာရုံစိုက်စရာဈေးကွက်များအဖြစ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း
မော်ဂန်စတန်လေက ဖော်ပြခဲ့သည်။
နယူးယောက်စီတီးမြို့၏ အထင်ကရမြို့ငယ် မန်ဟက်တန်တွင် ၂၀၁၆ က
ဖြစ်မြောက်ခဲ့သည့် အိမ်ခြံမြေအရောင်းအ၀ယ်စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို
တရုတ်ပြည်မကြီးဝယ်လက်များမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လန်ဒန်အလယ်ပိုင်းတွင်
လည်း ထိုနှစ်က ကုန်သွယ်ရေးအိမ်ခြံမြေအရောင်းအ၀ယ်စုစုပေါင်း၏ လေးပုံတစ်ပုံသည် တရုတ်ပြည်မကြီးမှ ဖြစ်သည်။
ဟောင်ကောင်တွင် ၂၀၁၂ ခုနှစ်ကတည်းက ရောင်းချခဲ့ရသည့် ရုံးခန်းစုစုပေါင်း၏ထက်ဝက်ကျော်ကိုလည်း တရုတ်ပြည်မကြီးကုမ္ပဏီများမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ယခုနှစ်အတွင်း ဟောင်ကောင်အစိုးရမှရောင်းချသည့် လူနေမြေကွက် ၈၀ရာခိုင်နှုန်းခန့်ကိုလည်း တရုတ်ပြည်မကြီးကုမ္ပဏီများမှပင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com