မြို့များကို မြို့ပြအင်္ဂါရပ်နှင့်အညီ ခေတ်မီစွာ စည်ပင်ဖွံ့ဖြိုးရေးအတွက်လက်ရှိ ကျင့်သုံးနေသည့် စည်ပင်သာယာ ဥပဒေများနှင့် မြေသိမ်း ဥပဒေများမှာေ ခတ်နှင့် ဆီလျော်မှု မရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ ISSUES And CHALLENGES တွင် ဖော်ပြချက်အရ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန် ခဲ့သည့် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေ (မူကြမ်း) တွင်ဖော်ပြထား ချက်အရ မြို့ ပြဖွံ့ဖြိုးရေးဆိုင်ရာ ISSUES And CHALLENGES ၁၁ ချက် ပါဝင်ကြောင်း သိရသည်။
မြို့ပြဖွဲ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုအတွက်
- ဘဏ္ဍာငွေကြေး အကန့်သတ်ချက်များ ရှိခြင်း၊
- သဘာဝဘေးအန္တရာယ်များ (ရေကြီးခြင်း၊ ငလျင်အန္တရာယ်၊ မီးဘေး စသည် တို့) ကျရောက်ခြင်းတို့အတွက် ကြိုတင်ကာကွယ် တားဆီးနိုင်မည့် အစီအ မံများ လိုအပ် ခြင်း၊
- မြို့ပြမြေယာကဏ္ဍ၊
- မြေတန်ဖိုးမြင့်မားခြင်း၊
- မြေအသုံးပြုမှု စနစ်နှင့်
- မြို့ပြအသုံးပြုမှုစနစ် နှင့် မြို့ပြမြေ စီမံခန့်ခွဲမှုချို့ယွင်း အားနည်းခြင်း၊
- မြို့ပြစီမံခန့်ခွဲမှုစနစ် ချို့ယွင်းအားနည်းခြင်းတို့လည်း ပါဝင်ကြောင်း သိရ သည်။
ယင်းအပြင်
- မြို့ပြများ ပရမ်းပတာကြီးထွားလာခြင်း၊
- မြို့တစ်နံ တစ်လျားရှည်လျားစွာ အထိန်းအကွပ်မရှိ တိုးချဲ့လာခြင်း၊
- မလိုအပ်ဘဲ မြို့ကွက်သစ်တိုးချဲ့ခြင်းတို့ကြောင့် အရင်းအမြစ်များ ဆုံးရှုံးခြ င်းနှင့်
- နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် တင်ပေးနိုင်မည့် နည်းဗျူဟာ ကျပြီး ရှင်းလင်းတိကျသည့် အမျိုးသားအဆင့် မြို့ပြဖွံ့ဖြိုး ရေး မူဝါဒများနှင့်
- မြို့ပြစီမံကိန်းအစီအမံများ ချမှတ်ရန် လိုအပ်ခြင်းများ ရှိကြောင်း ဖော်ပြခဲ့ သည်။
မြို့ပြစီမံကိန်းကဏ္ဍတွင် ကျွမ်းကျင်သူ ပညာရှင် အလွန်နည်းပါးခြင်းနှင့် ဖွဲ့စ ည်းမှုစနစ် အားနည်းခြင်းလည်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် မြို့ပြများ၊ မြို့ကြီး များနှင့် မြို့တော်တွင် လွယ်ကူ ချောမွေ့အဆင်ပြေသည့် မြို့ပြ သယ်ယူပို့ေ ဆာင်ရေးစနစ် မရှိခြင်းတို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို ရေး ဆွဲလျက် ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လျာထားသောမြို့ ၂၃ မြို့ ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မြို့ပြစီမံကိန်းရေးဆွဲမည့် မြို့များမှာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းေ ဒသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့ရှိမြို့များဖြစ်ကြောင်း သိရသည်။
မြို့ပြစီမံကိန်း ရေးဆွဲရန် လျာထားမှုမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အထိဖြစ် ပြီး
- ၂၀၁၈- ၂၀၁၉ ဘဏ္ဍာ နှစ်တွင် ၁၇ မြို့၊
- ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ၂၂ မြို့၊
- ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၂ မြို့ရှိကြောင်း သိရသည်။
Credit: Eleven Media Group