သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အနေနဲ့ စတာလင်ပေါင်
ငွေကြေးတန်ဖိုးဟာ ယူရိုငွေကြေးအောက် တန်ဖိုးလျော့ကျသွား
လိမ့်မယ်ဆိုပြီး အမေရိကန် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ
Morgan Stanley က ထုတ်ပြန်ခန့်မှန်းလိုက်ပါတယ်။
လာမယ့်နှစ်ထဲမှာ ဥရောပတိုက် စီးပွားရေးအလားအလာကောင်းမွန်
တိုးတက်လာနိုင်ပေမယ့် ဗြိတိန်အလားအလာ ပိုမိုဆိုးရွားသွားနိုင်မယ့်
အခြေအနေတွေ ရှိနေချိန်မှာပဲ လာမယ့်နှစ်အစောပိုင်းလောက်မှာတော့
စတာလင်ပေါင်ငွေကြေးတန်ဖိုးဟာ ယူရိုအောက် လျော့ကျသွားနိုင်
တယ်ဆိုပြီး အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်က အကဲဖြတ်
သုတေသီတွေက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လ Brexit မဲခွဲမှုပြီးကတည်းက တန်ဖိုးအများအပြား
ဆုံးရှုံးထားပြီးဖြစ်တဲ့ ဗြိတိန်စတာလင်ပေါင် တန်ဖိုးဟာတော့
နောက်ထပ်လည်း ထပ်မံလျော့ကျသွားဖို့ ရှိနေတယ်လို့ ယင်းဘဏ်က
ခန့်မှန်းပါတယ်။
လက်ရှိကာလမှာ အီးယူနဲ့ ခွာပြဲမယ့် ဆွေးနွေးမှုတွေမှာ တိုးတက်မှု
အရိပ်အယောင် အနည်းငယ်ပဲ ပြသထားနိုင်တာနဲ့အလျောက် ဗြိတိန်
တို့ရဲ့ စီးပွားရေးအလားအလာအားနည်းမှု၊ နိုင်ငံရေးရာ မသေချာမှု
တို့ကြောင့်တော့ ယင်းနိုင်ငံသုံးငွေကြေးအပေါ် သွားရောက်သက်
ရောက်စေလိမ့်မယ်ဆိုပြီး Morgan Stanley က ခန့်မှန်း
ထုတ်ပြန်ပါတယ်။
အလားတူ အဆိုပါ စတာလင်ပေါင်တန်ဖိုးဟာ လာမယ့်နှစ်အစောပိုင်း
လောက်မှာ တစ်ပေါင်ကို ၁ ဒသမ ၂၅ ဒေါ်လာထိ ရောက်သွားနိုင်
တယ်လို့လည်း အဆိုပါ အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်က
ခန့်မှန်းထားပါသေးတယ်။
Credit: SFJ Strategy First