Elon Musk ပြောစကားအတိုင်းကြိုးစားခဲ့ကြတဲ့ ညီအကိုနှစ်ဦး ကမ္ဘာ့နာရီထုတ်လုပ်ငန်းကို ဘယ်လိုလှုပ်ခါစေခဲ့သလဲ?

Elon Musk ပြောစကားအတိုင်းကြိုးစားခဲ့ကြတဲ့ ညီအကိုနှစ်ဦး ကမ္ဘာ့နာရီထုတ်လုပ်ငန်းကို ဘယ်လိုလှုပ်ခါစေခဲ့သလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
15 Aug 2017 12:05 pm တွင် တင်ခဲ့သည်
1488 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

Matas Jakutis နဲ့ Danielius တို့ ညီအကိုနှစ်ယောက်ဟာ Kickstarter ကနေ လုပ်ငန်းလုပ်ဖို့ investor ရှာခဲ့ပြီးတော့ ယူရို ၉၂၆,၉၆၀
စုဆောင်းနိုင်ခဲ့ကြပြီး ကမ္ဘာ့နာရီထုတ်လုပ်ငန်းတွင်းမှာ မတည်ငွေ
အများဆုံး စုဆောင်းရရှိနိုင်တဲ့ စီမံကိန်းကို လုပ်ဆောင်နိုင်ခဲ့ကြသူတွေ
ဖြစ်ကြပါတယ်။

ဒီညီအကိုနှစ်ဦးကတော့ တန်ဖိုးသင့် အကောင်းစား နာရီအမှတ်တံဆိပ် Filippo Loreti ရဲ့ နောက်ကွက်က ဦးဆောင်သူတွေ ဖြစ်ကြပါတယ်။
မျက်မှောက်ခေတ် နည်းပညာတိုးတက်မှု၊ အင်တာနက် စွမ်းအားကို
ရယူပြီး ၎င်းညီအကိုနှစ်ဦးဟာ နာရီလုပ်ငန်းကို ပြောင်းလဲလုပ်
ဆောင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာ ၂၀၁၄ ခုနှစ်လောက်က သူတို့ ကုမ္ပဏီကို စတင်ထူ
ထောင်ခဲ့ကြပြီး ၀ယ်သူအများစု လက်လှမ်းမီနိုင်ပြီး အကောင်းစားလို့
သတ်မှတ်နိုင်မယ့် နာရီတွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားခဲ့ကြသူ
တွေဖြစ်ပါတယ်။

" ကျွန်တော်တို့ ရည်ရွယ်ချက်က ခုချိန်မှာ တန်ဖိုးကြီး အမှတ်တံဆိပ်
တွေအပေါ်မှာရော ဈေးတွေ မတန်မဆ ဖောင်းပွနေတဲ့အပေါ်မှာ ရော
စိတ်ပျက်ငြီးငွေ့နေကြသူတွေအတွက် တန်ဖိုးလည်း သိပ်မကြီးဘဲ
အရည်အသွေးမြင့် ပစ္စည်းတွေကို ရောင်းချပေးချင်တာဖြစ်ပါတယ်"
လို့ Matas က ရှင်းပြပါတယ်။

ဒါပေမဲ့ စလုပ်ချိန်တုန်းက အသက် ၂၀ အရွယ်သာ ရှိသေးပြီး လုပ်ငန်း
အတွေ့အကြုံဘာမှမရှိသေးတဲ့ သူတို့အတွက်ကတော့ ဒီနာရီလုပ်ငန်း
ကို ဘယ်လိုအင်အားနဲ့ ၀င်မွှေခဲ့ကြတာလဲ?

အဖြေကတော့ ငရဲတစ်မျှ အလုပ်လုပ်ကိုင်ခြင်းပဲဖြစ်ပါတယ်။ နာမည်
ကျော် နည်းပညာလုပ်ငန်းရှင် သူဌေးကြီး Elon Musk ပြောခဲ့တာ
ရှိပါတယ်။ " ငရဲကျသလို အလုပ်လုပ်ပါ၊ ခင်ဗျားအနေနဲ့ တစ်ပတ်မှာ
နာရီ ၈၀ ကနေ ၁၀၀ ထိ လုပ်ပါ၊ ဒါဟာ အောင်မြင်မှုရဲ့ လမ်းစပါပဲ၊
တစ်ခြားသူတွေ တစ်ပတ် နာရီ ၄၀ ပဲ အလုပ်လုပ်ရင် ခင်ဗျားက နာရီ
၁၀၀ လောက်လုပ်ပါ၊ အဲဒီလို ဆို ခင်ဗျား ပိုအောင်မြင်ပါလိမ့်မယ်" လို့
ပြောခဲ့ဖူးတာဖြစ်ပါတယ်။

Matas Jakutis နဲ့ Danielius တို့ဟာလည်း Elon Musk ရဲ့ အဆိုပါ
အကြံစကားအတိုင်း လိုက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ " ကျွန်တော်တို့
အရမ်းငယ်သေးတယ်လေ၊ အဲဒီတော့ သုတေသန၊ ဖွံ့ဖြိုးမှု၊ ထုတ်ကုန်
အရည်အသွေးထိန်းသိမ်းမှု ကစလို့ ကျွန်တော်တို့ စိတ်နှစ်ကိုယ်နှစ်
လုပ်နိုင်ခဲ့ကြတယ်" လို့ Matas က ပြောပါတယ်။

ဒါကြောင့်လည်း သူတို့ရဲ့ Filippo Loreti ကို တစ်ခြားနာရီတွေနဲ့
ကွဲပြားသွားစေတဲ့အချက်ကတော့ ဒီဇိုင်း၊ အရည်အသွေးနဲ့ ဈေးနှုန်း
အချိုးအစားတို့ပဲဖြစ်ပါတယ်။

" ခင်ဗျား ဆိုင်မှာ နာရီတစ်လုံး သွားဝယ်ရင် အဲဒီနာရီတွေက တကယ်
ကျသင့်တဲ့ ငွေထက် ၁၀ ဆ ပိုပြီး ဈေးတင်ထားမှာပါ၊ ဆိုလိုတာ
က ဒေါ်လာ ၁၀၀ ပဲ ကျတဲ့ နာရီတစ်လုံးဟာ ဒေါ်လာ ၁၀၀၀ ဈေး
တင်ရောင်းနေမှာဖြစ်ပါတယ်၊ ဒါကြောင့် ဒီလို အခြေအနေကို
ကျွန်တော်တို့ နားလည်သွားခဲ့တာကြောင့် ကျွန်တော်တို့လုပ်တဲ့
လုပ်ငန်းကျတော့ အပြည့်အ၀ ထိန်းချုပ်လုပ်ဆောင်နိုင်တယ်လေ၊
အရည်အသွေးမြင့် နာရီတွေထုတ်နိုင်ဖို့ တကယ့်ပစ္စည်းအစစ်အမှန်
တွေကိုပဲ သုံးခဲ့တယ်၊ နောက်ပြီး တကယ်ဝယ်မယ့် ဖောက်သည်တွေ
ကိုပဲ ကျွန်တော်တို့ တိုက်ရိုက်ရောင်းတယ်၊ အဲဒီတော့ ကျွန်တော်တို
ဒေါ်လာ ၂၅၀ လောက်နဲ့ နာရီကောင်းကောင်း ရောင်းနိုင်တာပေါ့၊
ဒါပေမဲ့ကျွန်တော်တို့ရဲ့ အဲဒီ ဒေါ်လာ ၂၅၀ တန် နာရီက ခင်ဗျားတို့
အရင်တုန်းက ဒေါ်လာ ၁၀၀၀ ပေးဝယ်နေရတဲ့ နာရီတွေနဲ့
အရည်အသွေးချင်းအတူတူပါပဲ" လို့ Matas က ဆိုပါတယ်။

Credit: SFJ Strategy First
Elon Musk ပြောစကားအတိုင်းကြိုးစားခဲ့ကြတဲ့ ညီအကိုနှစ်ဦး ကမ္ဘာ့နာရီထုတ်လုပ်ငန်းကို ဘယ်လိုလှုပ်ခါစေခဲ့သလဲ? - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service