မြန်မာ-စင်ကာပူနှစ်နှိင်ငံရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး
သဘောတူစာချုပ်(Bilateral Investment Agreement) ကိုလာမယ့်၂၀၁၈ ခုနှစ်မှာ ချုပ်ဆိုနိုင်မယ်လို့ မြန်မာနိင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။
သည်လ ဒုတိယ အပတ်က မြန်နာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ သတင်စာရှင်းလင်းပွဲမှာ ပြောတာပါ။
စင်ကာပူ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ် (Bilateral Investment Agreement) ချုပ်ဆိုနိုင်ဖို့ စီစဉ်ထားပါတယ်။
ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်(Bilateral Investment Agreement) ဆိုတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို သိမ်းယူတာနဲ့ ရပ်တန့်စေခိုင်းမှုတွေမှာ နှစ်ဖက်နိုင်ငံသားတွေမနစ်နာစေဖို့နဲ့ စိတ်ချလက်ချ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ချုပ်ဆိုတဲ့ စာချုပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ် (Bilateral Investment Agreement) တွေကို တရုတ်၊ အိန္ဒိယ ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင် ၊ ကူဝိတ် ၊ အစ္စရေး၊ ဂျပန် ၊ တောင်ကိုရီးယာနဲ့ အင်ဒိုနီးရှာ စတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံနဲ့ ချုပ်ဆိုထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်တွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ စဉ်ဆက်မပျက် ဖွံ့ဖြိုးရေးရင်းနှီးမြှုပ်နှံမှု ၊ နိုင်ငံချင်းအငြင်းပွားမှုဖြစ်ရင် ဘယ်လိုဆောင်ရွက်မလဲ စတာတွေအပြင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံသူတွေ အငြင်းပွားမှု ဖြစ်ရင် ဘယ်လိုဆောင်ရွက်မလဲနဲ့ အထွေထွေ ကဏ္ဍဆိုပြီး စုစုပေါင်းကဏ္ဍခုနှစ်ခုခန့် ပါဝင်တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ် (Bilateral Investement Agreement )မှာ ပါတဲ့ အချက်တွေကို အစိုးရက လေးစာလိုက်နာဖို့ အဓိကလိုအပ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုခုံရုံးကနေ တရားဆွဲတဲ့ အမှုတွေမှာ ၈၀ ရာခိုင်နှုန်းခန့် အစိုးရက နိုင်ပြီး ကုမ္ပဏီတွေက ၂၀ ရာခိုင်နှုန်း နိုင်တယ်လို့ သိရပါတယ်။
Credit: The Kumudra