ယခု ဩဂုတ်လအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၅ ခုကို ခွင့်ပြုခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် လုပ်ငန်းတစ်ခုနှင့် စက်မှုဥယျာဉ်
တည်ဆောက်ရေး လုပ်ငန်းတစ်ခု ပါဝင်လာခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သည် ဩဂုတ်လ ၇ ရက်က နိုင် ငံခြားလုပ်ငန်း ၁၉ ခုကို ကန်ဒေါ်လာ ၁၈၄ ဒသမ ၂၇၂ သန်း ရှိ ရင်းနှီးမြှုပ်နှံ မှု ခွင့်ပြုခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံသား လုပ်ငန်းခြောက်ခုကို ကျပ်ငွေ ၄၀၉ ဒသမ ၃၄၈ သန်း ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့ကြောင်း ဩဂုတ်လ ၇ ရက်က ကော်မရှင်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
ထိုသို့ခွင့်ပြုခဲ့ရာတွင် နိုင်ငံခြားဖက်စပ် လုပ်ငန်းတစ်ခုဖြစ်သည့် လျှပ်စစ် ဓာတ်အားပေး လုပ်ငန်းတစ်ခုက ကန်ဒေါ်လာသန်း ၁၁၀ ခန့် ၀င်ရောက်ြ မှုပ်နှံလုပ်ကိုင်မည် ဖြစ်သည်။
"လျှပ်စစ်ဓာတ်အားပေးစက်ရုံက အရင်တုန်းက မြန်မာနိုင်ငံသားလုပ်ငန်းရှင် လုပ်ကိုင်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကို အခုနိုင်ငံ ခြားနဲ့ ဖက်စပ်လုပ်ကိုင် လိုက်တဲ့ အတွက် နိုင်ငံခြားဖက်စပ်လုပ်ငန်းအဖြစ် ပြောင်း လဲလုပ်ကိုင် လိုက်တာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား 230 KV ထုတ်လုပ်နေတဲ့ ဂက်စ် အသုံးပြု လျှပ်စစ်ထုတ်လုပ်မှုဖြစ်ပါတယ်"ဟု ဦးအောင်နိုင်ဦး က ပြောသည်။
ထို့အတူ မြန်မာနိုင်ငံသား လုပ်ငန်းဖြစ်သည့် ဟံသာဝတီဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီလီမီတက် (Hantharwady Development Public Co., Ltd)ကို လည်း ပဲခူးမြို့နယ်၊ သာယာကုန်းကျေးရွာရှိ မြေဧက ၂,၄၀၀ ပေါ် တွင် လုပ်ကိုင်မည့် စက်မှုဥယျာဉ်ဖော်ထုတ်ခြင်းလုပ်ငန်းကို ခွင့်ပြုခဲ့သည်။
၎င်းကုမ္ပဏီက ဆောင်ရွက်မည့် ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်အတွင်း မြေဧက ၂၆၆ ဧကတွင် ဆောင်ရွက်မည့် ဟံသာဝတီအဆင့်မြှင့် အိမ်ရာဖော်ထုတ်ခြင်း လုပ်ငန်းများကိုလည်း ခွင့်ပြုခဲ့သည်။
"အိမ်ရာဖော်ထုတ်မှု စီမံကိန်းကတော့ ကျပ် ၂၇ ဒသမ ၈၃၆ ဘီလျံရှိပြီး စက်မှုဥယျာဉ် စီမံကိန်းကတော့ ကျပ်သန်း ၂၂၁ ဒသမ ၅၄၅ ဘီလျံ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်သည် ရင်းနှီး မြှုပ်နှံမှုအားကောင်းသည့် နှစ်အဖြစ် ရှိနေပြီး ဧပြီ ၁ ရက်မှ ဩဂုတ်လ ၇ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၂ ခုမှ ကန် ဒေါ်လာ ၂ ဒသမ ၉ ဘီလျံနှင့် မြန်မာနိုင်ငံ သားလုပ်ငန်း ၄၀ မှ ကျပ်ငွေ ၁,၂၄၈ ဒသမ ၅၂၈ ဘီလျံ ၀င်ရောက်ထားခြင်းဖြစ်သည်။
ယခင်လုပ်ငန်းဟောင်းများက ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့်မှုများအရ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ ၃ ဒသမ ၄၈၇ သန်းရှိလာပြီး စုစုပေါင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည်
ကန် ဒေါ်လာ ၁,၂၇၄ ဒသမ ၆၃ ဘီလျံ ရှိလာ နေသည်။
ထို့အတူ သီလ၀ါ အထူးစီးပွားရေးဇုန်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၈၉ သန်းကျော် ထပ်မံဝင်ရောက်ထားသည်။
Credit: Myanmar Time