သာကေတတံတားသစ် တည်ဆောက်ပြီးစီးပါက တံတားဟောင်းအား ဖျက်သိမ်းမည်

သာကေတတံတားသစ် တည်ဆောက်ပြီးစီးပါက တံတားဟောင်းအား ဖျက်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
15 Aug 2017 10:18 am တွင် တင်ခဲ့သည်
1655 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ဒေါပုံမြို့နယ်နှင့်မင်္ဂလာတောင်ညွန့်မြို့နယ် တို့ကို
ဆက်သွယ်ဆောင်ရွက်ပေးမည့် ပုဇွန်တောင် ချောင်းဖြတ် သာကေတတံတားသစ်ပြီးစီးပါက လက်ရှိ အသုံးပြုနေသည့် တံတားဟောင်းအား ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် သာကေတတံတား သစ်ကို ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဧပြီမှစတင်ကာ တည် ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရပြီး လက်ရှိတွင် ၆၄ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကာ လာမည့် ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးရန်လျာထားကြောင်း တံတားဦးစီး ဌာနမှ သိရသည်။

အဆိုပါတံတားသစ်ပြီးစီးသွားပါက ယခင် တံတားဟောင်း ဖျက်သိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင် ရဲမြင့်က ပြောသည်။

တံတားသစ်ပြီးစီးလို့ အသုံးပြုနိုင်တာနဲ့ တံတားအဟောင်း ဖျက်သိမ်းတဲ့လုပ်ငန်းကို သီးသန့်ဆောင်ရွက်သွားမှာပါ။ အခု တံတားဟောင်းကတော့ ဖျက်သိမ်းဖို့ လိုအပ်တဲ့အတွက် ဖျက်သိမ်း သွားမှာပါ။ ဒီတံတားသစ်ကနေ ကားလမ်းကူးတံတားရယ်၊ ရထား လမ်းကူးတံတားရယ်ကို ဆက်လက်ဆက်သွယ်ပြီးတော့ မင်္ဂလာဈေး ဘက်ကို သွားနိုင်မှာဖြစ်ပါတယ်'' ၄င်းကပြောသည်။

သာကေတ တံတားဟောင်းသည် ၁၉၆၇ ခုနှစ်က စတင် ဖွင့်လှစ်အသုံးပြုခဲ့ရာ နှစ် ၅ဝ သက်တမ်းရှိလာပြီဖြစ်သည့်အတွက် ခံနိုင်ရည်ကျဆင်းလာသောကြောင့် ဂျပန်နိုင်ငံအစိုးရ၏ Grand Aid အကူအညီဖြင့် ၂ဝ၁၅ ခုနှစ် ဧပြီမှ စတင်ကာ တံတားသစ်တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

အဆိုပါ တံတားတည်ဆောက်မှု ခန့်မှန်းကုန်ကျစရိတ်မှာ ဂျပန်ယန်း သန်း ၃၃၆ဝ ခန့်ဖြစ်ပြီး တံတားသစ်တွင် ယာဉ်ခံနိုင်ဝန်အား ၄၅ တန်မှ တန် ၆ဝ အထိ ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ သာကေတ တံတားဟောင်း၏ ယာဉ်သွားလာ ဖြတ်သန်းမှုမှာ ၂ဝ၁၃ ခုနှစ်က ကောက်ယူခဲ့သော စစ်တမ်းများအရ တစ်ရက်လျှင် ယာဉ်အစီးရေ နှစ်သောင်းခန့် ဖြတ်သန်းနေရာမှ ၂ဝ၂၁ ခုနှစ်တွင် ယာဉ်အစီးရေ ငါးသောင်းကျော်အထိ ရှိလာနိုင်ပြီး လက်ရှိတွင်လည်း ယာဉ်သွားလာမှုတွင် ကျပ်တည်းမှုများရှိနေခြင်း၊ တံတားဟောင်း၏ ခံနိုင်ရည်ကျဆင်းလာခြင်းတို့ကြောင့် တံတား သစ်တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Infinity@111Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service