မွန်ပြည်နယ် အတွင်းရှိ လုပ်ငန်းရှင်များ အတိုးနှုန်း သက်သာစွာနှင့် ပြည်တွင်းပြည်ပ ချေးငွေရရှိရေး လုပ်ဆောင်နေ

မွန်ပြည်နယ် အတွင်းရှိ လုပ်ငန်းရှင်များ အတိုးနှုန်း သက်သာစွာနှင့် ပြည်တွင်းပြည်ပ ချေးငွေရရှိရေး လုပ်ဆောင်နေ - Property News in Myanmar from iMyanmarHouse.com
15 Aug 2017 9:42 am တွင် တင်ခဲ့သည်
939 ကြိမ် ကြည့်ရှု့ပြီး
မွန်ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များ အတိုးနှုန်းသက်သာစွာနှင့်
ပြည်တွင်း၊ ပြည်ပချေးငွေရရှိရေး စီစဉ်လျှက်ရှိကြောင်း ပြည်ထောင်စု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမောင်မောင်ဝင်း(ငွေကြေးရရှိစေ နိုင်မှုဆိုင်ရာ ကော်မတီဥက္ကဌ)
မှ သြဂုတ်လ(၁၂)ရက်နေ့ မော်လမြိုင်မြို့တွင် ပြုလုပ်သည့် ငွေကြေးရရှိစေနိုင်မှုဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။

“လုပ်ငန်းရှင်တွေ အတိုးနှုန်းသက်သက်သာနဲ့ နှစ်ရှည်ချေးငွေရရှိရေး၊ အပေါင်ပစ္စည်းထားရှိမှု ဒါတွေကို အဓိက ဆွေးနွေးမယ် ချေးငွေရဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အခက်ခဲအများကြီးရှိတာ ကျွန်တော်တို့သိတယ်။ ဒါကြောင့် ကျွန်တော်တို့ အခြေနေမှန်ကို ထဲထဲဝင်ဝင်သိဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်တယ်။”ဟု ပြည်ထောင်စု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး (ငွေကြေးရရှိစေနိုင်မှုဆိုင်ရာ ကော်မတီဥက္ကဌ)
ဦးမောင်မောင်ဝင်းက ပြောသည်။

နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်း ထားပြီး ဆပ်ကော်မတီ(၅)ရပ်ဖွဲ့စည်းထားရာ ယင်းကော်မတီများတွင် ငွေကြေးရရှိစေနိုင်မှုဆိုင်ရာ လုပ်ငန်းကော်မတီ ပါဝင်ကြောင်း ၎င်းကော်မတီအနေဖြင့် လုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေရရှိစေရေး၊ အပေါင်ပစ္စည်းမရှိသော်
လည်း ဘဏ်ချေးငွေရရှိရေး၊ ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ ချေးငွေ
ရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေးနွေးပွဲကို မွန်ပြည်နယ် ကုန်သည်စက်မှုလက်မှလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ၊ မွန်ပြည်နယ် ကုန်သည် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ကိုယ်စားလှယ်များ၊ ညီနောင်အသင်းအသီးသီးရှိ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

တက်ရောက်လာသူများအနေဖြင့် ၎င်းတို့လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရ
သည့် အခက်ခဲများကို တင်ပြခဲ့ပြီး ၎င်းတို့လုပ်ငန်းအတွက်ငွေကြေးရရှိမှုဆိုင်ရာလိုအပ်ချက်များ၊ အပေါင်ပစ္စည်းထားရှိမှု၊အပေါင်ပစ္စည်းမရှိသူများအတွက်
ချးငွေရရှိစေရေး၊ ချေငွေရရှိပါက အတိုးနှုန်း သက်သက်သာသာရရှိရေး
တို့ကို တင်ပြခဲ့သည်။

နိုင်ငံတော်အနေဖြင့် လက်ရှိကာလတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် တောင်သူများကို ချေးငွေများထုတ်ပေးလျှက်ရှိရာ နောက်ပိုင်းတွင် စိုက်ပျိုးရေးကဏ္ဍသာမကဘဲ မွေးမြူရေးကဏ္ဍ၊ သစ်သီးဝလံစိုက်ပျိုးသူများ၊ မွန်ပြည်နယ်သည် ရာဘာအဓိကစိုက်ပျိုးသည့် ပြည်နယ်တစ်ခုဖြစ်ရာ ရာဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရာဘာလုပ်ငန်းနှင့် သက်ဆိုင်သူများကိုလည်း အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ ထုတ်ချေးပေးသွားမည့် အစီစဉ်များရှိကြောင်း ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ပြောသည်။

ငွေကြေးရရှိစေနိုင်မှုဆိုင်ရာ ကော်မတီအနေဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲကို မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ မွန်ပြည်နယ်သို့လာရောက်ခြင်းသည် တတိယ အကြိမ်လာရောက်ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ကျန်ရှိသည့်ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Credit: Theyangontimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

CarsDB
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service