ယခုနှစ် ပထမခုနစ်လ တာကာလအတွင်း ပြည်ပခရီး သည် ရောက်ရှိမှုသည် ယမန်နှစ် ကာလတူထက် ၂၂ ရာခိုင်နှုန်း ကျော် တိုးတက်လာကြောင်း ဟို တယ်နှင့်ခရီးသွားလာရေး ဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် က ပြောသည်။
၂၀၁၇ ဇန်နဝါရီမှ ဇူလိုင်အ ထိ ခရီးသွားဧည့်သည်ရောက်ရှိမှု သည် နှစ် သန်းကျော် (၂,၀၁၉,၇၄၉) ဦးဖြစ်ပြီး ယခင်နှစ်ကထက် ၂၂ ရာခိုင်နှုန်း တိုး တက်လာကြောင်း သြဂုတ် ၁၄ ရက်က နေပြည်တော်တွင် ကျင်းပသည့် ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်သင့်သော လုပ်ငန်းစဉ်များ ညှိ နှိုင်းအစည်းအဝေး၌ ပြည်ထောင် စုဝန်ကြီးက ထည့်သွင်းပြောကြား သည် ။မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ တွင် ပြည်ပဧည့်သည်ဝင်ရောက်မှု သည် ၂၀၁၆ ၌ ၂ ဒသမ ၉ သန်းသာ ရှိခဲ့ပြီး အာဆီယံနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် အဆင့် (၉) တွင်သာ ရပ်တည်နေသဖြင့် လာရောက်သည့် ခရီးသွားဧည့်သည် နည်း ပါးနေသောကြောင့် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးက ပြောသည်။
အထူးသဖြင့် နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် မြန်မာ နိုင်ငံ ချိတ်ဆက် ပြီး ပိုမိုပျံသန်းလာ ခြင်းကြောင့် ခရီးသည်ဝင်ရောက် မှု ပိုများလာကြောင်း ဝန်ကြီးက ဆိုသည်။
ပြည်ပဧည့်သည်များကို ဆိုက်ရာက်ဗီဇာများ ထုတ်ပေးရာ တွင် ပိုမိုအဆင်ပြေ စွာ လုပ်ဆောင် ပေးနိုင်သောကြောင့် ခရီးသည် ဝင်ရောက်မှု အရေအတွက် သည် ပြီးခဲ့သည့် နှစ်ကထက် တိုးလာကြောင်း ၎င်းကဆက်လက်ပြော ကြား သည်။
Credit: 7DayDaily