စင်ကာပူမှာ ၂၀၂၀ ရောက်ရင် ငွေကိုင်စရာမလိုတဲ့ သယ်ယူပို့ဆောင် ရေး စနစ်ဖြစ်ဖို့ ရည်ရွယ်ထားပြီး သည်ရည်ရွယ်ချက် အကောင်အထည်ဖော် ဖို့ သောကြာနေ့က အစပျိုးလုပ်ငန်းအများအပြား စတင်ခဲ့ပါတယ်။
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) နဲ့ ထရန်စစ် လင့်ခ် တို့ ရဲ့ပူးတွဲသတင်းစာထုတ်ပြန်မှုမှာ သည်နှစ် မတ်လက စတင်တဲ့ ဘဏ် ကတ်နဲ့ လက်မှတ်ဝယ်ယူတဲ့စနစ်ကို ပါဝင်အသုံးပြုသူ တစ်သိန်းကျော်နေပြီး တုံ့ပြန်သံတွေက အားတက်စရာကောင်းတယ်လို့ ဆိုပါတယ်။
နှစ်ဖွဲ့စလုံးဟာ လက်ရှိစမ်းသပ်စနစ် မှာ မူလရည်မှန်းထားတဲ့ ခြောက်လေ ကျာ် လွန်ရင် မာစတာကတ်အပြင် တခြားငွေ ပေးချေစနစ်တွေကိုလည်း ထည့်သွင်းဖို့ ဆွေးနွေးနေပါတယ်။
သုံးစွဲသူတွေအနေနဲ့ ဘတ်စ်ကားစီးကတ်ထဲကို ဘဏ်ကတ်နဲ့ ငွေဖြည့်ြ ခင်းဖြင့် ငွေကိုင်စရာမလိုတော့ကြောင်း သူတို့က တိုက်တွန်းပါတယ်။ အစပျိုး မှုတစ်ခုကတော့ အမ်အာရ်တီရထားဘူတာရုံဝန် ဆောင်မှုဌာနတွေမှာ ရှိ တဲ့ ငွေသားသုံး ငွေ ဖြည့်စနစ်တွေကို ဖယ်ရှားမှာဖြစ်ပြီး စက်တင်ဘာ ၁ ရက် ကစပြီး ဘူတာရုံ ၁၁ ခုမှာ ငွေသားသုံးငွေဖြည့်ကတ်တွေ ကို ဖြုတ်တော့ မှာဖြစ်ပါတယ်။
ငွေသားသုံး ငွေဖြည့်ကတ်တွေကို လက်ရှိအထွေထွေလက်မှတ်ရောင်း စက်ေ တွနဲ့ ဆဲဗင်းအလဲဗင်းနဲ့ ချီးယားစ်လိုမျိုး စတိုးဆိုင်တွေမှာတော့ ဆက်လက် ထားရှိ မှာဖြစ်ပါတယ်။
“ငွေသားသုံးငွေဖြည့်ကတ် ဝန်ဆောင်မှုကို နောက်နှစ်မှာ တခြားဘူတာ ရုံတွေမှာ လုံးဝဖယ်ရှားခြင်းမပြုခင် ခရီးသည်တွေ အပေါ် အကျိုးသက်ရောက် မှုကို ကျွန် တော်တို့ စောင့်ကြည့်ဦးမှာပါ”လို့ သူတို့က ဆိုပါတယ်။
ဘတ်စ်ကားစီးကတ်တွေထဲကို ဘဏ်ကတ်နဲ့ငွေဖြည့်တာ၊ အက်ပဲလ်ပေး၊ အန်းဒရွိုက်ပေးတို့လို မိုဘိုင်းလ်ငွေပေးချေ နည်းတွေကနေတစ် ဆင့် ငွေဖြည့် တာကို ဇန်နဝါရီလကစပြီး အထွေထွေလက်မှတ် ရောင်းစက်တွေမှာ ထည့် သွင်းခဲ့တဲ့အတွက် ခြောက်လအတွင်း ငွေသားမဲ့ငွေ ဖြည့်ခြင်းဟာ ၇၀ ရာခိုင်နှုန်းကျော် မြင့် တက်လာတယ်လို့ ဆိုပါတယ်။
Credit: The Kumudra