ရန်ကုန်မြို့ တွင်းထပ်မံဖော်ဆောင်မည့် နောက် ဖေးလမ်းကြားဥယျာဉ်နှစ်ခုအတွက် ကုန်ကျစရိတ်ကို ဒို့အိမ်ပရောဂျက်မှ ရာခိုင်နှုန်း ၈ဝ စီပါဝင်မည်ဖြစ် ကြောင်း သိရသည်။
ပန်းဘဲတန်းနှင့် လမ်းမတော် မြို့နယ်တို့ရှိ နောက်ဖေးလမ်းကြား အချို့တွင် နောက်ဖေးလမ်းကြား ဥယျာဉ်များကို ယခုနှစ်ပွင့်လင်းရာ သီတွင် ထပ်မံဖော်ဆောင်မည်ဖြစ် ကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ် (၃၁) လမ်း နှင့် ဗိုလ်ဆွန်ပက်လမ်းအလယ်ဘ လောက်နောက်ဖေးလမ်းကြားနှင့် လမ်းမတော်မြို့နယ်ရှိ (၉) လမ်းနှင့် (၁ဝ) လမ်းနောက်ဖေးလမ်းကြားတို့ကိုဥယျာဉ်အဖြစ်ထပ်မံဖော်ဆောင်သွား
မည်ဖြစ်ကြောင်း ဒို့အိမ်ပရောဂျက်မှ Operation Manager ဦးလှတင်က ပြောသည်။
''လာမယ့်ပွင့်လင်းရာသီမှာ လမ်းမတော်နဲ့ ပန်းဘဲတန်းမှာ နောက် ဖေးလမ်းကြားဥယျာဉ်တစ်ခုစီထပ် ပြီးထုတ်လုပ်ဖော်ဆောင်မယ်။
ကုန်ကျစရိတ်ကိုတွက်ချက်ပြီး ကုန်ကျစရိတ် ရဲ့ ၈ဝ ရာခိုင်နှုန်းကို ဒို့အိမ်က ထည့်ဝင်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။ အဆိုပါနောက်ဖေးလမ်းကြား ဥယျာဉ်များဖော်ဆောင်ရန် ဒို့အိမ်ပ ရောဂျက်နှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် လမ်းသူ/သားများ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ် ကြောင်း သိရသည်။
ထပ်မံဖော်ဆောင်မည့် နောက် ဖေးလမ်းကြားဥယျာဉ်နှစ်ခုတွင် ပန်းချီအလှဖြင့်ပုံဖော်မှုများအပြင် အားကစားကွင်းသဖွယ်ပါ ဆောင် ရွက်နိုင်ရန်စီစဉ်ထားကြောင်း ဒို့အိမ်ပရောဂျက်မှ သိရသည်။
လက်ရှိတွင် ပန်းဘဲတန်းမြို့နယ်၊ (၃၁) လမ်းနှင့် (၃၂) လမ်းကြား အလယ်ဘလောက်၌ပြုလုပ်ထားသည့် ရန်ကုန်နောက်ဖေးလမ်းကြား ဥယျာဉ်ကို ဇူလိုင်၂ ရက်က ဖွင့်လှစ်ခဲ့သည်။ ယင်းလမ်းကြားတွင် အမှိုက်ပစ်ချမှုမရှိတော့သကဲ့သို့ ကလေးငယ်များသည် ညနေပိုင်းတွင်ကစား သည့်နေရာအဖြစ်အသုံးပြုနေကြ ကြောင်း သိရသည်။
Credit: Democracytoday