ဆောက်လုပ်ရေးလုပ် ငန်းရှင်အများစုမျှော်လင့်နေ သော စုပေါင်း အဆောက် အအုံ ဥပဒေ(ကွန်ဒိုဥပဒေ)အတွက် လို အပ်နေသည့် နည်းဥပဒေကို ယခု လကုန်တွင် ထုတ်ပြန်နိုင်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦး စီးဌာနညွှန်ကြားရေးမှူးချုပ် ဦး မင်းထိန်က ပြော သည်။
ရန်ကုန်မြို့၌ တည်ဆောက် ပြီးစီးနေသော ကွန်ဒိုတိုက်ခန်း အများစု တွင် နိုင်ငံခြားသားများကို ဦးစားပေးရောင်းချနိုင်ရန် ကွန်ဒို ဥပဒေ၌ လိုအပ်ေ နသော နည်း ဥပဒေကို ယခုလကုန်စက်တင် ဘာလဆန်းတွင် ထုတ်ပြန်နိုင် ရန် ရှိကြောင်း ဦးမင်းထိန်က ဆို သည်။ မြေနှင့်အခန်းကိုပါ နှစ်ခုစ လုံးပူး တွဲပိုင်ဆိုင်ခွင့်ရမည့် ကွန်ဒို ဥပဒေကို ၂၀၁၅ ဇန်န၀ါရီက အ တည်ပြု ပြဋ္ဌာ န်းခဲ့သော်လည်း နည်းဥပဒေကို ၂၀၁၇ စက်တင် ဘာမှသာ ထုတ်ပြန်နိုင်မည်ြ ဖစ် သည်။
ကွန်ဒိုဥပဒေ၏နည်းဥပဒေ သည်လက်ရှိတွင် ရှေ့နေချုပ်ရုံး သို့ ရောက်ရှိနေ ကာ ပြီးနောက် ဌာနမှတစ်ဆင့် ပြည်ထောင်စုအ စိုးရအဖွဲ့သို့ ပို့ဆောင် မည်ဖြစ် သည်။ယင်းဥပဒေ၏ အရေးပါသည့် အချက်ဖြစ်သော ခြောက် လွှာနှင့် အထက်တွင်စတင်ပြီး နိုင်ငံခြား သားအမည်ပေါက်ဖြင့် ၄၀ ရာခိုင် နှုန်းဝယ်ယူခွင့်ကို နည်းဥပဒေ၌ ပြင်ဆင်ထားခြင်းမရှိပေ။
ရန်ကုန်တွင် နိုင်ငံခြားသား အ၀ယ်မျှော်နေသော ကွန်ဒိုတိုက် ခန်းသည် သောင်းဂဏန်းကျော် ရှိပြီး ကွန်ဒိုဥပဒေ၏ အသက်ဖြစ် သော နည်းဥပဒေထွက်ရှိတော့ မည်ဆိုခြင်းကြောင့် အရောင်းအ ၀ယ်ပြန်ကောင်း လာနိုင်ကြောင်း ကျော်ဆောက်လုပ်ရေးလုပ်ငန်း ရှင်ဦးမြင့်ထွေးက သုံးသပ် သည်။
လက်ရှိတွင် နိုင်ငံခြားသား များကို ရောင်းချရန် အခက်အခဲ ဖြစ်နေရခြင်း သည် ကွန်ဒိုဥပဒေပါ အချို့အချက်အလက်များသည် လက်တွေ့ကျင့်သုံး ရန်ခက်ခဲသ ဖြင့် နိုင်ငံခြားသားများ ၀ယ်ယူမှု နည်းပါးခြင်းဖြစ်ကြောင်း တော် ၀င်ဆောက်လုပ်ရေးကုမ္ပဏီဥက္က ဋ္ဌဦးကိုကိုထွေးက တပ်မတော်ခန်းမ ၌ ပြုလုပ်သော အိမ်ခြံမြေဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
Credit: 7DayDaily