ယခုနှစ်အတွက် မန္တလေးတိုင်း အိမ်ခြံမြေ စံနှုန်းသစ်ကို ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်း လျှော့ချသတ်မှတ်သော်လည်း ပြင်ပပေါက်ဈေးသည် အဆိုပါ စံနှုန်းထက်ပို၍ လျော့ကျနေသောကြောင့် အခွန်မညီမျှမှုများဖြစ်ပေါ် လာနိုင်ေ ကြာင်း မန္တလေးတိုင်း အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေး အ သင်းမှ သတင်းရရှိသည်။
‘‘လိုအပ်ချက်တွေရှိသေး တယ်။ ကိုက်ညီမှုမရှိသေးဘူး။ အမှန်တကယ် အပြင်ဈေးကွက် မှာက သူတို့သတ်မှတ်တဲ့ နှုန်းထားတွေ ထက်ကို လျော့ နည်းနေတဲ့ နေရာတွေက အများကြီးပဲ။ အဲဒီလိုနေရာတွေမှာဆိုရင် အခွန်ေ ဈးက မမျှတမှုကြီးမြင့်မှုဖြစ်လာနိုင်ပါတယ်’’ဟု မန္တလေးတိုင်း အိမ်ခြံမြေကိုယ် စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးဝဏ္ဏစိုးက ပြော သည်။
မန္တလေးတိုင်းတွင် ယခုနှစ် အတွက် အိမ်ခြံမြေစံနှုန်းအသစ် ကို သြဂုတ် ဒုတိ ယပတ်အတွင်း က ထုတ်ပြန်ခဲ့ပြီး ယခင်နှစ်က ထက် ၂၀ ရာခိုင်နှုန်း လျှော့ချ သတ်မှတ်ခဲ့သည်။ ယင်းသို့ သတ်မှတ်သဖြင့် အမြတ်ခွန် ပေးဆောင်ရာတွင် အနည်းငယ် လျော့ကျသွားနိုင်သော်လည်း ပြင်ပပေါက်ဈေးသည် သတ်မှတ် စံနှုန်းထက် ပို၍ လျော့ကျနေသည့် နေရာအများအပြားရှိနေ၍ အခွန်မညီမျှ မှုများဖြစ်နိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ရှင်များက သုံးသပ် သည်။
‘‘၂၀ ရာခိုင်နှုန်းလျှော့ချပေး လိုက်တဲ့အတွက် အမြတ်ခွန် ဆောင်ရတာေ တွ လျော့သွားမှာ ပေါ့။ အရင်ကထက်ကို ပိုပြီးတော့ အခွန်ပေးရလိမ့်မယ်လို့ ထင်ပါ တယ်။ တကယ်တော့ အပြင်မှာက ၄၀ ရာခိုင်နှုန်းလောက်ကို ကျ တာ။ နေရာတိုင်းတော့ မဟုတ်ဘူးပေါ့။ နိုင်ငံတော်အနေနဲ့ ဒီထက်ပိုပြီး လျှော့ ချကောက်ခံပေးရင်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ပြည်သူလည်း အဆင်ပြေမယ်။ နိုင်ငံတော်လည်း အခွန်ပိုရမယ်ပေါ့’’ဟု ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းအောင်က အကြံပြုသည်။
လက်ရှိတွင် အိမ်ခြံမြေ အခွန်နှုန်းထားကောက်ခံရာ၌ ၀င် ငွေခွန်အနေဖြင့် ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးရာမှ သိန်းတစ်ထောင် အတွင်း ၂၀ ရာခိုင်နှုန်းနှင့်ကျပ်သိန်းတစ် ထောင်အထက်ဆိုပါက ၃၀ ရာ ခိုင်နှုန်းကောက်ခံနေပြီး တံဆိပ်ခေါင်းခွန်အနေဖြင့် ၄ ရာခိုင်နှုန်းကောက် ခံနေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
Credit: 7DayDaily