တကျော့ ပြန်စီမံကိန်းတွေ အမြန်အကောင်အထည် ဖော်ဖို့လိုပါပြီ

တကျော့ ပြန်စီမံကိန်းတွေ အမြန်အကောင်အထည် ဖော်ဖို့လိုပါပြီ - Property News in Myanmar from iMyanmarHouse.com
14 Aug 2017 11:22 am တွင် တင်ခဲ့သည်
1616 ကြိမ် ကြည့်ရှု့ပြီး
အခုတလော တိုင်းနဲ့ ပြည်နယ် အနှံ့မှာ အိမ်ရာစီမံကိန်းတွေ ၊ လေဆိပ်တွေ ၊ ရေနက်ဆိပ်ကမ်းတွေ ၊ စက်မှုဇုန်သစ်ကြီးတွေ လုပ်မယ် ဆိုတဲ့ စီမံကိန်းသတင်းတွေ တဖန်ပြန်လည် ကြားလာရပါပြီ ၊ စီမံကိန်းဆို တဲ့ အသံကြားတာနဲ့ အိမ်ခြံမြေ နဲ့ ဆက်နွယ်နေတဲ့ လူတွေ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အတွက် ခေါင်းထောင်ကြည့်စရာ စဉ်းစားတွေးခေါ်စရာလေးတွေ ဖြစ်မှာတော့ မြေကြီးလက်ခတ်မလွဲ ဖြစ်မှာသေချာပါတယ် ။

တစ်ချိန်က စီမံကိန်းဆိုတဲ့ လျာထားနေရာလေးကို မြေပုံပေါ်မှာ ကြည့်ပြီး မြေပြင်မှာ မြေကွက်က ရေအိုင်ဖြစ်နေသလား ၊ စပါးခင်းတွေနဲ့ စိမ်းစိမ်းစိုစိုနဲ့ ဖြစ်နေသလား ၊ ကားလမ်းရှိသလား ၊ဆိုတာတောင်မသိတဲ့ လူတွေအများကြီး ကြုံဖူးပါတယ် ။

ဝင်လမ်းထွတ်လမ်းတွေကို မကြည့်တော့ဘဲနဲ့ စီမံကိန်းတွေ အနီးအနားက မြေကွက်တွေကို မြေပုံပေါ်ထောက် ၊ စာရွက်စာတမ်းကြည့်ပြီး အရောင်းအ၀ယ်တွေ လုပ်ခဲ့ကြတာ အားလုံး အသိဘဲဖြစ်ပါတယ် ။ တစ်ချို့ဆို မြေကွက်က ဘယ်လိုအနေအထားမှန်းမသိဘဲ မြေပုံပေါ်ကြည့်ပြီး စိတ်မှန်းနဲ့ သိန်းရာချီ ငွေချေ အရောင်းအ၀ယ်လုပ်ခဲ့တဲ့ခေတ်တစ်ခေတ်ကို ကျော်ဖြတ်ခဲ့တာ အားလုံး အသိဘဲဖြစ်ပါတယ် ။.

ခေတ်တွေကော စနစ်တွေပါ ပြောင်းခဲ့ပြီး အတွေးအခေါ်အယူအဆ တွေလည်း ပြောင်းခဲ့တဲ့ ယနေ့ကာလမှာတော့ ပြည်သူတွေ အတွက် လူထုက တင်မြှောက်ထားတဲ့ အစိုးရလည်း ရှိလို့ လာပါပြီ ၊ ခေတ်တွေကလည်း မတူတော့တဲ့ အပြင် စီမံအုပ်ချုပ်သူတွေ ရဲ့ စိတ်ကောင်းစေတနာ ၊ မိမိရပ်ရွာဒေသကို တိုးတက်ချင်တဲ့ စိတ်အခံတွေကြောင့် အခု NLD အစိုးရလက်ထက်မှာ လုပ်မယ့် စီမံကိန်းတွေ အပေါ် လူတော်တော်များများက မျှော်လင့်ထားကြပါတယ် ။

စီမံကိန်းတစ်ခု လုပ်ဖို့ ဆိုတာ မြေရှိရုံနဲ့ မပြီးဘဲ လုပ်ငန်းတွေ ၊ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေ အများကြီး လိုပါတယ် ၊ အခုတောင် စီမံကိန်းတော်တော်များများ အတွက် နိုင်ငံတကာ ပညာရှင်တွေ ကုမ္မဏီတွေဆီကနေ Plan တွေ ၀င်လာပြီလို့ ကြားတဲ့ မင်္ဂလာသတင်းကောင်းကြောင့် လျာထား စီမံကိန်း မြေကွက်ကြီးတွေ အသက်ပြန်ဝင်လာမယ်လို့ မျှော်လင့်နေကြပါပြီ ။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်မယ်လို့ ပြောခဲ့ပြီး တင်ဒါရွေးချယ်မှု အဆင့်နဲ့ တင်ဇတ်သိမ်းခဲ့ရတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကြီးကို အမေစု ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြည်တွင်းပြည်ပ ကုမ္မဏီတွေနဲ့ ပြန်လည်အကောင်အထည် ဖော်မယ်ဆိုတဲ့ သတင်းတွေထွတ်လာပါပြီ ။ မြန်မြန် အကောင်အထည်ဖော်ပေးဖို့ဘဲလိုပါတယ် ။ အင်မတန်ကြီးမားတဲ့ Mega City စီမံကိန်းကြီး ဖြစ်လို့ စီမံကိန်း အကောင်အထည် ဖော်လာနိုင်တာနဲ့ အမျှ ရန်ကုန်မြို့ကြီးက ပြောင်းလဲ သန့်ရှင်းသွားမှာဖြစ်ပါတယ် ၊ လုပ်ငန်းတွေလည်း မိုးကုန်တာနဲ့ စတော့မယ်လို့ တရားဝင် ပြောဆိုထားတဲံ အတွက် စီမံကိန်းဆိုတဲ့ အသံကြားရင်ကို ကြောက်စိတ်ဝင်နေတဲ့ သူတွေအတွက် အသက်ရှုခွင့် ရတော့မှာ သေချာလို့နေပါပြီ ။

အလားတူဘဲ မဟာရန်ကုန်မြို့တော်ပတ်ဝန်းကျင်မှာ ခေတ်အဆက်ဆက် စီမံကိန်းလုပ်မယ်ဆိုပြီး Plan ချထားတဲ့ မြေကွက်ကျယ်ကြီးတွေကိုလည်း ရန်ကုန်မြို့သစ် စီမံကိန်းနည်းတူ ပြည်တွင်းပြည်ပ အကြံညဏ်တွေနဲ့ ပြန်လည် အကောင်အထည်ပေးဖို့ လိုပါပြီ ၊ လျာထားစီမံကိန်းအားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကောင်အထည် ဖော်ဖို့ဆိုတာ တစ်ဖက်မှာ ရင်းနှီးမြုပ်နှံမယ့် developer ရှိရမှာ ဖြစ်တဲ့ အတွက် အဆင့်လိုက် အဆင့်လိုက် အမေစု ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ လုပ်ပေးစေချင်ပါပြီ ။

ဒီမိုကရေစီအစိုးရ ဖြစ်လာတဲ့အပြင် ပြည်သူလူထုရဲ့အားပေးထောက်ခံမှုနဲ့ အောင်ပန်းဆင် ခဲ့တဲ့ အစိုးရ အနေနဲ့လည်း ကျိန်းသေပေါက် ပြောလို့ရတာတစ်ခုကတော့ လူထုအပေါ် စေတနာ ရှိတာရယ် ၊ လုပ်ပေးချင်တဲ့ စိတ်စေတနာတွေ ရှိတာကို မန္တလေးတိုင်းဝမ်းတွင်းက မြေတိုင်ကန် ရွာမှာ လုပ်ခဲ့တဲ့အမေစုနဲ့ပြည်သူတွေတွေ့ခဲ့တယ့်စကားဝိုင်းမှာတွေ့မြင်လိုက်
ရပါတယ် ။

အစိုးရ အတွက်လည်း စီမံကိန်းတွေ အကာင်အထည်ဖော်လို့ အကျိုးရှိမှာ ဖြစ်သလို ရင်းနှီးမြုပ်နှံသူတွေ အတွက်လည်း ထိုက်သင့်တဲ့ ခံစားမှုတွေရလာမှာဖြစ်ပါတယ် ၊ ပြည်သူတွေ အပြင် စီမံကိန်းကို မှီခိုလုပ်ကိုင်နေတဲ့ လူတွေ အားလုံး အကျိုးရှိမှာြ့ဖစ်တဲ့အတွက် တိုင်းနဲ့ ပြည်နယ် အ၀ှမ်းက ခေတ်အဆက်ဆက် လျာထားခဲ့တဲ့ စီမံကိန်းတွေကို ပြန်လည် အသက်သွင်းဖို့ လိုအပ်ပါပြီ ။ အချိန်တစ်ခုတော့
ပေးရမှာဖြစ်ပါတယ် ။

အရင်ခေတ်ကတော့ စီမံကိန်းလုပ်ငန်းဆိုတာ for show အမြင်ကောင်းရုံ အတွက် မြေကွက်ကျယ်ကြီးတွေ ယူပြီး ဒီနေရာမှာတော့ ဘာစီမံကိန်းလုပ်မယ် ၊ ညာစီမံကိန်းလုပ်မယ်ဆိုပြီး လူထုအတွက် အိမ်မက်တွေ အများကြီးပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဟိုလိုလို ဒီလိုလိုနဲ့ စီမံကိန်း မြေနေရာတွေက ဟိုလူလက်ထဲရောက်လိုရောက် ဒီလူ့လက်ထဲရောက်လိုရောက်နဲ့ ပျောက်ကွယ်သွားရတဲ့ စီမံကိန်း မြေကွက်ကျယ်ကြီးတွေ ၊ မြေပုံပေါ်က လျာထားစီမံကိန်းမြေကွက်ကြီးတွေ အခုအချိန်အထိ နေရာတော်တော်များများမှာ ကျန်လို့နေပါသေးတယ် ။

စီမံကိန်းသတင်းထွတ်တာနဲ့ စီမံကိန်းလုပ်မယ့် နားက မြေကွက်တွေကို လာဘ်မြင်သူတွေက ဈေးပေါပေါနဲ့ ကြိုတင်ဝယ်ထားပြီး နောက်လူတွေကို အမြတ်နဲ့ ပြန်ရောင်းစားခဲ့ပါတယ် ၊ နောက်ပိုင်းမှာတော့ အဖျားရှုးပြီး စီမံကိန်းတွေလည်း ဘယ်ဆီနေမှန်းမသိ ၊ ဘာမှ အကောင်အထည်မဖော်နိုင်တာ အားလုံးသိပြီးဖြစ်ပါတယ် ၊ မြေကစားသူတွေ ငွေထုတ်ပိုက် ဈေးကွက်က ထွတ်သွားပြီး ဘယ်နေရာမှန်းအသေအချာ မသိတဲံ မြေကွက်ကို သိန်းရာနဲ့ချီပေးပြီး ပိုက်မိထားတဲ့ လူတွေ လည်း အများကြီးဖြစ်ပါတယ် ။

မိတ်ဆွေတစ်ယောက်ဆို ဒဂုံအရှေ့ဘူတာကြီး လုပ်မယ့် နားက မြေကွက်ကို ဈေးကောင်းတုံးက သိန်း ၁၈၀ နဲ့ ၀ယ်ထားပေမယ့် အခုအချိန်ထိ ဘာမှဖြစ်မလာတဲ့ အပြင် ငွေလိုလို့ အောက်ဈေးနဲ့ ပြန်ရောင်းတာတောင် အ၀ယ်မရှိလို့ လက်မှိုင်ချနေရဆဲဖြစ်ပါတယ် ၊ ဘာစီမံကိန်း ညာစီမံကိန်း အသံကြားရင် ကိုယ်ပိုက်မိထားတဲ့ မြေကွက်လေး အမြတ်မရရင်တောင် အရင်လောက်ပြန်ရရင် ပြန်ထုတ်မယ့် ကျွန်တော့်မိတ်ဆွေလို လူမျိုးတွေ အများကြီး ရှိလို့ စီမံကိန်းသစ်ဆိုရင် ကြောက်ပါပြီလို့ ပြောတဲ့ ငွေရှင်တွေတောင် တွေ့ခဲ့ဖူးတဲ့ အထိ စီမံကိန်းဆိုတဲ့ အသံကို ကြားရင် စိတ်ကုန်နေတဲ့ လူတွေ အများကြီးရှိပါတယ်။

ပြည်တွင်း ပြည်ပရဲ့ ယုံကြည်မှုကို ရလာပြီး တည်ငြိမ်တဲ့ စီးပွားရေးစနစ်ကို အကောင်အထည် ဖော်လာနိုင်တာနဲ့ အမျှ ပြည်ပ ရင်းနှီးမြုပ်နှံမှုက ၀င်လာမှာဖြစ်ပါတယ် ၊ စီးပွားရေး စနစ်တစ်ခုကနေ စီးပွားရေး စနစ်သစ် တစ်ခုဆီကို အသွင်ကူးပြောင်းတဲ့ နေရာမှာ အချိန်ကာလ တစ်ခုတော့ ပြင်ဆင်ရပါတယ် ၊ ၂၀၁၄ ကတည်းက အေးခဲ့တဲ့ မြန်မာ့စီးပွားရေး ၊ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း ၂၀၁၇ နှစ်အကုန် ၂၀၁၈ နှစ်ဆန်းက စပြီး ပြန်လည်နိုးထလာမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ် ။

လျာထားစီမံကိန်းတွေ ပြန်လည် အသက်ဝင်လာတာနဲ့ အမျှ ဒီစီမံကိန်းတွေ မှာ ၀င်ရောက်လုပ်ကိုင်မယ့် ဆောက်လုပ်ရေး ကုမ္မဏီ တွေ သူနဲ့ဆက်နွယ်နေတဲ့ လုပ်ငန်းမှန်သမျှဆီ ငွေတွေ စီးဆင်းမှာ ဖြစ်တဲ့ အတွက် ငွေရှားတဲ့ဆိုတဲ့ ခေတ်တစ်ခုကို ကျော်ဖြတ်နိုင်မှာ သေချာပါတယ် ။ ရင်းနှီးမြုပ်နှံမှု လုပ်မယ့် လူတစ်ယောက် အနေနဲ့လည်း ကိုယ်ရင်းနှီးထားတဲ့ လုပ်ငန်း က တည်ငြိမ်ပါ့မလား ဥပဒေ ခိုင်မာမှု ရှိရဲ့လားဆိုတာ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်နေတာကို တော့ အားလုံးက နားလည်လက်ခံပေး၇မှာဖြစ်ပါတယ် ။ အခုတောင် စီမံကိန်းလုပ်ငန်းတော်တော်များများကို ပြည်ပနိုင်ငံတွေက လုပ်ဖို့ အတွက် အစိုးရကို ကမ်းလှမ်းနေတာ အထင်အရှားတွေ့လာရတာကတော့ တိုးတက်မှုဘဲဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာ ငွေပိုငွေလျှံလေးရှိလာရင် မြေ ၊ ရွှေ ၊ ကား ၊ ဒေါ်လာ နဲ့အခုနောက်ပိုင်း စတော့ဈေးကွက် ဖြစ်လာပေမယ့် အားလုံးက ထင်သလို ဖြစ်မလာခဲ့ပါဘူး ၊ ရွှေနဲ့ကားကလည်း ၀ယ်ရင် ရှုံးမှသေချာသလောက် ဖြစ်တဲ့ အပြင် ဒေါ်လာကလည်းတက်ဈေးကျဈေး အပြောင်းအလဲ ကြောင့် အခုနောက်ပိုင်း လူတော်တော်များများ လက်ရှောင်ကြပါတယ် ၊ စတော့ဈေးကွက်ကလည်း တစ်နှစ်ကျော် တစ်နှစ်ခွဲ အတွင်းသာ ရောက်လာပေမယ့် ကုမ္မဏီလေးခုနဲ့ ဆန့်ငင်ဆန့်ငင်ဖြစ်နေပြီး လူလတ်တန်းစား တစ်စု အချင်းချင်း အရောင်းအ၀ယ်လုပ်တာကလွဲလို့ သိသာထင်ရှားတဲ့ အပြောင်းအလဲ တွေ ဖြစ်လာတာ မမြင်တွေ့ရသေးပါဘူး ၊ မြေဈေးကွက်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ပိုက်ဘောမိထားတဲ့ မြေတွေကို အောက်ဈေး နဲ့ ပြန်ထုတ်ငွေပြန်ဖော်ချင်တဲ့ လူတွေကသာ များလို့ လက်ထဲမှာ ပိုက်ဆံ ရှိလို့ဝယ်လိုက်မိရင်တောင် ကိုယ်ပြန်ရောင်းတဲ့အချိန် ရှုံးမလားဆိုတဲံ စိတ်ကြောင့် မြေဈေးကွက်ကလည်းခေါ်ဈေးသာရှိပြီး အခြေအနေ သိပ်မကောင်းရှာတဲ့ ခေတ်ကို ဖြတ်သန်းလို့နေရဆဲဖြစ်ပါတယ် ။

ဒီအခြေအနေဆိုးကြီးကိုလည်း စီးပွားရေးသမားတွေကော ၊ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး သမားတွေပါ အမြန်ဆုံး ကျော်ဖြတ်ချင်နေကြပါပြီ။ဒါကြောင့် လျာထား စီမံကိန်းကြီးတွေ အကောင်အထည် ဖော်မယ်ဆိုရင် ငွေကြေးလည်ပတ်မှု ပြန်လည်ကောင်းမွန်လာပြီး လူသာဓုခေါ်နတ်သာဓု ခေါ်မှာ သေချာပါတယ် ။

မြေသယံဇာတ ၊ ရေသယံဇာတပေါများတဲ့ အပြင် လိုအပ်တဲ့ လုပ်သားအရင်းအမြစ်တွေလည်း လိုသလောက်ရနိုင်တဲ့ ကျွန်တော်တို့ နိုင်ငံကို ပြည်ပ ရင်းနှီးမြုပ်နှံသူတွေ လာလုပ်ချင်တာသိပ်မထူးဆန်းပါဘူး ၊ ရင်းနှီးမြုပ်နှံသူတွေ အတွက် ခိုင်မာတဲ့ ဥပဒေတွေ ၊ သူတို့လိုအပ်မယ့် အခြေခံ အဆောက်အအုံတွေကိုသာ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ငွေမရှိလို့ မလုပ်နိုင်ခဲ့ဘူးဆိုတဲ့ စီမံကိန်းကြီးတွေ ပြန်လည်အသက်ဝင်လာမှာ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service