သီလဝါအထူးစီးပွားရေးဇုန်ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ ၁၁၄၄ ဒသမ ၆၆ သန်းအထိရှိလာ

သီလဝါအထူးစီးပွားရေးဇုန်ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ ၁၁၄၄ ဒသမ ၆၆ သန်းအထိရှိလာ - Property News in Myanmar from iMyanmarHouse.com
14 Aug 2017 11:00 am တွင် တင်ခဲ့သည်
1313 ကြိမ် ကြည့်ရှု့ပြီး
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ မွန်းလွှဲ ၁ နာရီတွင် ရန်ကုန်မြို့ သီလ၀ါအထူးစီးပွားရေုးဇုန်စီမံကိန်းတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ သီလ၀ါအထူးစီးပွားရေုးဇုန် ရှင်းလင်းဆောင်၌ ဒုတိယသမ္မတအား Myanmar Japan Thilawa Devlopment Limited ဥက္ကဋ္ဌ ဦးသိန်းဟန်၊ သီလ၀ါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်၊ Myanmar Japan Thilawa SEZ Holdings Public Co., Ltd. (MTSH)မှ ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် Myanmar Japan Thilawa Development Co., Ltd. (MJTD) ဒုတိယ ဥက္ကဋ္ဌ ဦးသူရိန်အောင်တို့က သီလ၀ါအထူး စီးပွားရေးဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက မြန်မာနိုင်ငံသည် စီးပွားရေးနှင့်ပတ်သက်ပြီး ပထ၀ီအနေအထားအရ မဟာဗျူဟာ ကျသည့်နေရာတွင် ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် သီလ၀ါ၊ ထားဝယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် (၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သီလ၀ါအထူး စီးပွားရေးဇုန်သည် အောင်မြင်သည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၇ခုနှစ် ဇူလိုင်လကုန်အထိ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၁၄၄ဒသမ ၆၆ ရှိပြီး ရင်းနှီးမြုပ်နှံမှုများ ယခင်ကထက် ပိုမိုဝင်ရောက်လာသည့်ကို တွေ့ရှိရကြောင်း၊ သီလ၀ါအထူး စီးပွားရေးဇုန်ကို စံပြစီးပွားရေးဇုန်ဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုးချဲ့တည်ဆောက်မည့်လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး စီမံထားရန်လိုအပ်ကြောင်း ပြောကြားပြီး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် သီလ၀ါအထူး စီးပွားရေးဇုန်ရှိ One Stop Sevice Centerအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ သီလ၀ါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေသည့် Ball Asia Pacific (Yangon) Metal Container Limitedနှင့် ACECOOK MYANMAR CO.,LTD စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ကုန်ပစ္စည်းထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ရင်းနှီးမြှုပ်နှံသူများအကြား စိတ်ဝင်စားမှုများပြားခဲ့သည့် သီလ၀ါအထူးစီးပွားရေးဇုန်(A)၏ အောင်မြင်မှုကြောင့် ဇုန်(B)ကို ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတိုးချဲ့လိုက်သည့် ဇုန်(B)၏ ပထမအဆင့်သည် ၁၀၁ ဟက်တာ (ဧက ၂၅၀)ရှိပြီး ၂၀၁၈ ခုနှစ် နှစ်လည်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကာ အချို့ မြေနေရာများကိုမူ ၂၀၁၇ ခုနှစ် နှောင်းပိုင်းခန့်တွင် ရင်းနှီးမြှုပ်နှံမည့်သူများကို စတင်ငှားရမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း (၈၇)ခုနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကုမ္ပဏီများထဲမှ ကုမ္ပဏီ(၈၄)ခုမှာ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်ရရှိပြီး ကုမ္ပဏီ (၆၉)ခုမှာ စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ အနက် ကုမ္ပဏီ(၃၂)ခုမှာ စီးပွားဖြစ်စက်ရုံလည်ပတ်လျက်ရှိကြောင်း သိရသည်။

Credit: Myanmar President Office

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service