ချင်းပြည်နယ် ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ဖောက် လုပ်မည့် ကားလမ်းအတွက် လမ်းနယ်ဧရိယာအတွင်း ပါဝင်သည့် မြေများအ တွက် ထိုက်သင့်သည့် လျော်ကြေးများပေးအပ်မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း က ပြောကြားခဲ့သည်။
သြဂုတ် ၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ ချင်းပြည်နယ် ပလက်ဝမြို့နယ် အိန္ဒိ ယ-မြန်မာ ကုလားတန် ဘက်စုံစီမံကိန်း ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်အ ထိ ဖောက်လုပက်မည့် ကား လမ်းဧရိယာအတွင်း ဒေသခံပြည်သူများ ပိုင်ဆိုင်သော လယ်မြေ၊ ကိုင်းမြေ၊ ဥယျာဉ်ခြံမြေများ ပါဝင်ပြီး ၎င်းကိစ္စအ တွက် ထိုက်သင့်သော လျော်ကြေးငွေများ ပေးဆောင်ရန် အစီ အစဉ် ရှိ မရှိ မေးမြန်းခဲ့သည်။
အဆိုးပါ မေးမြန်းမှုအား ဒုတိယ၀န်ကြီး ဦးကျော်လင်းက“လမ်းဦးစီးဌာနမှ အဆိုပါ လမ်းအူကြောင်းအား အတည်ပြုသတ်မှတ်ပြီးစီးပါက လမ်းနယ် ဧရိ ယာအတွင်း ပါဝင်တဲ့ ဒေသခံပြည်သူတွေ ပိုင်ဆိုင်သောအပိုင်းကို ထိုက်သင့် တဲ့လျော်ကြေးငွေတွေ ပေးဆောင် ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင် ရာဌာန အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး ဆောင် ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့ နယ်ရှိ ပလက်ဝမြို့မှ မြန်မာနိုင်ငံနယ်စပ် (အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ဇိုရင်ပွီ) အထိ ဖောက်လုပ်မည့် ကားလမ်းသည် ၆၈ မိုင် (၁၀၉ ဒသမ ၂ ကီလိုမီတာ)ခန့်ရှည်လျားကြောင်း၊ အဆိုပါ လမ်းဖော်ကလုပ်ရန်အတွက် အိန္ဒိယ နိုင်ငံအစိုးရမှ တင်ဒါခေါ်ယူခဲ့ပြီး အိန္ဒိယနိုင်ငံ M/s IRCON Consultant and Managment ကုမ္ပဏီအား အကြံပေးနှင့် လုပ်ငန်းကြီးကြပ်ြ ခင်း အတွက်လည်းကောင်း၊ M/s EPIL (Engineering Project India Limited) နှင့် C&C Construction JV ကုမ္ပဏီအား လုပ်ငန်း ဆောင်ရွက်ရန် အတွက်လည်းကောင်း တင်ဒါစနစ်ဖြင့် ရွေးချယ်တာဝန်ပေးအပ်ထားကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။
Credit: Eleven Media Group