အောင်မြင်သူတွေဟာ ဘာကြောင့် Backup Plan ကို အလေးထားကြတာလဲ

အောင်မြင်သူတွေဟာ ဘာကြောင့် Backup Plan ကို အလေးထားကြတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
11 Aug 2017 12:04 pm တွင် တင်ခဲ့သည်
1660 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အရေးပေါ်စီမံကိန်းဆိုတာဟာ သင့်အနေနဲ့ ကော်ဖီဆိုင်ထိုင်၊ မုန့်စားပြီး သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ချင်တဲ့ အရာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စီမံကိန်းတိုင်း အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်အတွက်တော့ တစ်နေ့နေ့မှာ လိုအပ်လာနိုင်ပါတယ်။ စီးပွားရေးအတွပဲဖြစ်ဖြစ်၊ ပညာရေး ပရောဂျက်အတွက်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း မိသားစု အားလပ်ရက်အတွက်ပဲ ဖြစ်ဖြစ် လိုအပ်လာနိုင်ပါတယ်။
အရေးပေါ်စီမံကိန်းတွေ ချမှတ်ရေးဆွဲကြတဲ့အခါ အကြီးမားဆုံးပြဿနာက ဒီအထဲမှာ ဘာတွေပါဝင်ရမယ်ဆိုတာ မသိကြတာပဲ။ ဒါကြောင့် plan တစ်ခုကို ပြည့်ပြည့်စုံစုံ နားလည်ပြီး ရေးဆွဲနိုင်ဖို့အတွက် အောက်မှာ လမ်းညွှန်မှု တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အရေးပေါ်စီမံကိန်း ဆိုတာဘာလဲ

အရေးပေါ် plan ဆိုတာက ကိုယ်မမျှော်လင့်ထားတာတွေ ဖြစ်လာ၊ ကြုံဆုံလာတဲ့အခါကျရင် အလွယ်တကူ ယူသုံးနိုင်တဲ့ လုပ်ဆောင်ချက်တွေစုစည်းပေးထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ backup plan (သို့) Plan B စသဖြင့်လည်း ယူဆလို့ရပါတယ်။ အခြေအနေတစ်ရပ်ရပ်ကြောင့် မူလ main plan (သို့) original plan က အလုပ်မဖြစ်တော့တဲ့အခါမျိုးမှာ လိုက်နာဆောင်ရွက်လို့ ရနိုင်မယ့် ညွှန်ကြားချက်တွေ ပါဝင်ပါတယ်။
အရေးပေါ်စီမံကိန်း (contingency plan) ဆိုတာ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်တဲ့ အခက်အခဲပြဿနာတွေနဲ့ ချိန်ထိုးပြီး ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တစ်ရပ်ဆိုလည်း မမှားပါဘူး။

အရေးပေါ်စီမံကိန်းတစ်ခု ရှိမထားဘူးဆိုရင် ဘာတွေဖြစ်နိုင်မလဲ

အကယ်၍ သင့်ရဲ့ Plan A က မမျှော်လင့်ဘဲ မှားယွင်းမှုတစ်ခုခုများ ဖြစ်သွားခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကိစ္စတချို့ကြောင့် လက်ရှိအစီအစဉ်ကို ပြောင်းလဲပစ်ဖို့ လိုလာပြီဆိုရင် Backup Plan ရှိမထားတဲ့အတွက် အခွင့်အရေးက တော်လေးကို နည်းသွားပါလိမ့်မယ်။

အရေးပေါ်စီမံကိန်းတွေ ရေးဆွဲကြတဲ့အခါ ဘယ်အရာကို အဓိက ရှောင်ရှားရမလဲ

အရေးပေါ်စီမံကိန်းတစ်ခု ရေးဆွဲကြပြီဆိုရင် သာမန်တာဝန်လေးတစ်ခုလို မသတ်မှတ်ထားပါနဲ့။ ပြည့်ပြည့်စုံစုံနဲ့ အလွယ်တကူ ဆောင်ရွက်နိုင်တဲ့ စီမံကိန်းဖြစ်သင့်ပါတယ်။ လိုအပ်မယ့်အချက်တွေကို ဂရုတစိုက်နဲ့ စဉ်စားဆုံးဖြတ်ပြီးမှ ထည့်သွင်းသင့်ပါတယ်။ တစ်နည်းအားဖြင့်၊ အသုံးမဝင်၊ အထောက်အကူ မဖြစ်စေတဲ့အရာတွေကို ချန်လှပ်ထားရပါမယ်။

အရေးပေါ်စီမံကိန်းရေးဆွဲထားခြင်းက ဘာတွေအကျိုးအမြတ်ဖြစ်စေသလဲ

အချုပ်အားဖြင့် ပြောရရင်တော့၊ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခက်အခဲပြဿနာတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက် ဖြေရှင်းနိုင်မယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ပြန်လည်ပြုပြင်ကြတဲ့အခါ အချိန်နဲ့ ကုန်ကျစရိတ်လည်း သက်သာလာပါလိမ့်မယ်။

Credit: Lifehack

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service