စမူဆာရောင်းဖို့အတွက် Google ကနေ အလုပ်ထွက်ခဲ့တဲ့ အမျိုးသား ယခုဆိုရင် အောင်မြင်တဲ့လုပ်ငန်းကို ပိုင်ဆိုင်ထားနိုင်

စမူဆာရောင်းဖို့အတွက် Google ကနေ အလုပ်ထွက်ခဲ့တဲ့ အမျိုးသား ယခုဆိုရင် အောင်မြင်တဲ့လုပ်ငန်းကို ပိုင်ဆိုင်ထားနိုင် - Property Knowledge in Myanmar from iMyanmarHouse.com
18 Jul 2017 11:41 am တွင် တင်ခဲ့သည်
9053 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ကိုယ်ဝါသနာပါရာအလုပ်ကို လုပ်ဖို့အတွက် လစာအရမ်းကောင်းပြီး
ခိုင်မာစိတ်ချရတဲ့ အလုပ်နေရာတစ်ခုကို စွန့်လွှတ်ရဲတဲ့ သတ္တိမျိုး
ရှိတဲ့သူက ရှားပါးလှပါတယ်။

အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်တဲ့ Munaf Kapadia ဟာ
ဆိုရင် ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီ Google မှာ
လစာကောင်းတဲ့အလုပ်နေရာတစ်ခုကို ရထားလုပ်ကိုင်နေခဲ့ရင်း
ကနေ သူဝါသနာပါရာအလုပ် စမူဆာရောင်းဖို့အတွက် အလုပ်ကနေ
ထွက်လာခဲ့သူဖြစ်ပါတယ်။

အဲဒီလိုနဲ့ သူယုံကြည်ရာ တစ်စိုက်မတ်မတ်လုပ်လာရင်း ယနေ့အချိန်
မှာတော့ သူ့ကုမ္ပဏီဟာ နှစ်စဉ် ရရှိငွေ ရူပီး သိန်း ၅၀
ထိရှိနေပြီ ဖြစ်ပါတယ်။

Google လိုကုမ္ပဏီကြီးမှာ အလုပ်ရဖို့ဆိုတာက အိုင်တီကျွမ်း
ကျင်သူအများစုရဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီက
ပုံရိပ်အရမ်းကောင်းသလို လစာနဲ့ အာမခံချက်လည်း အရမ်းကောင်း
လှပါတယ်။ ဒါပေမဲ့လည်း Munaf တစ်ယောက်ကတော့ Google
ကနေ ထွက်ပြီး စမူဆာ ရောင်းခဲ့ပြီး ခုဆိုရင် Mumbai မြို့က
Bohri Kitchen (TBK) ဆိုတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်ပါတယ်။

MBA ဘွဲ့ရ Munaf ဟာ Google မှာ နှစ်အနည်းငယ် အလုပ်လုပ်ပြီး
ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရှာဖို့ အလုပ်ထွက်ခဲ့ပါတယ်။
ကိုယ်ပိုင်စီးပွားရေးအလုပ်တစ်ခုကို သာ လုပ်ချင်တဲ့ သူ့ရဲ့ စိတ်
ဆန္ဒကြောင့်လည်း သူ အိန္ဒိယကို ပြန်လာခဲ့ပါတယ်။

သူ့အမေဖြစ်တဲ့ Nafisa ဟာဆိုရင်လည်း တီဗီမှာ လာတဲ့
ချက်ပြုတ်ခြင်းအစီအစဉ် တွေကိုကြည့်ရတာ ၀ါသနာပါသူဖြစ်ပြီး
သူကိုယ်တိုင်လည်း တော်တဲ့ စားဖိုမှူးတစ်ဦးလည်း ဖြစ်ပါတယ်။
သူ့အမေကို ကြည့်ပြီး Munaf တစ်ယောက် စားသောက်ဆိုင်လုပ်ငန်း
တစ်ခု ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အမေ ချက်ပြုတ်တဲ့ အစားအစာကို
လူတစ်ချို့ကို မြည်းစမ်းစေခဲ့ပါတယ်။ အဲဒီလို စားသုံးသူတွေကို
ဖိတ်ပြီး အစားအစာတွေ မြည်းစမ်းစေတဲ့ အိုင်ဒီယာက ပေါက်သွားခဲ့ပြီး
နောက်ဆုံးမှာတော့ သူ့ရဲ့ Bohri Kitchen (TBK) လုပ်ငန်းဟာလည်း
အောင်မြင်လာခဲ့ပါတယ်။

နာမည်ကျော် ထင်ပေါ်သူတွေနဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတွေ
တော်တော်များများက TBK က လုပ်ရောင်းတဲ့ စမူဆာတွေကို မှာ
ယူမှု များကြပါတယ်။ စမူဆာအပြင် အခြားသော အမျိုးစုံဟင်းပွဲ
လက်ရာတွေကိုလည်း ရောင်းချခဲ့ပါတယ်။ သူတို့စားသောက်ဆိုင်
ဖွင့်တာ တစ်နှစ်သာသာပဲ ရှိသေးပေမယ့်လည်း
သူတို့မှာ ဝဝဝင်ငွေ ရူပီး သိန်း ၅၀ ရှိနေပြီဖြစ်ပါတယ်။ ဒီထက် ပိုကြီးထွားအောင်လုပ်ငန်းကို Munaf က ချဲ့ထွင်လိုလျက်ရှိနေပါတယ်။

Munaf ရဲ့ ဆိုင်ကတော့ ခုဆိုရင် လူတွေ ကိုယ့်အလှည့်ရောက်ဖို့
တန်းစီစောင့်ဆိုင်းဝယ်ယူနေကြရတဲ့အထိအောင်မြင်နေပြီလို့လည်း
သိရပါတယ်။

Credit: SFJ Strategy First
စမူဆာရောင်းဖို့အတွက် Google ကနေ အလုပ်ထွက်ခဲ့တဲ့ အမျိုးသား ယခုဆိုရင် အောင်မြင်တဲ့လုပ်ငန်းကို ပိုင်ဆိုင်ထားနိုင် - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service