အပေါင်ထားသည့် အိမ်မြေကို ၀ယ်မည်ဆိုလျှင်

အပေါင်ထားသည့် အိမ်မြေကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
13 Jul 2017 11:54 am တွင် တင်ခဲ့သည်
2243 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တစ်နေ့က စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦး ရောက်လာပါသည်။

''အပေါင်ခံထားတဲ့ မြေနဲ့ အိမ်ကိုဝယ်ရင် ဘာပြဿနာ အခက်အခဲ ရှိနိုင်ပါ သလဲ''ဟု ဆွေးနွေးပါသည်။

''သူငယ်ချင်းက အပေါင်ခံထားတဲ့ အိမ်ကို ဝယ်ဖို့ စိတ်ကူးထားလို့လား''

''အိမ်ဈေးက သင့်တယ် ထင်တာနဲ့ ဝယ်မလားလို့ သူငယ်ချင်းကို လာတိုင်ပင် တာ''

''ပစ္စည်းပေါင်တယ်ဆိုတာ (၂)မျိုးရှိတယ်၊ အခုလက်ရှိ အခြေအနေက ဘယ် လို အခြေအနေလဲ၊ အပြင်ပုဂ္ဂိုလ်ထံ ပေါင်တာလား၊ ဘဏ်မှာပေါင်တာလား''

''ဒါတော့ သေချာမသိသေးဘူး၊ အပြင်က လူတစ်ယောက်ထံ ပေါင်တာ ထင် တာပဲ၊ ငွေချေတာနဲ့ ပေါင်ထားတဲ့ ဂရန် စာချုပ်ကို ရွေးပြီး ပေးမယ်ပြောတာပဲ''

''ပစ္စည်းနဲ့ ဆိုင်တဲ့ အပေါင်ခံတာမျိုးမှာ ပစ္စည်းကို လက်ရောက်မယူဘဲ သက် ဆိုင်ရာ စာရွက်စာတမ်းတွေကို အပေါင်ပစ္စည်းအဖြစ် လက်ခံရယူပြီး အပေါင် ခံတာရှိတယ်။ နောက်တစ်မျိုးက သက်ဆိုင်ရာ စာရွက်စာတမ်းအပြင် ပစ္စည်း လက်ရောက် ပေါင်နှံခြင်းဆိုတဲ့ ပစ္စည်းကို လက်ရောက်ရယူ အပေါင်ခံတာ မျိုးလည်း ရှိတယ်''

''ရောင်းမယ့်သူပြောစကားအရတော့ မြေဂရန် စာချုပ် ကိုပဲ အပေါင်ပေးထား တယ် ထင်တယ်''

''ဒါဆိုရင် ရောင်းမယ်ဆိုတဲ့၊ မြေနဲ့ အိမ်မှာ ဘယ်သူတွေနေသလဲ၊ ပိုင်ရှင်တွေ ကိုယ်တိုင်နေထိုင်ကြတာလား''

''ပိုင်ရှင်ကိုယ်တိုင်တော့ မနေဘူးထင်တယ်၊ အခုရောင်းမယ် ဆိုတဲ့ သူနဲ့ေ ဆွမျိုးတစ်ဦးဦး နေတယ်ထင်တယ်''

''ရောင်းမယ်ဆိုတဲ့ အဆောက်အအုံမှာ ဘယ်သူနေသလဲ ဆိုတာတော့ စုံစမ်း ရလိမ့်မယ်၊ ဒါက အလွန်အရေးကြီးတယ်''

''ပိုင်ရှင်က သူတာဝန်ယူတယ်လို့ ပြောတာပဲ''

''ဒါကတော့ မှန်တယ်လေ၊ အရောင်းအဝယ် ကတိစာချုပ်ထဲမှာလည်း ရောင်း သူက အခန်းလွတ်အဖြစ် အပ်ဖို့တာဝန်ယူကြောင်း ထည့်ချုပ်ကြတယ်။ အေ ဆာက်အအုံ မအပ်သေးလို့ ရောင်းဖို့ ငွေချန်ထားတာလည်း ရှိတတ်ကြ ပါ တယ်။ ချက်ချင်းဆင်းမပေးလို့ တရားစွဲ နှင်ရတာတွေလည်း ရှိတတ်တယ်''

''ဘဏ်မှာ ပေါင်ထားတာတွေလည်း ရှိတယ်လို့ ကြားဖူးတယ်''

''ဟုတ်တယ်၊ အချို့ကလည်း အတိုးနှုန်း သက်သာလို့ ဘဏ်တွေမှာ ပေါင် တာလည်း ရှိတယ်''

''ဘဏ်တွေမှာလည်း ပစ္စည်းလက်ရောက် အပ်နှံပေါင်တာတွေ ရှိသလား''

"ရှိပါတယ်။ တစ်ခုရှိတာက နိုင်ငံတော် ဘဏ်တွေမှာ ပေါင်ရင်တော့ နိုင် ငံတော်က ခေတ္တသိမ်းယူထားတဲ့သဘော သက်ရောက်တယ်၊ ပစ္စည်းအေ ပါင်ခံရာမှာလည်း ကာလသတ်မှတ်ပြီး အပေါင်ခံလေ့ရှိတယ်''

''အချိန်ကာလ သတ်မှတ်ပြီး အပေါင်ခံမယ်ဆိုရင် ပစ္စည်းအပေါင်ခံသူက အပေါင်ခံပစ္စည်းကို သုံးစွဲပိုင်ခွင့် ရှိသွားသလား''

''အပေါင်ပစ္စည်းကို မပျက်စီး၊ မယိုယွင်းအောင်တော့ ထိန်းသိမ်းဖို့ တာဝန် ရှိတယ်။ အချို့ကလည်း အပေါင်ခံတဲ့ တိုက်ခန်း၊ အဆောက်အအုံတွေကို အ ခန်းလွတ်အတိုင်း သော့ပိတ်လက်ခံထားတာ ရှိတယ်။ အချို့ကလည်း အိမ် ငှားထားတာ၊ ဆွေမျိုးတစ်ဦးဦးကို အခမဲ့ ခွင့်ပြုချက်နဲ့ ထားတာတွေ ရှိတယ်''

''အပေါင်ရွေးတဲ့နှစ် စေ့ရင် အဆောက်အအုံမှာနေတဲ့သူတွေကို အပေါင်ခံသူ ကပဲ တာဝန်ယူ ရှင်းပေးရမှာပေါ့''

''မှန်ပါတယ်။ အဆောက်အအုံမှာ နေသူတွေကို ဖယ်ရှားပေးပြီး၊ ပေါင်နှံစဉ်က ပစ္စည်းအခြေအနေအတိုင်း ပြန်လည်အပ်နှံရမှာ ဖြစ်တယ်။ အခန်း၊ အေ ဆာက်အအုံကို သော့ပိတ်ထားလို့ သဘာဝအားဖြင့် ယိုယွင်းပျက်စီးမယ်၊ သဘာဝဘေးဒဏ် တစ်ခုခုကြောင့် ယိုယွင်းပျက်စီးမယ်ဆိုရင်တော့ အပေါင်ခံ သူအပေါ်မှာ တာဝန်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်ငှား တင်ထားလို့ဖြစ်ေ စ၊ ခွင့်ပြုချက်နဲ့ ထားလို့ဖြစ်စေ၊ အဆောက်အအုံ၊ တိုက်ခန်း ပျက်စီးမှုရှိခဲ့ရင်ေ တာ့ အပေါင်ခံသူက တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ လိုအပ်ရင် နစ် နာကြေးပေးရမှာဖြစ်တယ်''

''ဒါဆိုရင်တော့ အတော်စဉ်းစားရမယ့် ကိစ္စပဲ''

''ဟုတ်တယ်၊ အိမ်ငှားထားလို့ နှင်ပေးရတဲ့ စီရင်ထုံးတစ်ခု ရှိတယ်''

စာရေးသူက မိတ်ဆွေအား စာအုပ်ဘီဒိုထဲမှ စီရင်ထုံးစာအုပ်ကို ထုတ်ပြီး ဖတ်ပြလိုက်မိပါသည်။

ဦးသန်းအောင်နှင့် မန်နေဂျာ(မြန်မာ့စီးပွားရေးဘဏ်ခွဲ ၅) ပါ ၂ ဦး၊ ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၈၇ အမှုမှာ ရန်ကုန်မြို့၊ လမ်း မတော်မြို့နယ်၊ ယခင် စိန်မောင်ကုမ္ပဏီ ပိုင်၊ သိုလှောင်ရုံ အဆောက်အအုံ ကို ယခင်ပြည်သူ့ဘဏ်အမှတ် ၁၂ သို့ ပေါင်နှံထားစဉ် ဘဏ်မန်နေဂျာက ၂၁-၇-၆၄ နေ့စွဲပါ ငှားရမ်းသည့် သဘောတူစာချုပ်အရ စဘော်ငွေ ၁ ထောင် ကျပ် တစ်လလျှင် ငှားရမ်းခငွေ ၁ ရာကျပ် နှုန်းဖြင့်၊ ဦးသန်းအောင်အား အငှား ချထားခဲ့သည်။ ပြည်သူ့ဘဏ် အမှတ် ၁၂ ကို မြန်မာ့စီးပွားရေးဘဏ်ခွဲ ၅ က ဆက်ခံပြီး စိန်မောင်ကုမ္ပဏီအား ဒေါ်စိန်စိန်က ဆက်ခံသည်။

၁၉၈၅ ခုနှစ်တွင် အပေါင်ငွေများ အပြေအကြေပေးဆပ်ပြီးနောက် အထက်ပါ သိုလှောင်ရုံကို ပေါင်နှံသူ ဒေါ်စိန်စိန်သို့ ပြန်လည်အပ်နှံရန်အတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲ ၅ မှ ဦးသန်းအောင် အပေါ် ၁၉၅၅ ခုနှစ် အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ၊ ဖယ်ရှားပေးရန် ဆောင်ရွက်ခဲ့သည်။
ဦးသန်းအောင်က အစိုးရ အိမ်ဥပစာမဟုတ်၍ အစိုးရ အိမ်ဥပစာနှင်ထုတ်ရေး ဥပဒေသည် မိမိနှင့် မသက်ဆိုင်ကြောင်း မြွက်ဟကြေညာပေးရန်နှင့် ယင်း ဥပဒေအရ ဆက်လက်ဆောင်ရွက်ခြင်းကို မပြုလုပ်ရန် အမြဲတမ်း တားမြစ် ဝရမ်းထုတ်ဆင့်ပေးရန် မြန်မာ့စီးပွားရေးဘဏ်ခွဲ ၅ နှင့် ဒေါ်စိန်စိန်အပေါ် ရန်ကုန်တိုင်းတရားရုံး၌ တရားစွဲဆိုခဲ့သည်။ တိုင်းတရားရုံးတော်က ဦးသန်းေ အာင်၏ အမှုကို ပလပ်ခဲ့သဖြင့် ဦးသန်းအောင်မှ တရားရုံးချုပ်သို့ အယူခံ ဝင်လာသောအမှု ဖြစ်သည်။

တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ ၁၉၅၇ ခုနှစ် အ စိုးရအိမ် ဥပ စာနှင်ထုတ်ခြင်း (ပြင်ဆင်ချက်) ဥပဒေ ပုဒ်မ ၂ (ခ)တွင် အစိုးရ အိမ်ဥပစာ ဆိုသည်မှာ ''အခြားတည်ဆဲတရားဥပဒေအရ နိုင်ငံတော်အစိုးရက ဖွဲ့စည်း တည်ထောင်သည့် အဖွဲ့က (သို့တည်းမဟုတ်) ကော်ပိုရေးရှင်းက ဖြစ်စေ၊ ပိုင်ဆိုင်သော (သို့တည်းမဟုတ်) ငှားရမ်းထားသော (သို့တည်းမဟုတ် ) ခေတ္တ သိမ်းယူထားသော အိမ်ဥပစာကို ဆိုလိုသည်'' ဟု ပြဋ္ဌာန်းထားသည်။

သို့ဖြစ်၍ ဘဏ်၌အပေါင်ခံထားသော ပစ္စည်းသည် အစိုးရ အိမ်ဥပစာဖြစ် သည်ဟု ဆိုရမည်။ ပေါင်နှံသူ ဒေါ်စိန်စိန်က ဘဏ်ကြွေးငွေ ကို ပေးဆပ်ပြီးေ သ်ာလည်း အချင်းဖြစ် ဥပစာမှာ ဒေါ်စိန်စိန်၏ လက်ဝယ်မရောက်ရှိသေး၍ အပေါင်ခံသူ ဘဏ်အနေဖြင့် ပေါင်နှံသူ လက်ဝယ်သို့ အချင်းဖြစ်ပစ္စည်းကို လက်ရောက်ပေးအပ်ရန် တာဝန်ရှိသည်။ ထို့ကြောင့် ဘဏ်အနေဖြင့် ယင်း သို့ တာဝန်ရှိသည့် အားလျော်စွာ အိမ်ငှားချထားသူကို အစိုးရအိမ် ဥပစာနှင် ထုတ်ခြင်း ဥပဒေအရ ဆောင်ရွက်ခြင်းသည် မှားယွင်းမှု မရှိသဖြင့် ဦးသိန်းေ အာင်၏ အယူခံလွှာကို ပလပ်ခဲ့သည်။

''ဒါကြောင့် အပေါင်ထားတဲ့ အိမ်၊ မြေကို ဝယ်မယ်ဆိုရင် ရောင်းမယ့် အိမ်၊ မြေမှာ ပိုင်ရှင်ကိုယ်တိုင် နေ/မနေ၊ အခြားသူများအား ငှားထားခြင်း ရှိ/မရှိ။ မည်သို့ သက်ဆိုင်သူက နေထိုင်သည် ဆိုတာကို သေချာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း''ဟု ရှင်းပြပေးလိုက်ပါသည်။

Credit: Zaykwet Journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service