ခေါင်းဆောင်ကောင်းတစ်ယောက်မှာ အမြှော်မြင်ဉာဏ်ရှိသင့်တယ်ဆိုတာ ယုံကြည်လက်ခံသူ တစ်ယောက်ဖြစ်ပါ။
ရှုထောင့်အမျိုးမျိုးကို ထိန်းညှိနေရင်း ခက်ခဲတင်းကျပ်တဲ့ အလုပ်ရဲ့ကျင့်ဝတ်တွေကို ဖြတ်ကျော်ပြီး အသားတင်ကြွယ်ဝမှု ဒေါ်လာ ၂၀ ဘီလီယံကျော်အောင် စုဆောင်းနိုင်တဲ့သူဆိုတာ ရှာမှရှားပါပဲ။ ဒါပေမဲ့ Alibaba ရဲ့ တည်ထောင်သူနဲ့ CEO တစ်ယောက်ဖြစ်သူ ဂျက်ခ်မား (Jack Ma) ကတော့ အဲဒီရှားပါး လူတွေထဲက တစ်ယောက်ပဲ။ ကမ္ဘာ့အချမ်းသာဆုံးလူတစ်ယောက်ပါ။
သူ့ရဲ့ အနာဂတ်အမြင်တွေ (သို့) သူဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေက သူ့ရဲ့အောင်မြင်မှုတွေကို ဘယ်တော့မှ ပျောက်ဆုံးစေလိမ့်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုရင် ဂျက်ခ်မားရဲ့ အောင်မြင်မှုသော့ချက် တွေဟာ မှန်ကန်ပြီး လူတိုင်းအတွက်လည်း inspire ဖြစ်စေတယ်။ တစ်ပိုင်တစ်နိုင်စီးပွားရေးလေးတွေကနေ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအဖြစ် ရောက်သွားအောင်အထိကို inspire ဖြစ်သွားစေနိုင်တယ်။
၁။ သူဟာ attitude တွေကို တန်ဖိုးထားတယ်
ဂျက်ခ်မားဟာ သူ့ရဲ့ သင်ခန်းစာတွေကနေ သင်ယူမှုပြုခဲ့ပြီး အရေးပါတဲ့ အယူအဆပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ပေါ်က ခံယူမှုသဘောထား (attitude) တွေနဲ့ စိတ်အားထက်သန်မှု (passion) တို့ကို အလေးထားတယ်။
၂။ သူဟာ ရည်မှန်းချက်ပန်းတိုင်တူညီသူတွေနဲ့ ဖွဲ့စည်းတယ်
ဂျက်ခ်မားဟာ ဝန်ထမ်းတွေ၊ စီးပွားဖက်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကိုယ်ဘာပဲပြောပြော ကိုယ်ပြောသမျှ လက်ခံယုံကြည်ဖို့ သေချာမှုရှိအောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် အလုပ်ကြိုးစားတယ်၊ မကြိုးစားဘူးဆိုတာ အလကားပဲလို့ နားလည်လက်ခံထားသူဖြစ်တယ်။
၃။ သူ့မှာ မြှော်မြင်ဉာဏ်ရှိတယ်
ဂျက်ခ်မားဟာ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ အမြှော်မြင်ဉာဏ်ရှိသင့်တယ်ဆိုတာ ယုံကြည်လက်ခံသူ တစ်ယောက်ဖြစ်ပါ။ creative thinking skill မြင့်မားလာအောင် အချိန်ပေးတယ်ပြီး ပင်ကိုယ်ဗီဇစိတ်က နှိုးဆော်လာတဲ့ အရာတွေကို လိုက်လုပ်နိုင်ခြင်းဟာ ပြောင်မြောက်တဲ့ စီးပွားရေးဦးဆောင်သူတွေရဲ့ ဝိသေသလက္ခဏာ တစ်ခုဖြစ်တယ်လို့ လက်ခံထားသူလည်း ဖြစ်ပါတယ်။
၎။ သူဟာ စူပါစကေးရှိသူတွေကို ခန့်အပ်ထားတယ်
ခေါင်းဆောင်နဲ့ ဝန်ထမ်းတွေခြားက ကွဲပြားမှုက ဘာတွေလဲလို့ မေးတဲ့အခါတိုင်း “သင့်ဝန်ထမ်းတွေက သင့်ထက်ပိုတဲ့ စူပါကေးတွေရှိသင့်တယ်” လို့ ဂျက်ခ်မား ပြောလေ့ရှိတယ်။ အကယ်၍ အဲဒီလို သာလွန်တဲ့ ကျွမ်းကျင်မှုတွေသာ မရှိခဲ့ဘူးဆိုရင် လူမှားခေါ်လိုက်တာပဲဖြစ်လိမ့်မယ်လို့ ဆိုလိုတာပဲ။ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုပေါ် အာရုံစိုက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ သိတဲ့သူတွေကိုပဲ အလုပ်ခန့်အပ်တယ်။
Credit: Lifehack, lingualeo, blogspot