သက်သောင့်သက်သာနဲ့ အောင်မြင်စေမယ့် တစ်ပတ် ၅ နာရီ နည်းလမ်း

သက်သောင့်သက်သာနဲ့ အောင်မြင်စေမယ့် တစ်ပတ် ၅ နာရီ နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
28 Jun 2017 11:44 am တွင် တင်ခဲ့သည်
1362 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ပင်ပန်းမှု မဖြစ်စေဘဲ စကေးတက်လာအောင်နဲ့ လုပ်ရည်ကိုင်ရည်လည်း တက်လာအောင် အလေ့အထလေး တစ်ခုအဖြစ် ဖန်တီးပေးနိုင်တဲ့အတွက် တော်တော်လေးကို အကျိုးကျေးဇူး ဖြစ်စေတယ်လို့ ဆိုရမှာပဲ။

ဒီနည်းကို မိုက်ကယ် ဆိုင်မွန် (Michael Simmons) က ရှာတွေ့ခဲ့ပြီး ၅ နာရီစည်းမျဉ်း (5-hours rule) လို့ပဲ ရိုးရိုးရှင်းရှင်း ခေါ်ဝေါ်သုံးနှုန်းခဲ့တယ်။
တစ်ချိန်က အများစုအသုံးပြုနေကြတဲ့ 10,000-hour rule ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေဖော်ထုတ်ပြီး ဒီနည်းကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းမှာက လေ့လာလေ့ကျင့် လုပ်ဆောင်ဖို့ရာအတွက် တစ်ပတ်မှ ၅-နာရီ (သို့) တစ်ရက်မှ တစ်နာရီလောက်ပဲ အချိန်ပေးရတာမို့ အားလုံးအတွက်လည်း တော်တော်ကို အဆင်ပြေပါတယ်။
ပြောရရင်တော့ ဒီနည်းလမ်းဟာ အမြဲတမ်း တွေးခေါ်မှုတွေနဲ့ ပြည့်နက်နေရတဲ့ ဦးနှောက်လည်း ပင်ပန်းမှု မဖြစ်စေဘဲ စကေးတက်လာအောင်နဲ့ လုပ်ရည်ကိုင်ရည်လည်း တက်လာအောင် အလေ့အထလေး တစ်ခုအဖြစ် ဖန်တီးပေးနိုင်တဲ့အတွက် တော်တော်လေးကို အကျိုးကျေးဇူး ဖြစ်စေတယ်လို့ ဆိုရမှာပဲ။

ပြီးတော့ ဒီနည်းလမ်းကို ပုံမှန်လေးနဲ့လုပ်ယူရတဲ့ လေ့ကျင့်ခန်းတစ်ခုလိုပဲ သဘောထားလုပ်ဆောင်နိုင်ဖို့ ဆိုင်မွန်က ရည်ရွယ်အကြံပြုပေးထားခဲ့တယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကောင်းကောင်း လှုပ်ရှားလုပ်ဆောင်နိုင်အောင် တစ်ရက်မှာ လေ့ကျင့်ခန်းလေးတစ်ခုလောက်တော့ အနည်းဆုံး လုပ်ဆောင်ပေးဖို့ လိုအပ်သလိုပဲ အသစ်အသစ်သော အိုင်ဒီယာတွေ၊ စိတ်ကူးကြံဆမှုတွေ ထုတ်လုပ်နိုင်ဖို့ရာ အတွက်လည်း အခြေခံအားဖြင့်တော့ နေ့စဉ်နဲ့အမျှ ဆန်းသစ်များပြားနေတဲ့ စိန်ခေါ်မှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဥနှောက်တွေကို လှုံ့ဆော်ပေးနေဖို့လိုပါတယ်။ ဒါကြောင့် အခုဖော်ပြလိုက်တဲ့ တစ်ပတ် ၅-နာရီ နည်းလမ်းလေးဟာ သိပ်ကို အကျိုးကျေးဇူးဖြစ်ထွန်းစေအတွက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ အောက်မှာ ရှင်းပြပေးထားပါတယ်။

၁။ သတိမြဲအောင် လေ့ကျင့်ပါ

အောင်မြင်သူအများစုဟာ နေ့စဉ်နေ့တိုင်းလိုလို အချိန်ပိုင်းတရားထိုင်တာ၊ ယောဂကျင့်တာ၊ ဒါမှမဟုတ် သူတို့ရဲ့ဥနှောက်ကို တည်ငြိမ်အေးချမ်းနေအောင် ကူညီပေးနိုင်တဲ့ အရာတွေမှာ အာရုံစူးစိုက်ထားတာမျိုး စတဲ့ လုပ်ဆောင်ချက်လေးတွေအတွက် အချိန်ပေးလေ့ရှိကြတယ်။ ဒီလိုလုပ်ပေးခြင်းက သူတို့ရဲ့ နေ့စဉ်စိန်ခေါ် မှုတွေပေါ်မှာလည်း ပိုပြီး အာရုံစူးစိုက်နိုင်စွမ်း ရှိလာစေပါတယ်။ သတိတရားပိုကောင်းလာလေလေ ထုတ်လုပ်နိုင်စွမ်းလည်း ပိုကောင်းလာလေလေဖြစ်ပြီး ဘယ်လိုစကေးမျိုးကိုပဲဖြစ်ဖြစ် တိုးတက်ဖြစ်ထွန်း လာစေပါတယ်။ ဒါကြောင့် အသစ်အသစ်သော နေ့တွေများစွာအတွက် ကျွန်တော်တို့ရဲ့ စိတ်တွေကို နေ့စဉ်ပုံမှန်လေး အချိန်ပေးပြင်ဆင်ကြဖို့ လိုပါတယ်။

၂။ စာဖတ်ပါ

စာဖတ်တဲ့အလေ့အကျင့်ကို ပြုစုပျိုးထောင်ပါ။ စာဖတ်ခြင်းဟာ အကောင်းဆုံး သင်ယူမှုတစ်ခုပဲဖြစ်ပါတယ်။ Oprah Winfrey၊ David Rubenstein နဲ့ Dan Gilbert တို့လို အောင်မြင်သူတွေအားလုံးဟာ တစ်ရက်မှာ အနည်းဆုံး တစ်နာရီစာလောက်တော့ စာဖတ်လေ့ရှိကြပါတယ်။ စာဖတ်ခြင်းကလည်း အကောင်းဆုံး စိတ်အပန်းဖြေမှုတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့စကေးတွေလည်း ပိုမိုတိုးတက်လာစေပါတယ်။

၃။ ချိန်ညှိပါ

အအောင်မြင်ဆုံးပုဂ္ဂိုလ် တော်တော်များများကတော့ အောင်မြင်ဖို့ရာအတွက် အလုပ်တစ်ခုခုမှာ ကျားကုတ်ကျားခဲ ကြိုးစားနေဖို့ထက် ထုတ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရေးကိုပဲ လုပ်ဆောင်ကြဖို့ အကြံပြု တိုက်တွန်းကြလေ့ရှိပါတယ်။ သူတို့ဟာ မိသားစုနဲ့ အလုပ်ကြားမှာ ဘယ်လိုချိန်ညှိရမလဲဆိုတာကို လေ့လာကြံဆရင်း သင်ယူလေ့ရှိကြသူတွေဖြစ်ပါတယ်။ သူတို့အများစုဟာ သူတို့ရဲ့စိတ်တွေကို ပစ္စုပ္ပန်မှာပဲ ထားလေ့ရှိပြီး သူတို့ဘဝရဲ့အရေးပါတဲ့ ကဏ္ဍတစ်ခုစီအတွက်လည်း အပြည့်အဝ နှစ်မြှုပ်နိုင်ကြသူတွေ ဖြစ်ပါတယ်။

Credit: Lifehack
သက်သောင့်သက်သာနဲ့ အောင်မြင်စေမယ့် တစ်ပတ် ၅ နာရီ နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
သက်သောင့်သက်သာနဲ့ အောင်မြင်စေမယ့် တစ်ပတ် ၅ နာရီ နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service