မြေဝယ်ယူနည်း လမ်းညွှန်

မြေဝယ်ယူနည်း လမ်းညွှန် - Property Knowledge in Myanmar from iMyanmarHouse.com
21 Jun 2017 11:32 am တွင် တင်ခဲ့သည်
5318 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

မြေ၀ယ်ချင်လို့ ဘယ်လိုများ ၀ယ်ရမလဲဆိုတဲ့ မြေ၀ယ်နည်းများကို မေးမြန်း လာတဲ့အတွက် ဒီတစ်ပတ် မြေ၀ယ်ယူပုံ လေးကို ရေးသားတင်ဆက်လိုက်ပါ
တယ်။

လူကြီးမင်းတို့ဟာ ဂရံမြေတစ်ကွက်ကို ၀ယ်ယူရန်အတွက် မြေအမည်ပေါက် ပိုင်ရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့သည် ဆိုပါစို့။

ဒါဆိုပထမဆုံးလုပ်ရမယ့်အလုပ်ကမြေဈေးကို ညှိရပါမယ်။ ပိုင်ရှင်ခေါ်ဈေးနဲ့ လူ ကြီးမင်းတို့ရဲ့ ပေးနိုင်မယ့်ဈေးကိုညှိရပါမယ်။ ဈေးညှိပြီးလို့ ကြိုက်ပြီဆိုတာ နဲ့ ၀ယ်ယူမည့်မြေကွက်ရဲ့ ဂရံမြေခွန်နှင့် အရောင်းအ၀ယ် စာချုပ်တို့ကိုေ တာင်း ယူကြည့်ရှုပြီး အမည်ပေါက်မြေပိုင်ရှင်က ရောင်းခြင်း ဟုတ်/မဟုတ် ကို လေ့ လာရပါမယ်။

အမည်ပေါက်မြေပိုင်ရှင် ရောင်းသည်ဆိုပါက အရောင်းအ၀ယ်အတွက် စ ရံငွေ ပေးချေလို့ရပါပြီ။ စရံငွေ အချို့ ပေးချေသည့်နေ့၌ ယင်းမြေကွက်၏ မြေ ဂရံ မူရင်းအားမှန်ကန်ခြင်း ရှိ / မရှိ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ (သို့) အိုးအိမ်ဦးစီးဌာန အစရှိသည်တို့၌ သွားရောက် စစ်ဆေးရပါမည်။

မှန်ကန်ပါက ယင်းမြေကွက်နှင့် သက်ဆိုင်ပတ်သက်သော စာချုပ်စာတမ်းများ ကို မိတ္ထူတစ်စုံကူးယူထားရပါမည်။ ၎င်းအပြင် နိုင်ငံပိုင်သတင်းစာ၌ ယင်းမြေ ကွက်နှင့်ပတ်သက်ပြီး စရံငွေတချို့ပေးချေထားပြီးဖြစ်၍ ကန့်ကွက်လိုသူများ ရှိပါက လာရောက်ကန့်ကွက်နိုင် ကြောင်း သတင်းစာကြော်ငြာ ထည့်သွင်းရ ပါမည်။

အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုနိုင်ရန် အတွက် မြေကွက်ပိုင်ရှင်အား ၎င်း၏ ကုန်ကျစရိတ်နှင့် အရောင်းမြေပုံကူးယူပေးရန် တောင်းဆိုရပါမည်။

သတင်းစာ၌ ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်သွင်းပြီး (၁၄) ရက်ပြည့် သည့်တိုင် လာရောက်ကန့်ကွက် မည့်သူမရှိပါက အရောင်းအ၀ယ်အား ဆက် လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

မြေကွက်နှင့်ပတ်သက်ပြီး နောက်ဆုံးကျန်ငွေအား ၀ယ်ယူသူမှ ရောင်းချသူ သို့ ပေးချေမည့်နေ့တွင် ရောင်းချသူထံမှ ရောင်းချမည့် မြေကွက် နှင့်တကွ ဂရံမူရင်း၊ မြေခွန်မူရင်း၊ ရေခွန်မူရင်း၊ မီတာခွန်နှင့် ယင်းမြေကွက်နှင့် စပ်ဆိုင် ပတ်သက်သော စာချုပ်စာတမ်း မူရင်းအားလုံးကို ၀ယ်ယူမှတောင်းခံရမည့် အပြင် ယင်းမြေကွက်အား ၀ယ်ယူသူအမည်ပေါက်ရေးအတွက် ၀ယ်သူမှ စ ရိတ်စကကျခံပေးပြီးရောင်းချသူမှ သက်ဆိုင်ရာ ရုံးဌာနအသီးသီးတွင် လက် မှတ်ရေးထိုးဆောက်ရွက် ပေးမည်ဖြစ်ကြောင်း အရောင်းအ၀ယ် စာချုပ်၌ က တိပြုလက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။

ရောင်းချသူအနေနှင့် ၀ယ်ယူသူအမည်ပေါက်ရေးအတွက် ရုံးဌာနအသီးသီး တွင် လိုက်လံဆောင်ရွက်ရန် အခက်အခဲရှိပါကရောင်းချသူအားရန်ကုန်မြို့
စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ ယင်းမြေကွက်အားစီမံခန့်ခွဲပိုင် ခွင့်အတွက် အထူးကိုယ်စားလှယ်လွှဲစား (S.P) ကိုပေးအပ်ရမည်ဖြစ်ပါသည်။

Credit: Myanmar Property News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service