အတုယူအားကျစရာကောင်းသော အောင်မြင်ကျော်ကြားသူများ၏ဘဝများ

အတုယူအားကျစရာကောင်းသော အောင်မြင်ကျော်ကြားသူများ၏ဘဝများ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jun 2017 11:20 am တွင် တင်ခဲ့သည်
1570 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အမှန်တကယ်အလေးအနက်ထားပြီးအောင်မြင်ချင်သူများအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုမှာ အောင်မြင်ကျော်ကြားသူများ၏ဘဝဖြတ်သန်းပုံများကို လေ့လာသင်ယူပြီး လက်တွေ့ကျကျအကောင်အထည်ဖော်ရန်ဖြစ်သည် ။

အောင်မြင်လိုသောစိတ်ရှိသူတော်တော်များများလည်းဘဝတွင်ကျရှုံးမှုများကြုံတွေ့ရလေ့ရှိတတ်ကြပါတယ်။ အဘယ့်ကြောင့်ဆိုသော် အောင်မြင်သူများ၏သာယာလှပသောဘဝကိုသာမြင်တွေ့ကြတတ်ပြီး လက်ရှိဘဝကိုရောက်ဖို့ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရလည်းဆိုတာ မမြင်နိုင် မသိနိုင်ခဲ့ကြလို့ပါ။ အောင်မြင်သောသူများ၏ ဘဝဖြတ်သန်းပုံကို သိရှိခြင်းအားဖြင့် သင်လည်းပဲ ဘယ်လိုအတုယူကျော်ဖြတ်နိုင်မလဲ သင့်အတွက်ကော ဘယ်လိုအခွင့်အရေးတွေရရှိပြီး ပန်းတိုင်ကိုရောက်ဖို့ ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာ သင်ခန်းစာယူနိုင်မှာပါ။

ကျွန်တော်မျှဝေချင်တဲ့အကြောင်းအရာလေးကတော့ အောင်မြင်ကျော်ကြားသူများ၏ဘဝကိုအတိုချုန်းထားတဲ့
သင်ခန်းစာလေးတွေပါ ။
အခက်အခဲတွေကိုကျော်ဖြတ်ပြီး အများလေးစားဂုဏ်ယူတဲ့ ဘဝကိုရောက်ရှိခဲ့ပုံလေးတွေပါ ။

Soichiro Honda
ဟွန်ဒါကုမ္ပဏီကို တည်ထောင်ထားသူပေါ့ ။ ဟွန်ဒါလို့ဆိုလိုက်တာနဲ့မသိသူမရှိသလောက်ဖြစ်တဲ့ ကမ္ဘာကျော်ကားအမျိုးအစား အခုဆိုဆိုင်ကယ် အင်ဂျင် အစရှိသဖြင့်ထုတ်လုပ်နေပါပြီ ။တစ်ချိန်က ဟွန်ဒါ
မတည်ထောင်ခင်တိုယိုတာကားကုမ္ပဏီမှာဝန်ထမ်းအဖြစ်အလုပ်လျှောက်စဉ်မိမိနှင့်သင့်တော်သောနေရာမရှိဟု အငြင်းခံလိုက်ရသူတစ်ဦးဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်မကျတဲ့အပြင် မခံချင်စိတ်ဖြင့်ကြိုးစားသဖြင့်
ယခုအချိန်မှာ တိုယိုတာနှင့်အပြိုင်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေနိုင်ပါပြီ ။ သင်လည်းပဲ ဘယ်လိုပဲအငြင်းခံနေရပါစေ သင်ရောက်လိုတဲ့ပန်းတိုင်ကို ရောက်အောင်သွားပါ ။

Stephen King

နာမည်ကြီးစာရေးဆရာတစ်ဦးလို့ လူသိများတဲ့ စတီဗင်ကင်းဟာဆိုရင်လည်း ပထမဦးဆုံးဝထ္ထုကိုဖြန့်ချီရန် ကြိုးစားရာမှာ ဘယ်လိုမှအဆင်မပြေခဲ့ပဲ အမှိုက်ပုံးထဲအထိ မိမိစာအုပ်ကိုစွန့်ပစ်ခဲ့ပြီး ဇနီးမယားရဲ့
အားပေးတိုက်တွန်းမှုနဲ့ အမှိုက်ပုံးထဲက ပြန်ကောက်ယူကာ နောက်တစ်ကြိမ်ဖြန့်ချီရန်ကြိုးစားရာမှအစပြုကာ အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်လာခဲ့ပါတယ်။သင်ခန်းစာအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ပါ ။
ဘယ်သူမှလက်မခံသေးခင်ကာလမှာ စိတ်ရှည် ဇွဲရှိရှိနဲ့ ကိုယ်သွားလိုတဲ့ခရီးကိုရောက်အောင်သွားပါ ။

Thomas Edison

သောမတ်စ်အဲဒီဆင် လို့ ဆိုလိုက်ရင်တော့ လူအများသိပြီးတဲ့အတိုင်းမီးသီးတစ်လုံးထွန်းလင်းဖို့အတွက် မီးသီးပေါင်း ၉၉၉ လုံးအရင်စမ်းသပ်ခဲ့ရာ မအောင်မြင်ပဲ အလုံးတစ်ထောင်ရောက်မှ အောင်မြင်စွာနဲ့ တီထွင်နိုင်ခဲ့တာပါ။ မဆုတ်မနစ်ကြိုးပမ်းမှုအတွက် အံ့အားသင့်စရာကောင်းပေမယ့် သူ့ရဲ့တုံ့ပြန်မှုကတော့ မအောင်မြင်တဲ့မီးသီးတစ်လုံးကိုစမ်းသပ်တိုင်း ဒါဟာနည်းလမ်းအမှန်မဟုတ် မီးသီးမီးလင်းတဲ့အထိ ထပ်ကာ
တလဲလဲ ကြိုးစားခဲ့သူတစ်ဦးပါ ။ သင်လည်းပဲ ဘဝမှာ ဘယ်လိုကျရှုံးမှုများစွာ ကြုံတွေ့နေရပါစေ သောမတ်စ်အဲဒီဆင် ရဲ့ ဘဝသင်ခန်းစာကိုယူပြီး သင်လိုချင်တဲ့ဘဝမျိုးဖြစ်အောင် ကြိုးစားပါ ။

Oprah Winfrey

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ရုပ်သံတင်ဆက်သူ အိုပရာ ဟာဆိုရင်လည်း သူမရဲ့ဘဝယခုလို မဖြစ်ခင်ကအလုပ်မှ အထုတ်ခံရဖူးပြီး ရုပ်သံလောကကိုဝင်စက သူမနဲ့မကိုက်ညီ
နိုင်ဟု အပြောခံရဖူးသူဖြစ်ပါတယ် ။ သူမလည်း မည်သို့သောအခါကမျှအရှုံးသမားလို့မခံယူပဲ ရုန်းကန်ကြိုးစားရာမှ ယခုလိုအများအထင်ကြီးလေးစားရတဲ့ လူတစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ ။

Bill Gates

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မိုက်ကရိုဆော့ဖ်ကို တည်ထောင်သူဘီးလ်ဂိတ်ဟာဆိုရင်လည်း တစ်ချိန်က အခြားကုမ္ပဏီတစ်ခုမှာပရောဂျက်တစ်ခုအတွက်သူ့ရဲ့ အိုင်ဒီယာကို အဆိုတင်သွင်းတဲ့အခါ
အငြင်းခံရဖူးပါတယ် ။ သူလည်းပဲ လူတကာအထင်ကြီးလေးစားရတဲ့ဘီလ်ဂိတ် ဖြစ်လာတာပဲလေ ။

အဲ့ဒီလို အောင်မြင်ကျော်ကြားသူတွေရဲ့ ဘဝသင်ခန်းစာတွေကိုအမိအရယူပြီး သင့်ဘဝအတွက် အကျိုးရှိအောင်လက်တွေ့အသုံးချနိုင်မယ်ဆိုရင် သက်လည်းပဲ သင်လိုချင်တဲ့ အောင်မြင်တဲ့ ဘဝကို
ပိုင်ဆိုင်နိုင်မှာပါ ။

ကျွန်တော့အတွက်တော့ ဘဝသက်ခန်းစာအဖြစ်ရရှိလိုက်တာကတော့...

(၁)အငြင်းခံရခြင်းများစွာရှိခဲ့သော်ကိုယ့်ဘဝအရှုံးသမားအဖြစ်မခံယူရန်

(၂)ရှုံးနိမ့်ခဲ့ဖူးခြင်းကို ပြသနာတစ်ခုဟု မထင်မှတ်ရန်

(၃)ကိုယ့်ကိုလက်မခံသူများဟာ ကိုယ့်အကြောင်းကို မသိသောသူများ
အဖြစ် မှတ်ယူရန်

(၄)ဘယ်သူလက်ခံခံ မခံခံ ကိုယ့်ကိုယ်ကို ယုံကြည်မှုအမြဲတမ်းရှိရန်

ဘဝမှာဘယ်လိုအခက်အခဲနဲ့တွေ့တွေဘယ်လိုကြမ်းတမ်းမှုမျိုးနဲ့ဆုံဆုံ မလျော့သောဇွဲဖြင့်
ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း...

ဖတ်ထားမှတ်ထားသောစာပေများထဲမှထုတ်နုတ်တင်ပြလိုက်ပါသည်

Credit: တောသားလေးရဲ့ စာပေရွာ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service