Billionaire ?ဘယ်လိုလူလည်း?ဘယ်လိုဖြစ်လဲ?

Billionaire ?ဘယ်လိုလူလည်း?ဘယ်လိုဖြစ်လဲ? - Property Knowledge in Myanmar from iMyanmarHouse.com
12 Jun 2017 11:26 am တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

၁၉၁၆ ခုနှစ်မှာ ရေနံလုပ်ငန်းရှင်ကြီး John D. Rockefeller ဟာ
ကမ္ဘာ့ ပထမဦးဆုံး ဘီလီယံနာ ဖြစ်လာပါတယ်။ နောက်နှစ် ၁၀၀
လောက်ကြာတဲ့အချိန် ၂၀၁၅ ခုနှစ်အရောက်မှာတော့ အမေရိ
ကန်နိုင်ငံမှာ ဘီလီယံနာပေါင်း ၅၃၆ ယောက်ရှိနေပြီလို့သိရပါတယ်။
တစ်ကမ္ဘာလုံးမှာတော့ ၁၈၂၆ ယောက်ရှိနေပါပြီ။

ဘယ်သူဟာ ဘီလီယံနာ ဆိုတဲ့ အဆင့်မှာရှိနေသလဲဆိုတာကို
သိရဖို့က ခက်ခဲပါတယ်။ဘာလို့လည်းဆိုတော့လူအများစု က
ကိုယ့်ရဲ့ ပိုင်ဆိုင်မှုဘယ်လောက်ရှိတယ်ဆိုတာကို ပေါ်ပေါ်တင်တင်
ကြေငြာတာမျိုးမလုပ်ချင်ကြလို့ဖြစ်ပါတယ်။ အခုလက်ရှိ အမေရိကန်
နိုင်ငံ သမ္မတ တစ်ဖြဟ်လည်း ဘီလီယံနာ လုပ်ငန်းရှင်ကြီး
Donald Trump ကတော့ သူ့အတွက်ငွေဟာ ဘယ်တုန်းကမှ
အလုပ်ကြိုးစားဖို့ ရည်မှန်းချက်မဖြစ်ခဲ့ဘူး၊ တစ်ကယ်တမ်းစိတ်
လှုပ်ရှားစရာကောင်းတာက ပြိုင်ဆိုင်မှုပဲဖြစ်တယ်လို့ ဆိုခဲ့ဘူးပါတယ်။

အမေရိကန်နိုင်ငံ ရဲ့ စာရင်းတွေအရ ၁၉၁၆ ခုနှစ် အမေရိကန်နိုင်ငံ
မှာ လူဦးရေ ၁၀၂ သန်းပဲရှိတဲ့အချိန်မှာ မှာ ဘီလီယံနာ ၁ ယောက်
ပဲရှိခဲ့ပြီး ၂၀၁၅ ခုနှစ် လူဦးရေ ၃၂၀ သန်းရှိလာတဲ့အချိန်မှာတော့
လူဦးရေ ၆ သိန်းမှာ တစ်ယောက်ဟာ ဘီလီယံနာဖြစ်နေပါပြီ။
ဒီနှုန်းထားအတိုင်း(တစ်နှစ်ကို ၆ ဒသမ၄၉ ရာခိုင်နှုန်း) အတိုင်းတာ
ဆက်လက်တိုးတက်လာဦးမယ်ဆိုရင် ၂၀၅၀ ခုနှစ်အရောက်မှာ
အမေရိကန်နိုင်ငံမှာ လူဦးရေ ၄၈၀၀ အထိရှိလာနိုင်တယ်
လို့ခန့်မှန်းရပါတယ်။

ဘီလီယံနာဆိုတာ ဘာလဲ

ပိုင်ဆိုင်မှုအသားတင် ၁ ဘီလီယံ နဲ့ ၁ ဘီလီယံအထက် ရှိကြတဲ့
သူတွေအကုန်လုံးကို ဘီလီယံနာလို့ခေါ်ပါတယ်။ နောက်တစ်
နည်းပြောရရင်၊ သင့်မှာရှိသမျှ ပစ္စည်းတွေအကုန်လုံးကို ထုခွဲရောင်း၊
ရှိသမျှအကြွေးတွေအကုန်လုံးကိုဆပ် ပြီး လက်ထဲမှာ ၁ ဘီလီယံ
ကျန် နေ ရင် သင်က ဘီလီယံနာပါပဲ။
ဒါပေမဲ့ သင့်မှာ ၁ ဘီလီယံတန် လုပ်ငန်းရှိပေမယ့် ၊အကြွေးက
သန်း ၉၀၀ ရှိ နေရင် သင်က ဘီလီယံနာမဟုတ်ပါဘူး။

၁ ဘီလီယံဆိုတာက ဘယ်လောက်များသလဲ ဆိုတော့ ၁ ဘီလီယံ
ဟာ ၁ ဒေါ်လာ တန်တွေနဲ့ပဲသာဆိုရင် ရေတွက်ဖို့ လူ၃ ယောက်ဟာ
တစ်နေ့ကို ၈ နာရီ နဲ့ ၄၄ နှစ်ရေတွက်ရမှာဖြစ်ပါတယ်။
ဘီလီယံနာ အများစုက သူတို့ရဲ့ ကြွယ်ဝမှုတွေ ကို ဇိမ်ခံသင်္ဘောတွေ၊
စူပါကားတွေ၊ကိုယ်ပိုင် ဂျက်လေယာဉ် အိမ်အကြီးကြီးတွေ မှာ
သုံးကြပေမယ့် အချမ်းသာဆုံးလူတွေကတော့ တော်တော်ကို
ချိုးချိုးခြံခြံနေထိုင်ကြပါတယ်။ ကြွားဝါခြင်းမရှိဘူးလို့ဆိုရမလား
ကပ်စေးနဲ တာလို့ပဲဆိုရမလားတော့ မသိပါဘူး။

ကမ္ဘာအချမ်းသာဆုံး နံပါတ် ၂ မှာ ၁၅ နှစ် တိတိနေခဲ့ပြီးအခုနံပါတ်
၃ မှာရှိနေတဲ့ Warren Buffett ဆိုရင် လွန်ခဲ့တဲ့ နှစ် ၅၀ က ၀ယ်
ထားတဲ့ Nebraska က ဒေါ်လာ ၃သောင်းတန်အိမ်မှာပဲအခုထိနေ
ထိုင်နေဆဲပါပဲ။

ဘီလီယံနာအများစုရဲ့ တူညီမှုများ

ဘီလီယံနာတွေဟာ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေဆိုပေမဲ့ Forbes
သတင်းဌာနရဲ့ လေ့လာမှုအရတော့ တော်တော်များများ မှာ တူညီတဲ့
အတွေ့အကြုံတွေရှိကြပါတယ်။
ဘီလီယံနာဆိုတာ နေရာ တစ်ခုကိုရောက်ရှိဖို့ အချိန်တော်တော်
ပေးရပါတယ်။

Forbes ရဲ့ ဘီလီယံနာ စာရင်းမှာ ပါရှိတဲ့လူတွေရဲ့ ပျှမ်းမျှအသက်က
၆၃ နှစ်ဖြစ်ပြီးတော့ ၉၀ ရာခိုင်နှုန်းကျော်က အသက် ၄၅ နှစ်နဲ့
အထက်ကလူတွေပဲဖြစ်ပါတယ်။ အခုခေတ်မှာတော့ ထူးခြားတဲ့
လူငယ်ဘီလီယံနာတွေ အများအပြားပေါ်ထွက်လာတာကိုတွေ့
ရပါတယ်။ သူတို့တွေကအများအားဖြင့်တော့ နည်းပညာ နယ်ပယ်
လုပ်ငန်းတွေကပဲဖြစ်ပါတယ်။ အသက် ၂၅ နဲ့ ၂၆ မှာတင်
Snapchat ရဲ့ တည်ထောင်သူတွေဖြစ်တဲ့ Evan Spiegel နဲ့ Bobby Murphy တို့ဆိုရင် ဘီလီယံနာတွေဖြစ်နေကြပါပြီ။ ၃၂ နှစ်
အရွယ် Facebook ကိုစတင်တည်ထောင်သူ Mark Zuckerberg
ကတော့ ကမ္ဘာ့အချမ်းသာဆုံး နံပတ် ၆(Forbes) မှာရှိနေပြီး
၄၄ ဘီလီယံကျော်ကြွယ်ဝပါတယ်။

ပညာရေးက အရေးပါပါတယ်။ဒါပေမဲ့ မရှိမဖြစ်တော့
မဟုတ်ပါဘူး
ဘီလီယံနာစာရင်းမှာပါတဲ့လူတွေရဲ့ သုံးပုံ နှစ်ပုံက တက္ကသိုလ်ဘွဲ့ရများဖြစ်ပါတယ်။ အင်ဂျင်နီယာဘွဲ့ရတွေကအများဆုံးဖြစ်ပြီးတော့ စီးပွားရေးဘွဲ့ရတွေက ဒုတိယဖြစ်ပါတယ်။ အံ့အားသင့်စရာကောင်းတာကတော့ Forbes ဘီလီယံနာ စာရင်းထဲက ၃၀ရာခိုင်နှုန်းသော ဘီလီယံနာတွေဟာ ဘွဲ့ရတွေမဟုတ်ကြပါဘူး။ Bill Gates၊ Mark Zuckerberg၊ Michael Dell၊ Larry Ellison တို့ဟာ ဘွဲ့မရခင်ကျောင်းထွက်ခဲ့ကြပြီးတော့ သေဆုံးသွားပြီဖြစ်တဲ့ Steve Jobs ဟာလည်း ဘွဲ့မရခဲ့ပါဘူး။

မိသားစုကငွေထောက်ပံ့တယ်ဆိုရင် အကူအညီဖြစ်ပါတယ်၊
ဒါပေမဲ့အရမ်းအထောက်အကူမဖြစ်ပါဘူး။
ဘီလီယံနာတွေရဲ့ ၆၀ ရာခိုင်နှုန်း ဟာ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစား
ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။Bill Gates၊ Warren Buffett၊ Ellison
စတဲ့သူတွေအကုန်လုံးက လူလတ်တန်းစားမိသားစုကပေါက်
ဖွားလာတာပဲဖြစ်ပါတယ်။ ဘီလီယံနာတွေရဲ့ လေးပုံတစ်ပုံကသာ
မိသားစုက ထောက်ပံ့တဲ့ ငွေတွေကိုအရင်းပြုပြီး ဘီလီယံနာဖြစ်
လာတာပါ။ အဲလိုလူတွေထဲမှာ လက်ရှိ ကမ္ဘာအချမ်းသာဆုံး နံပါတ်
၎ မှာ ရှိနေတဲ့ Carlos Slim Helu လည်းပါ ပါတယ်။ ဘီလီယံနာ
တွေ အကုန်လုံးထဲမှာ ၁၅ ရာခိုင်နှုန်းကတော့ အလွန့်လွန်ကံ
ကောင်းပြီး အမွေတွေရတာကနေ ဘီလီယံနာဖြစ်နေတာပါ။
နည်းပညာလုပ်ငန်း၊ငွေကြေးနဲ့ အိမ်ခြံမြေလုပ်ငန်းတွေဟာ ၀င်ငွေ
များစွာရဖို့အခွင့်အလမ်းများပါတယ်။

ဘီလီယံနာတွေ တော်တော်များများရဲ့ ချမ်းသာကြွယ်ဝလာရခြင်း
အကြောင်းက ဈေးကွက်ကို ကိုင်လှုပ်လိုက်နိုင်တဲ့ နည်းပညာသစ်
တွေတီထွင်ပြီးတော့ ကုမ္ပဏီကို အများပိုင်အဖြစ်ပြောင်းလဲလိုက်
တာပါပဲ။ဥပမာ Microsoft (Gates, Paul Allen, and Steve
Ballmer), Google (Larry Page, Sergey Brin, and Eric
Schmidt), Amazon.com (Bezos), and Facebook (Zuckerberg) တို့ဟာ နည်းပညာသီးသန့်နဲ့ အောင်မြင်ချမ်းသာလာတဲ့ ကုမ္ပဏီ
တွေဖြစ်ပါတယ်။

တစ်ခြား သူဌေးတွေကျတော့ သူတို့ရဲ့ကိုယ်ပိုင်ငွေတွေကို
capital investors တွေကတစ်ဆင့် လုပ်ငန်းပေါင်းများစွာမှာ
ရင်းနှီးမြှုပ်နှံပြီးဝင်ငွေအမြောက်အများရရှိကြပါတယ်။
Warren Buffett က တော့ Wall Street မှာ နာမည်အကြီးဆုံး
ရင်းနှီးမြှုပ်နှံသူကြီး လို့ ဆိုလို့ရပါတယ်။

နောက် တစ်ဖွဲ့ကတော့ ကတော့ အိမ်ခြံမြေ လုပ်ငန်းရှင်ကြီး
တွေပဲဖြစ်ပါတယ်။သူတို့ဟာ အိမ်ခြံမြေတွေများစွာ ဆောက်လုပ်
ရောင်းချခြင်း၊ချဲ့ထွင်ခြင်းတွေကနေ ၀င်ငွေအမြောက်အများရရှိကြ
ပါတယ်။ ဒီအုပ်စုထဲမှာတော့ Donald Brin နဲ့ အခုလက်ရှိအမေရိ
ကန်သမ္မတ ဖြစ်နေတဲ့ Donald Trump၊ တို့ ပါဝင်ပါတယ်။
ဘီလီယံနာဖြစ်ဖို့ အချက်များဘီလီယံနာ ဆိုတဲ့အဆင့်တစ်ခုကိုရရှိနိုင်ဖို့ဆိုတာ အလုပ်အရမ်းကြိုးစားတာ၊ စိတ်အားထက်သန်တာနဲ့မရပါဘူး။လိုတော့
လိုပါတယ်။ လူတော်တော်များများက အလုပ်အရမ်းကြိုးစားကြပြီး
ဘာအမှားမှ မလုပ်ကြပေမယ့် ကံဆိုးတာ၊ပတ်ဝန်းကျင် မှာ ဖိနှိပ်မှု၊
မကောင်းမှုတွေရှိနေတာ များနဲ့ အကြောင်းအမျိုးမျိုးကြောင့်
အောင်မြင်မှုနဲ့ အလှမ်းဝေးနေဆဲပါ။ အလုပ်ကြိုးစားတာနဲ့
စိတ်အားထက်သန်တာ က လိုပါတယ်။ဒါပေမဲ့ ဒီလောက်နဲ့တော့
တက်လာလို့မရပါဘူး။
ဒီမှာ ဘီလီယံနာတော်တော်များများကို လေ့လာမှုတွေလုပ်ထားပြီး
ထုတ်နှုတ်ထားတဲ့ ဘီလီယံနာတွေပြောတဲ့ အကြံဥာဏ်တွေကို
ဖော်ပြလိုက်ပါတယ်။

၁။ထူးခြားမှုကိုရှာဖွေပါ။

ကိုယ့်ရဲ့ တစ်မူထူးခြားတဲ့အရည်အချင်း၊တစ်မူထူးခြားတဲ့ ideaကို
ရှာဖွေပါ။သူများတွေ အောင်မြင်ခဲ့တဲ့ လမ်းကြောင်းမျိုးကိုပဲလိုက်ဖို့မကြိုးစားပါနဲ့။ ကမ္ဘာကြီးမှာလူတွေဘာလိုအပ်နေသလဲ၊ လူတွေဘာလိုချင်နေသလဲဆိုတာကို သိအောင်လုပ်ပြီး သစ်ဆန်းတဲ့ အရာတွေကိုတီထွင်ဖန်တီးပါ။
ဥပမာအရဆိုရင် ၂၀၀၈ ခုနှစ်တုန်းက ပဲရစ်မြို့မှာ လူငယ်နှစ်ယောက်
က မိုးထဲမှာ တက္ကစီဌားတာ ဌားမရတဲ့အတွက် Uber ကိုတည်
ထောင်ဖို့အတွက် အကြံရခဲ့ပါတယ်။၂၀၁၀ တုန်းက San Francisco
မှာအဲဒီ app ကို စတင်ခဲ့ပြီးတော့ အခုဆိုရင် နိုင်ငံတော်တော်
များများမှာပါ သူ့ရဲ့တက္ကစီ ၀န်ဆောင်မှုနည်းပညာက ရှိနေပါပြီ။
Uber ကိုတည်ထောင်ခဲ့တဲ့ founder ၂ယောက် ဖြစ်တဲ့Travis
Kalanick နဲ့ Garrett Camp ဟာဆိုရင်လည်း အခုအချိန်
ဘီလီယံနာတွေဖြစ်နေပါပြီ။
နောက်ဥပမာတစ်ခုဆိုရင်တော့ Dropbox ပါ။ MIT မှာကျောင်း
တက်နေတဲ့ ကျောင်းသားနှစ်ဦးဖြစ်တဲ့ Drew Houston နဲ့
Arash Ferdowski တို့ဟာ USB flash drive တွေခဏ ခဏ
မေ့ကျန်ခဲ့တာကြောင့်Drop Box ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ Drew Houston ဟာ အခုအချိန်မှာ ၁ ဘီလီကျော်ကျော် ချမ်းသာ
နေပါပြီ။

၂။အိပ်မက်ကြီးကြီးထားပါ။

ကမ္ဘာကြီး ပိုမိုကောင်းလာဖို့အတွက်၊တိုးတက်ဖို့အတွက်၊ လူတွေရဲ့ ဘ၀တွေ ပိုသာယာလှပဖို့အတွက် သင်ဘယ်လိုမျိုး အထောက်
အကူပြုနိုင်မလဲ။ဘယ်လိုစီးပွားရေးလုပ်ငန်းက ဒါမျိုးလုပ်နိုင်မလဲ။
ဒါတွေကိုစဉ်းစားပါ။ ဘယ် ဘီလီယံနာမှ ချမ်းသာချင်လို့ဆိုတဲ့
အကြောင်းပြချက်တစ်ခုတည်းနဲ့ ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။
Bill Gates က PC ကွန်ပျူတာတွေဟာ စီးပွားရေးလုပ်ငန်း၊
ပညာရေး၊ဆက်သွယ်ရေး၊ဖျော်ဖြေရေး စတဲ့ကဏ္ဍတွေသာ မက
ကဏ္ဍစုံကို ပိုမိုကောင်းမွန်အောင်ပြောင်းလဲစေမယ်ဆိုတာကို
အသက် ၁၉နှစ်အရွယ်မှာ သိရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်လာဖို့
ကွန်ပျူတာရဲ့ လုပ်ငန်းစဉ်တွေ ဟာ လူတိုင်းအသုံးပြုတတ်၊
အသုံးပြုနိုင်အောင် လွယ်ကူလာမှ ရမယ်ဆိုတာကို သူတွေးမိခဲ့
ပါတယ်။
ဒီလိုနဲ့ Microsoft ကိုစတင်ခဲ့တာပါ။ ဒီလိုပဲ Jeff Bezos ကလည်း
တစ်ချိန်ကျရင် retail လုပ်ငန်းတွေဆိုင်ခန်းတွေ ထက် အွန်လိုင်း
က ရောင်းဝယ်ဖောက်ကားရေးကို လူတွေပို အသုံးပြုလာပြီး
ကုန်ကျစရိတ်လည်း ပိုသက်သာနိုင်တယ်ဆိုတာကို ကြိုမြင်ခဲ့တဲ့
အတွက်ကြောင့် Amazon ကို စတင်ခဲ့တာပါ။ဘီလီယံနာတွေဟာ
အနာဂတ်ကို ကြိုမြင်နိုင်တဲ့သူတွေပါ။

၃။အောင်မြင်ဖို့အတွက် လုံးဝစိတ်ကိုနှစ်ထားပါ။

အသက်၃၀စွန်းစွန်းမှာ Broadcast.com တည်ထောင်ပြီးဘီလီယံ
နာဖြစ်လာတဲ့ Mark Cuban က ကိုယ်ယူသွပ်ပြီး ကြိုက်နှစ်သက်
တဲ့ အရာမဟုတ်ဘူးဆိုရင် ကုမ္ပဏီ မထောင်ပါနဲ့လို့ ပြောပါတယ်။
အဆင်မပြေရင်တစ်ခြားဟာ ပြောင်းမယ်လို့စဉ်းစားထားတယ်ဆိုရင်
ဒီအလုပ်ကို သင်မရူးသွပ်ပါဘူး။သူ့ကုမ္ပဏီ အောင်မြင်အောင်ကြိုး
စားနေတဲ့အချိန်တုန်းကဆိုရင် Mark Cuban ဟာနှစ်ပေါင်းများစွာ
ရည်းစားလည်းမထား၊ အပျော်ခရီးလည်းမထွက်ဘဲ ကြိုးစားခဲ့တယ်လို့
ပြောပါတယ်။
Bill Gates ၊Mark Zuckerberg တို့ဟာလည်း သူတို့ကုမ္ပဏီတွေ
ကိုစတည်ကာစ နှစ်တွေမှာ လုံးဝမရပ်မနား လုပ်ခဲ့ပါတယ်။
၎။အမှားတွေဖြစ်ပြီး ကျဆုံးမှာ ကိုတွေးမကြောက်ပါနဲ့
မှားယွင်းမှုတွေ၊ ဆုံးရှုံးမှု၊ကံမကောင်းအကြောင်းမလှမှုတွေ ကို
လုံးဝရှောင်လွှဲလို့မရဘူးဆိုတာ သိထားသင့်ပါတယ်။အဲဒီအတွက်
အစခင်တည်းက ကြိုတွေးပြီးကြောက်မနေသင့်ပါဘူး။ Walmart
ကိုတည်ထောင်ခဲ့တဲ့ Sam Walton ရဲ့ ပထမဦးဆုံး ဆိုင်ဟာ
မရောင်းရဘဲ မွဲသွားလို့ ပိတ်လိုက်ရပါတယ်။ Apple မှာဆိုရင် Lisa
ကွန်ပျူတာ ရဲ့ ဆုံးရှုံးမှုတွေကြောင့် Steve Jobs က ကန်
ထုတ်ခံခဲ့ရတယ်။ Newton ဆိုတဲ့ platform က ခွက်ခွက်လန်
အောင်ရှုံးခဲ့ပေမယ့် အဲဒီကသင်ခန်းစာနဲ့ iPad iPhone တို့ကိုတည်
ထွင်နိုင်ခဲ့တယ်။

၅။အသေးစိတ်အချက်အလက်များကို အာရုံစိုက်ပါ။

လူတိုင်းသိတဲ့ Steve Jobs ဟာဆိုရင် အရာရာတိုင်းကိုအသေး
စိတ်ဂရုစိုက်တတ်တယ်လို့ သူ့နဲ့အတူအလုပ်လုပ်ဖူးသူတိုင်းက
ဆိုပါတယ်။တစ်ချိန်တုန်းကဆိုရင် Jobs ဟာ Google က အရာရှိ
တစ်ယောက်ကို တနင်္ဂနွေနေ့နံနက်မှာချက်ခြင်းလာဖို့ပြောပြီး
iPhone application မှာ သုံးထားတဲ့ Google logo မှာ
အရောင်အနည်းငယ်ကွဲလွဲပြီ်းကိုမကြိုက်ဘူးဆိုတာကို
ခေါ်ဆွေးနွေးခဲ့ပါတယ်။
၆။ တော်ပြီးယုံကြည်ရတဲ့ အကြံပေးတွေ လုပ်ဖော်ကိုင်ဖက်တွေရှာပါ။
ဘယ်သူမှ တစ်ယောက်တည်း ဘီလီယံနာ ဖြစ်မလာပါဘူး။လူတိုင်းအကူအညီအထောက်အပံ့တော့လိုကြပါတယ်။Batman နဲ့ Robinလိုပဲ Bill Gates မှာ Steve Ballmer ရှိခဲ့ပြီး။Apple ကို လည်း Steve
နှစ်ယောက်က တည်ထောင်ခဲ့တာပါ (Steve Jobsနဲ့ Steve Wozniak).
ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အမြဲတမ်းလုပ်ငန်းရှင်တွေ
အတွက်အကူအညီဖြစ်ပြီးတော့ အမှားတွေလုပ်နေရင်လည်း
ထောက်ပြဖို့ဝန်မလေးပါဘူး။

၇။Customer ကိုဘယ်တော့မှမမေ့ပါနဲ့

တီထွင်ပါ၊ဆန်းသစ်ပါ။ပြီးရင် အဲဒီတီထွင်မှုတွေမှာ ပြန်ရင်းနှီးမြှုပ်နှံသလို၊ တီထွင်မှုတွေရဲ့ customer တွေကိုလည်းအမြဲဂရုစိုက်ပါ။
ဘီလီယံနာတွေရဲ့ ၇၅ ရာခိုင်နှုန်းက customerတွေလိုချင်တဲ့အရာ
တွေကို တီထွင်ထုတ်လုပ်ရောင်းချပေးနိုင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။
ဒါကဘာကိုဖော်ပြနေသလဲဆိုတော့ customer တွေရဲ့ needs and wants တွေကို အမြဲဂရုစိုက်ခြင်းက နှစ်ဦးနှစ်ဖက်အကျိုးရှိစေတယ်
ဆိုတာပဲဖြစ်ပါတယ်။
သူတို့ လိုမျိုးအောင်မြင် ကြွယ်ဝ ချင်တယ်ဆိုရင် တော့ မတူထူးခြားတဲ့
တီထွင်မှုတွေလုပ်နိုင်ဖို့အခုပဲစကြိုးစားရပါတော့မယ်။


Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service