၁ - စိတ်အားထက်သန်မှု
စိတ်ဝင်စားစရာနယ်ပယ်ကို တွေ့ထားတာပါ။ ဒီနယ်ပယ်နဲ့ပတ်သက်ရင် စိတ်အားထက်သန်မှုတွေက သိသိသာသာ ရှိတာ ဖြစ်ပါတယ်။ တချို့လူတွေက ဒီလိုစိတ်အားထက်သန်တဲ့နယ်ပယ်ကို ကလေးဘဝကတည်းက တွေ့တတ်ပေမယ့် တချို့ကတော့အချိန်အတော်ကြာပါတယ်။ မမျှော်လင့်ဘဲ စိတ်ဝင်စားသွားတာမျိုးလည်း ရှိပါတယ်။
၂ - အချိန်အကြာကြီး အာရုံစိုက်နိုင်တယ်
ဘာပဲလုပ်လုပ်အချိန်အကြာကြီး အာရုံစိုက် အလုပ်လုပ်နိုင်တဲ့ အလေ့အကျင့်ရှိတာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင်တော့ ဘာပဲလုပ်လုပ် အလုပ်တွင်သူတွေ ဖြစ်ပါတယ်။ ဒီလိုအလုပ်တွင်ဖို့လည်း ရေရှည်အာရုံစိုက်လုပ်နိုင်တဲ့အလေ့အကျင့်ကို ပျိုးထောင်ထားသူတွေ ဖြစ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - အရွယ်နဲ့ မလိုက်အောင် အင်တာနက်ကျွမ်းကျင်တဲ့ အသက် ၉၇ နှစ်အရွယ် ဗီယက်နမ်အဘွားအို)
၃ - စိတ်ကူးသစ်
စိတ်ကူးညဏ်အသစ်အဆန်းတွေလည်း ရှိသူဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ကံကောင်းလို့ရတဲ့အကျင့်မျိုး မဟုတ်ပါဘူး။ ဘာကိုပဲ ချည်းကပ်တာပဲ ဖြစ်စေ သူများထက် သာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ပေါ်အခြေခံတာပါ။ ဒါကြောင့် စိတ်ကူးသစ်၊ အကြံညဏ်သစ်တွေကို တွေးလေ့ရှိသူတွေပါ။ ဒီလို အကြံညဏ်သစ်တွေ၊ စိတ်ကူးသစ်တွေ လုပ်နိုင်သူကိုလည်း အားကျလေးစား ဖြစ်တတ်ပါတယ်။
၎ - အောက်ဆီဂျင်
လက်ရှိအခြေအနေထက် တိုးတက်ရမယ်ဆိုတဲ့ စိတ်ဟာ နေ့စဉ်ရှုနေရတဲ့ အောက်ဆီဂျင်လို သင့်အတွက် အရေးပါနေတာပါ။ လေ့လာမယ်၊ တိုးတက်အောင်လုပ်မယ်ဆိုတဲ့စိတ်ဟာ နေ့စဉ်နေ့တိုင်း အမြဲတွေးဖြစ်နေပါတယ်။ ဒီလိုလုပ်ဖို့လည်း လမ်းစကို အမြဲကြည့်နေတတ်ပါတယ်။
၅ - ပိုကောင်းအောင်လုပ်ပေးချင်တယ်သင့်အတွက်တင်မကဘဲ
အခြားသူတစ်ယောက်ရဲ့ အခြေအနေကိုပါ တိုးတက်စေချင်တာပါ။ ဥပမာ မိးသားစုတွက် လုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကနေ နိုင်ငံတွက်လုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးထိ ပါဝင်ပါတယ်။ ဒီလိုစိတ်မျိုးကြောင့် အခက်အခဲတွေကြုံရင် ကြံကြံခံရင်ဆိုင်နိုင်ပါတယ်။
၆ - မနက် ၉၊ ညနေ ၅
မပျော်ဘူးဆိုရင် လုံးဝမလုပ်ချင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် မပျော်တဲ့အလုပ်တစ်ခုကို မနက် ကိုးနာရီကနေ ညနေ ၅ နာရီထိ လုပ်ရတယ်ဆိုတာမျိုးက သူတို့အတွက် ဘယ်လိုမှ အဆင်မပြေပါဘူး။ အလိုက်သင့် မျှောနေလိုက်မယ်ဆိုတဲ့ စိတ်မျိုးထက် ရုန်းထွက်ရမယ့်ဆိုတဲ့စိတ်က ပိုအားကောင်းနေတတ်ပါတယ်။
Credit: Duwun