ရက်စွဲမပါသည့် စာချုပ်များအကြောင်း သိကောင်းစရာ

ရက်စွဲမပါသည့် စာချုပ်များအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
15 May 2017 12:34 pm တွင် တင်ခဲ့သည်
2464 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အချို့သော စာချုပ်များတွင် ရက်စွဲဖော်ပြရမည်ကို သတိမေ့လျော့၍ မဖော်ပြ ဘဲ ရှိသည်များ၊ အချို့သော စာချုပ်များတွင်မူ `ခုနှစ်´၊ `လ´ ဖော်ပြထားေ သ်ာလည်း `ရက်´ နေရာတွင် ( )လက်သည်းကွင်းသာ ဖော်ပြထားပြီး `ရက်´ ဖြည့်သွင်းရမည်ကို သတိမေ့လျော့၍ မဖြည့်သွင်းဘဲ ရှိသည်များ ကို တွေ့ရတတ်ပါသည်။ စာချုပ်တွင် စာချုပ်ချုပ်သည့် ရက်စွဲ မပါခြင်းသည် ကာလသတ်မှတ်ချက်ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

နမူနာတစ်ရပ်ကို တင်ပြပါမည်။ မြေပိုင်ရှင်နှင့် ကန်ထရိုက်တာတို့ သဘော တူ ချုပ်ဆိုသော စာချုပ်တစ်ခုတွင် ဖြစ်ပါသည်။ မြေပိုင်ရှင်၏ မြေနေရာတွင် ကန်ထရိုက်တာက တိုက်ဆောက်လုပ်မည်ဖြစ်ရာ အပေးအယူ သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုပါသည်။ စာချုပ်တွင် ပါရှိသည်မှာ -

"ဤစာချုပ်ပြုလုပ်သည့် အချိန်မှ အစပြု၍ (၈)လ နှင့်အပြီး တိုက်ကို ဆောက် လုပ်မည်ဖြစ်ကြောင်း ကန်ထရိုက်တာက တာဝန်ယူပါသည်" ဟူ၍ ပါရှိပါ သည်။ သို့သော် ယင်းစာချုပ်တွင် စာချုပ်ချုပ် သည့် ရက်စွဲ မပါရှိဘဲ ရှိပါသည်။
စာချုပ်သည့် အချိန်မှ အစပြု၍ (၈)လ နှင့်အပြီး ဆောက်လုပ်မည် ဆိုသော် လည်း စာချုပ်ချုပ်သည့် ရက်စွဲ မပါရှိသည့်အတွက် အပြီးဆောက်လုပ်မည့် (၈)လ ဆိုသည့်ကာလကို သတ်မှတ်ရ ခက်ပါလိမ့်မည်။ တာဝန်ယူသူ အ တွက်မူ အကြိုက်ဖြစ်နေမည် ဖြစ်ပါသည်။

အလားတူ အရစ်ကျစနစ်ဖြင့် ငွေပေးချေရမည့် စာချုပ်များတွင်လည်း "ဤ စာချုပ် ချုပ်ဆိုသည့် နေ့ရက်မှ (၁၅)ရက် စေ့မြောက်သည့်နေ့တွင် ငွေ ကျပ် (၅) သိန်းကိုသော်လည်းကောင်း၊ (၃၀)ရက် မြောက်သည့်နေ့ တွင် နော က်ထပ် ငွေကျပ်(၅)သိန်းကိုသော်လည်းကောင်း ဝယ်သူက ရောင်း သူသို့ အပြီးပေးချေရမည် ဖြစ်သည်" ဟူ၍ ချုပ်ဆိုထားခဲ့ကြပါသည်။ သို့သော် စာ ချုပ်တွင် ချုပ်သည့်ရက်စွဲ မပါရှိဘဲ ရှိပါသည်။ ငွေပေးရမည့်သူအတွက် ဟန် ကျလှပြီး၊ ငွေရမည့်သူအတွက် ဟန်မကျ ဖြစ်သွားနိုင်ပါသည်။

ထို့အပြင် ကာလစည်းကမ်းသတ် ဥပဒေတစ်ရပ် ရှိသည်ကိုလည်း သတိပြုေ စလိုပါသည်။ ယင်းဥပဒေ၏ သဘောမှာ သက်သာမှုတောင်းဆိုခြင်းနှင့် ပတ် သက်၍ အချိန်ကာလ သတ်မှတ်ပေးသည့် ဥပဒေဟု ဆိုရပါမည်။

ချုပ်ဆိုထားသည့် ပဋိဉာဉ်အတိုင်း ဆောင်ရွက်စေရန် တရားစွဲမည်ဆိုပါေ ဆာင်ရွက်ရန် ချိန်းဆိုသည့်နေ့ရက်က စ၍ (သို့မဟုတ်) ချိန်းဆိုခြင်း မရှိလျှင် မဆောင်မရွက် ငြင်းပယ်ခြင်းကို တရားလို သိသည့်အခါမှစ၍ (၃)နှစ်အ တွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပထမဇယား စာပိုဒ် (၁၁၃) တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။

တဖန် ပဋိဉာဉ်ဖျက်သိမ်းလိုမှု တရားစွဲမည်ဆိုပါက ပဋိဉာဉ်ဖျက်သိမ်းပိုင် သည့် အကြောင်းချင်းရာများကို တရားလို ပထမသိရသည့် အခါက စ၍ (၃)နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပထမဇယား စာ ပိုဒ်(၁၁၄)တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။ ထိုကာလ ကျော် လွန်က တရားစွဲခွင့် မရှိတော့သည့်သဘော ဖြစ်ပါသည်။

လူတစ်ယောက်က အခြားလူတစ်ယောက်သို့ ငွေများ ပေးထားပါသည်။ စာ ချုပ်ပြုလုပ်ချုပ်ဆို၍ ပေးထားခြင်း ဖြစ်ပါသည်။ ယင်းပေးထားသော ငွေ အ တွက် တရားစွဲဆိုမည်ဆိုပါက (၃)နှစ်အတွင်း တရားစွဲ တောင်းရမည်ဖြစ် ပါသည်။ {ပထမဇယား စာပိုဒ်(၆၁)} ထိုသို့တောင်းဆိုရမည် မှာ ငွေပေး ခဲ့သည့် အခါက စ၍ စတင်ရေတွက်ရမည် ဖြစ်ပါသည်။ သို့သော် စာချုပ်တွင် ချုပ်ဆိုသည့် ရက်စွဲ မပါရှိခဲ့လျှင် မည်သည့်နေ့က ငွေပေး၍ စာချုပ်ချုပ်ခဲ့သည် ဟူသော အချက်ကို ထင်ရှားအောင် အရင်ပြုလုပ်ရပါအုံးမည်။ ယင်းအ ချက် ပေါ်လွင်ပြီးပါမှ စတင်ရေတွက်ရမည့် ကာလကို သတ်မှတ်ယူရ မည် ဖြစ်ပါသည်။ သို့မဟုတ်ပါက စတင်ရေတွက်၍ မရအောင် စာချုပ်၏ မပြည့်စုံမှုက ခံ၍နေပါမည်။

ကာလစည်းကမ်းသတ်ဥပဒေတွင် အလားတူ ပြဋ္ဌာန်းထားမှုများ အများအြ ပား ပါရှိပါသည်။ သို့ဖြစ်ရာ ကာလစည်းကမ်းသတ် ကာလကို တွက်ချက်နိုင် ရန်မှာ စာချုပ်တိုင်းတွင် စာချုပ်ချုပ်သော ရက်စွဲအပြင် အခြားဆောင်ရွက်မှုနှင့် စပ်လျဉ်းသော ရက်စွဲများ ပါရှိရန် လိုအပ်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

Credit: ဦးကျော်ဇေယျ( ဥပဒေ )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service