အိမ် ၊ တိုက်ခန်းတွေ ဝယ်ယူပြီးလို့ ငွေအကျေချေတော့မယ်ဆိုရင် သိထားရမယ့် အချက်တွေကို သေသေချာချာလိုက်နာပြီးမှ ငွေအကျေချေသင့်ပါတယ် ။
ငွေကို အပြည့်မချေခင်မှာ သတင်းစာမှာ ကန့်ကွက်မှုရှိ မရှိကို သေချာသိ
ထားဖို့ လိုအပ်ပါတယ် ။ ဒါတွေအပြင်အရောင်းအဝယ်ပြုလုပ်ရန်အတွက်သာ
လို့ ဖော်ပြထားတဲ့ မြေပုံ ၊ မြေရာဇဝင်တွေ ၊ လိုအပ်ရင်အသုံးပြုနိုင်တဲ့ စာချုပ်စာတမ်း မှတ်ပုံတင်တွေ လိုအပ်ပါတယ် ။
အိမ်ခြံမြေ ဂရန်တွေနဲ့ ဆက်စပ်စာချုပ်တွေ ၊ ဝယ်ယူထားတဲ့ အဆောက်အအုံမြေနေရာတွေကို ကျူုးကျော်နေထိုင်တာတွေ ရှိမရှိ သေချာစစ်ဆေးပြီးမှာ ငွေအကျေချေတာတွေကို ပြုလုပ်သင့်ပါတယ် ။
စာချုပ်ချုပ်တဲ့အခါမှာလည်း အခွန်ကိစ္စတွေကို အကြောင်းပြပြီး စာချုပ်နှစ်မျိုးချုပ်တာ လက်မခံသင့်ဘူးလို့ သိရပါတယ် ။
အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းအတိုင်း စာချုပ်မချုပ်ဘဲ ဈေးလျှော့ချုပ်တာတွေကို လက်မခံသင့်ဘဲ
သည်လို ဈေးလျှော့ပြီး ချုပ်တာတွေက ဥပဒေနဲ့လည်း မညီဘူးလို့
သိရပါတယ် ။ အခွန်ကိုကြောက်ပြီး ဈေးလျှော့ချုပ်တယ်ဆိုရင်
နောက်ပိုင်းမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ် ။
ဥပဒေအရ ဖြေရှင်းမှုတွေပြုလုပ်ရမယ်ဆိုရင် သည်လိုဈေးလျှော့စာချုပ်ချုပ်တာတွေကို ဥပဒေအရ ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ် ။ အစိုးရက ချမှတ်ထားတဲ့ အခွန်တွေကို သေချာပေးဆောင်ရမှာဖြစ်ပြီး အခွန်ဆောင်ရမှာ ကြောက်ပြီးဈေးလျှော့တာတွေကို မလုပ်သင့်ဘူးလို့ သိရပါတယ် ။
Credit: Kumudra