အိမ်ခြံမြေတွေကို အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရောင်းဝယ်ကြမယ်ဆိုရင် စာချုပ်ပါ အကြောင်းအရာတွေကို သေသေချာချာ စစ်ဆေးသင့်တယ်လို့ သိရ ပါတယ်။ “သေချာစွာမစစ်ဆေးဘဲ ဝယ်ယူတာတွေကြောင့် စလစ်အတု၊ ပါ မစ်အတု တွေဝယ်မိတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေရတာပါ။ သေချာစစ်ဆေးမယ်ဆိုရင်တော့ ဒီပြဿနာတွေ မဖြစ်နိုင်ပါဘူး။”
အိမ်၊ ခြံ ၊ မြေ ဆိုင်ရာ စာချုပ်ချုပ်ဆိုတဲ့အခါမှာ သတိထားရမယ့် အချက်တွေ နဲ့ အရေးကြီးအချက်တွေကို ရောင်းဝယ်သူတချို့ အမှတ်တမဲ့ ထားရှိတက်ပါ တယ်။ မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှု အထောက်အထားတွေကို နား လည် တက်ကျွမ်းသူတွေနဲ့ စစ်ဆေးသင့်ပါတယ်။ ဝယ်ရောင်း တစ်ချို့က စာ ရွက်စာတမ်းတွေကို အပေါ်ယံလောက်ပဲ ကြည့်ရှု စစ်ဆေးတက်ကြတာေ ကြာင့် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေ တွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အ တွက် သေချာစစ်ဆေးသင့်တာဖြစ်တယ်လို့ သိရပါတယ်။
စာချုပ်စာတမ်းပါ အချက်အလက်တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါတယ်။
ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊ စာချုပ်ပါ စကားလုံးတွေကို တစ်လုံးချင်းစီ သေသေချာချာ စစ်ဆေးမှ သာ စာချုပ်ပါ အချက်အလက်နဲ့ ကြွဲ ပားမှုတွေကို သိရှိနိုင်မှာပါ။ ဒါ့အပြင် မှတ်ပုံတင်ပါ အချက်အလက်တွေ၊ တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ်စာတမ်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးသင့်တယ်လို့ သိရပါတယ်။
နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါ အချက်တချို့ကို အမှားပြင် ဆင်ချက်နဲ့ အမှားပြင်ဆင်တာတွေဖြစ်ပါတယ်။ စာချုပ်ထဲမှာ အမှားတစ်စုံ တစ်ရာရှိပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေးရပါမယ်။
စာချုပ်တွေကို စစ်ဆေးတဲ့အခါ အမှားတွေ့ရင် Correction Pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုေ တာ့ Correction Pen အသုံးပြုမိပြီး အမှား ပြင်ဆင်ချက်ကို Initial Sign (လက်မှတ်အတိုကောက်) ထိုးထားပေမယ့် မသမာသူတွေက Correction Pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါတယ်။
လက်မှတ်အတိုကောက်ထိုး စာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရ မယ့် အကောင်းဆုံးအချက်ကတော့ အမှားစကားလုံးပေါ်မှာ Cross မျဉ်း တစ်ကြောင်းသာ ခြစ်ပြီး အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။
“ကိုယ်ဝယ်တဲ့အချိန်မှာ ဒီလိုအမှားမျိုးကို ရပါတယ်လို့ သဘောထားလိုက်ေ ပမယ့် ပြန်ရောင်းတဲ့အခါကျတော့ အခက်တွေ့ရော၊ အဲဒီလို အမှားပြင်ဆင် ချက်က သို့လော သို့လော ဖြစ်စေပါတယ်။” အခုလို အမှားမျိုးတွေ စာချုပ် မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ်ပိုင်းမှာ အခက်အခဲ တစ်ချို့ ရှိလာ ပြီး ပြဿနာ တတ်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူကြားမှာ နှစ်ဦး သဘော တူ စာချုပ်အသစ် တစ်ခု ထပ်မံ ချုပ်ဆိုလို့ ရတယ်လို့ သိရပါတယ်။
ဝယ်ယူသူအနေနဲ့ သံသယ ရှိတယ်ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ရသလို ချုပ်ဆိုခွင့်လည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သက်သေထည့်သွင်းတဲ့ နေရာမှာလည်း နားလည် သူတွေကိုသာ သက်သေ အဖြစ် ထည့်သွင်းသင့်တယ်လို့ သိရပါတယ်။
“အသိမိတ်ဆွေမို့လို့၊ လမ်းကြုံလို့ စတာတွေကို သက်သေထိုးခိုင်းတာက လဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် သူတို့က စာချုပ်ပါ အကြောင်းအရာကို မသိတော့ အခက်တွေ့ရပါတယ်။ ဒါကြောင့် သူတို့ကို သက်သေ လုပ်ခိုင်း မယ်ဆိုရင် သေချာသိအောင် အရင်ပြောထားသင့်ပါတယ်။”
Credit: Myanmar Property News