ယခင် မဆလအစိုးရလက်ထက် ရန်ကုန် မြို့၌ ယခုလောက် လူဦးရေမများ။ မဆလ အစိုးရ၏ မှားယွင်းသော ဆိုရှယ်လစ်စီးပွားရေးစီမံကိန်း နှင့် တံခါး ပိတ်ဝါဒကြောင့် နိုင်ငံတော်နှင့်တကွ ပြည်သူအများ ဆင်းရဲတွင်း နက်ကြေ သ်ာလည်း အိမ်ရှင်-အိမ်ငှား ပြဿနာများ ပြောပလောက် အောင် မရှိခဲ့။
၁၉၈၈ ခုနှစ် စက်တင်ဘာလ နဝတ အစိုးရ အာဏာရလာပြီးနောက်ပိုင်း အရှေ့မြောက်တံခါးမှ ဝင် ရောက်လာကြသော နိုင်ငံခြားသား တရုတ်များေ ကြာင့် မန္တလေးမြို့တွင် ပထမဆုံး မြေဈေး၊ အိမ်ဈေးများ အဆပေါင်းများ စွာ မြင့်တက်ကုန်သည်။ ထိုနိုင်ငံခြားသား များသည် မန္တလေးမြို့ခံတို့ထံမှ မြ န်မာ ကျပ်ငွေဖြင့် မတန်တဆဈေး ပေးပြီး မြေကွက်များနှင့် နေအိမ် တိုက် တာများကို ဝယ်ယူကြသည်။ မန္တလေးမြို့ခံများကလည်း မိမိတို့ ပိုင်ဆိုင် သည့် မြေကွက်နှင့် နေအိမ်တိုက်တာများကို ဈေးကောင်းရ၍ ရောင်းလိုက်
ကြသည်။
မြို့ပြင်သို့ ပြောင်းရွှေ့နေထိုင်ကြသည်။ မြို့လယ် အကွက်ကောင်း နေရာမျာြး ဖစ်သည့် ၈၄လမ်း၊ ၈၃လမ်း၊ ၈၂လမ်း၊ ၈၁ လမ်း၊ လမ်း၈ဝ၊ ၂၆(ဘီ)လမ်း၊ ၃၅လမ်း စသည်တို့မှ မြေကွက်နှင့် နေအိမ် တိုက်တာများသည် နိုင်ငံခြား သား တို့၏လက်ထဲ ရောက်ကုန်ကြသည်။
ထိုနိုင်ငံခြားသား တရုတ်တို့ကြောင့် မင်းတုန်းမင်းတရားကြီး တည်ခဲ့သည့် ရတနာပုံနေပြည်တော် မြန်မာ့ယဉ်ကျေးမှု ထွန်းကားရာ မန္တလေးမြို့ သည် မြန်မာ့ရိုးရာယဉ်ကျေးမှုများ တဖြည်းဖြည်း ကွယ်ပျောက်ကာ တရုတ် တို့၏ ရိုးရာယဉ်ကျေးမှုများက တစ်စတစ်စ နေရာယူလာသည်။
မန္တလေးမြို့၌ မြေကွက်နှင့် တိုက်တာအိမ် ရာများ အဆမတန် ဈေးတက်လာ ပြီး မကြာမီမှာပင် မြို့တော်ရန်ကုန်၌ မြေကွက်များနှင့် အဆောက်အအုံ များ ဈေးတက် လာသည်။ နဝတ၊ နအဖ အစိုးရများ လက်ထက်တွင် ဈေး ကွက် စီးပွားရေးစနစ် ကျင့်သုံးလာ သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီး များ ဘဏ်လုပ် ငန်း ကျွမ်းကျင်သူများသည် ကုမ္ပဏီကြီးများ၊ ကုန်တိုက် ကြီး များနှင့် ပုဂ္ဂလိကဘဏ်တိုက်များဖွင့်ရန် အဆောက် အအုံများ လိုလာရာ လုံး ချင်းတိုက်များ၊ တိုက်ခန်းများ ဈေးတက်လာသည်။
တိုက်ခန်းများ ငှားရမ်းရာ၌ ၁၉၉ဝ ပြည့်လွန်နှစ်များက လေးလွှာတိုက်ခန်း တစ်ခန်းကို ငှား ခ ကျပ်ငါးထောင်ခန့် ပေးရသည်။ မြေညီထပ်ဆိုလျှင် ရှစ်ေ ထာင်၊ ကိုးထောင်ခန့်ပေးရသည်။ ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်တွင် တိုက်ခန်း ငှားခများ ဈေးတက်လာပြန်ရာ နှစ်လွှာတိုက်ခန်းခ ကျပ်တစ်သောင်းအထိ တက်လာ သည်။ နောင် နှစ်အနည်းငယ်ကြာသောအခါ ၁၅ဝဝဝ မှ ၂ဝဝဝဝ၊ ထိုမှတစ်ဆင့် ကျပ်၃ဝဝဝဝ အထိ ဖြစ်လာ သည်။
ကျွန်တော် မကွေးကောလိပ်၌ ဓာတုဗေဒ လက်ထောက်ကထိကအဖြစ် စာ သင်ကြား ပို့ချခဲ့စဉ်က တပည့်တစ်ဦးဖြစ်ခဲ့သော အမျိုးသမီးတစ်ဦးသည် မြန် မာနိုင်ငံသားဘဏ်၌ လစာ ကျပ် ၃ဝဝဝဝနှင့် အမှုထမ်း နေရာ တိုက်ခန်း ငှားခ တစ်လ ကျပ် ၂၅ဝဝဝ ဖြစ်လာ သည့်အခါ ရန်ကုန်၌ မနေနိုင်တော့ သဖြင့် ဘဏ်မှနုတ် ထွက်၍ ပျဉ်းမနားမြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတွင် သွားရောက် လုပ်ကိုင်ရသည်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်း လမ်းမ၌ ဖွင့်လှစ်ရောင်းချနေသော ရှမ်းခေါက်ဆွဲနှင့် လက်ဖက်ခြောက်ဆိုင်သည် ဖောက်သည်များနှင့် စီးပွားဖြစ် လျက်ရှိရာ ဈေးတက်လာသော တိုက်ခန်းငှားခ မပေးနိုင်သဖြင့် ချောင်ကျေ သာ နေရာတစ်နေရာသို့ ပြောင်းပြီး ဆိုင်ဖွင့်ရသည်။
ထိုဆိုင်သည် လူမစည်သော ရပ်ကွက်ထဲသို့ ရောက်ရှိသွားသည့်အပြင် ဝယ်နေစား နေကျ ဖောက်သည်များနှင့် အဆက်ပြတ်သွားသဖြင့် ဆိုင်ပိတ်၍ နယ်သို့ပြောင်းသွားပြီး တခြားစီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကိုင်ရသည်။ နှ စ်ပေါင်း ၂ဝ ကြာ ဖွင့်လှစ်ရောင်းချနေခဲ့သော လှည်းတန်းဈေးတစ်ဝိုက် မှေ ဈးဆိုင်များ တဖြည်းဖြည်း ပျောက်ကွယ်ကုန်သည်။ မြေညီထပ် တိုက်ခန်း ငှားခများ အဆမတန် မြင့်တက် လာသည့်အတွက် ဈေးရောင်းသူများ တွက်ခြေမကိုက် တော့ဘဲ ဆိုင်ပိတ်ကုန်ကြသည်။
အခုတလော ရန်ကုန်မြို့လယ်ကောင် တိုက် ခန်းများ၏ ငှားရမ်းခမှာ တစ်လ လျှင် ကျပ် ၁ဝ သိန်း၊ ၁၅ သိန်း ပေးရသည်။ လှည်းတန်းလမ်းမလို နေရာမျိုး မှာပင် တိုက်ခန်းငှားခ တစ်လ ကျပ်ငါးသိန်းပေးရသည်။ တစ်ဖန် လူနေရပ် ကွက်များရှိ တိုက်ခန်းဈေးနှုန်းများမှာ လည်း အလွှာလိုက် ဈေးတွေ တက်ကုန် သည်။ လခစား ဝန်ထမ်းများဖြစ်သည့် ဇနီးမောင်နှံနှစ်ဦး အလုပ်လုပ်မှ တစ် လ ဝင်ငွေ ကျပ်လေးသိန်းလောက် ရသည်။
တိုက် ခန်းငှားခ ကျပ်တစ်သိန်း၊ တစ်သိန်းခွဲ ပေးလိုက်ရလျှင် သားသမီးများ ၏ ကျောင်းစရိတ်၊ ကျူရှင်ဖိုးနုတ်လိုက် လျှင် အိမ်စရိတ်က ဘာမျှ ကျန်သည် မဟုတ်။ နေထိုင်မကောင်းဖြစ်လာလျှင် ဆေးခန်းသွားပြဖို့ ငွေက လိုလာ ပြန် သည်။ အကြွေးမတင်အောင် မနည်းရုန်းကန်နေရ သည်။ တိုက်ခန်းငှားေ နလျှင် ခြောက်လ သို့မဟုတ် တစ် နှစ် စာချုပ်ချုပ်၍ တိုက်ခန်းငှားခ ခြောက် လစာ သို့မ ဟုတ် တစ်နှစ်စာ ကြိုပေးရသည့်အပြင် ပွဲစားကိုလည်း တစ်လ စာ ပေးရသည်။
အိုးပိုင်အိမ်ပိုင်မရှိ၍ တိုက်ခန်းငှား နေရ သော သူများသည် တိုက်ခန်းငှား ခ ဈေးတက်မှာကို အမြဲ စိုးရိမ်နေကြရသည်။ စာချုပ်သက်တမ်း ကုန်ဆုံး လျှင် တိုက်ခန်းပိုင်ရှင်က တိုက်ခန်းငှားခ ဈေးတင်တော့ သည်။ တိုက်ခန်းငှားခ များ ဈေးတက်ရခြင်းမှာ ပွဲစား များ၏ ပယောဂပါသည်။
ပွဲစားများသည် ရနေကျ ပွဲခများကို သည့် ထက်ပို လိုချင်သဖြင့် လက်ရှိ ငှား ရမ်းနေထိုင်ကြသော သူများ တိုက်ခန်းမှ မြန်မြန်ပြောင်းသွားမှ နောက်လူ သစ်များ တင်သည့်အခါ လက်ရှိရနေကျပွဲခထက် ပို၍ ရမည်ဖြစ်၍ အိမ်ရှင် (တိုက်ခန်းပိုင်ရှင်)ကို နားချသည်။ တိုက်ခန်းပိုင်ရှင်များကလည်း ပွဲစားများ၏ စကားကို လက်ခံ၍ တိုက်ခန်းငှားခ ဈေးတင်လိုက်သည်။
တိုက်ခန်းပိုင်ရှင်များသည် တိုက်ခန်းငှားခ ငွေကိုမက်ပြီး ဝိသမလောဘေ ကြာင့် တိုက်ခန်းငှားရမ်း နေသူများကို ညှာတာထောက်ထားမှုမရှိ၊ ကိုယ်ချင်း စာ နာမှုမရှိ၊ ငွေမျက်နှာ တစ်ခုတည်းကိုသာ ကြည့်ကြသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဤကိစ္စကို ကြားဝင်ဖြေရှင်း ဆောင်ရွက်ပေးဖို့ လိုသည်။ အိမ်ရှင်အိမ်ငှား ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပြီး တိုက်ခန်းငှားခ၊ အိမ်ငှားခ၊ ဆိုင် ငှား ခများကို သင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြင့် သတ် မှတ်ပေးမည် ဆိုပါလျှင် အိုးပိုင်အိမ်ပိုင် မရှိကြသော ပြည် သူများ သက်သာရာ ရမည်ဖြစ် သည်။
တောနယ်များ၌ လယ်သိမ်းမြေသိမ်းခံကြရ သော ပြည်သူများသည် လုပ်ကိုင် စားစရာ မရှိသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ ရောက်လာပြီး ရရာ အလုပ်၊ ကျပန်းအလုပ် လုပ်ကိုင်ကြရသည်။ အလုပ် အကိုင်ရ၍ စားစရာရှိေ သ်ာလည်း အိမ်လခ မပေးနိုင် ကြ နေစရာမရှိ၍ သူများပိုင်ဆိုင်သော မြေ ကွက်၊ စက်ရုံ စီမံကိန်းမြေ၌ တဲထိုးပြီး နေကြရသည်။
ပိုင်နက်ကျူးလွန် မှုဖြင့် အဓမ္မ ဖယ်ရှားခံရသည့်အခါ လမ်းနံဘေး ရောက် ကုန်ကြသည်။ အမိုးအကာမရှိ ဖြစ်သလို နေကြရသည်။ သက်ဆိုင်ရာ အာ ဏာပိုင်တို့က အိုးမဲ့အိမ်မဲ့ ဖြစ်နေကြ သော ဆင်းရဲသား ပြည်သူများ ကို နေစရာ တစ်ခုခုရ အောင် ဆောင်ရွက်သင့်ပေသည်။
အခုတလော နိုင်ငံတော်အစိုးရက လစာ နည်း ဝန်ထမ်းများအတွက် တန်ဖိုး နည်းအိမ်ရာများ ဆောက်လုပ်ပေးနေသည်ဟု ကြားရသည်။ တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများသည် တန်ဖိုးနည်းသည်ဟု ဆိုငြား လည်း အနည်းဆုံး ကျပ်သိန်း ၁ဝဝ ရှိသည်။ ပထမဆုံး ကျပ်သိန်း ၃ဝ လောက် ပေးသွင်းရပြီး ကျန်ငွေများကို တစ်နှစ်အတွင်း တစ်လ မည်ရွေ့မည်မျှ ပေးသွင်းရမည် ဟုဆိုသည်။
လစာနည်းဝန်ထမ်းများပီပီ တစ်လနှင့်တစ် လ အလျဉ်မီအောင် ခြိုးခြံချွေတာ သုံးစွဲနေရသဖြင့် ငွေကျပ် သိန်း ၃ဝ တစ်ချီတည်း ပေးသွင်းရန် ငွေမရှိကြ။ မဲဖောက်၍ မဲပေါက်လျှင် ကြိုတင်ငွေပေးသွင်းစရာ ပိုက် ဆံမရှိသဖြင့် ပါမစ် ကို လက်လွှဲရောင်းစားကြရသည်။ မဲပေါက်သော တိုက်ခန်း များ မိမိမနေ ရဘဲ ငွေရှင်ကြေး ရှင်တို့၏လက်ထဲ ရောက်ကုန်ကြသည်။ နိုင်ငံတော် အစိုးရ ၏ စေတနာကို ချီးကျူးရ မည်ဖြစ်သော်လည်း ‘ပေးကားပေး၏ မရ’ ဖြစ်နေပါ ၏။ ။
Credit: TheFlowerNews