မြေငှားဂရန် မူရင်းကို သက်ဆိုင်ရာက ပယ်ဖျက်ရသည့် ကိစ္စရပ်များ

မြေငှားဂရန် မူရင်းကို သက်ဆိုင်ရာက ပယ်ဖျက်ရသည့် ကိစ္စရပ်များ - Property Knowledge in Myanmar from iMyanmarHouse.com
19 Apr 2017 12:42 pm တွင် တင်ခဲ့သည်
766 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

''မြေငှားဂရန်မူရင်းတွေကို သက်ဆိုင်ရာက ပယ်ဖျက်တာတွေ ရှိတယ်လို့ သိရတယ်။ ဘယ်လို ကိစ္စတွေလဲဆိုတာ သိချင်လို့ သူငယ်ချင်း'' မိတ်ဆွေတစ်ဦးက စာရေးသူထံ ရောက်လာပြီး မေးမြန်း ဆွေးနွေးလာခြင်း ဖြစ်သည်။

''တိုက်ခန်းတွေ အဝယ်ထပ် သလို ဂရန်မူရင်း နှစ်ခု သုံးခုဖြစ်နေတာတွေ၊ မြေချပါမစ် နှစ်ခု ရှိနေတာ တွေကြောင့် သက်ဆိုင်ရာက စိစစ်ပြီး မမှန်မကန်ထုတ်ယူထားတဲ့ ဂရန်စာချုပ်တွေ မြေချပါမစ် တွေကို ပြန်လည်ရုပ်သိမ်း ပယ်ဖျက်တာပဲ ဖြစ်တယ်''

''ဒါဆိုရင် မြေချပါမစ်အတု၊ ဂရန်စာချုပ်အတုတွေ ရှိနေတဲ့ သဘောပေါ့''

''မှန်ပါတယ်၊ ဒါပေမယ့် သက်ဆိုင်ရာရုံးဌာနကတော့ အတုလား၊ အစစ်လား ခွဲခြားသိရှိကြတယ်လို့ ပြောတယ်''

''ပြီးခဲ့တဲ့ နှစ်လလောက်က ဖြစ်မယ်ထင်တယ်။ မိတ်ဆွေတစ်ဦးက သူဝယ်ထားတဲ့ မြေကွက်ရဲ့ မြေချပါမစ်မူရင်းကို သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာန မြေယာ ရုံးခွဲကို သွားပြတယ် ပြောတယ်''

''အဲဒီတော့ သက်ဆိုင်ရာက ဘာပြောလိုက်သလဲ''

''သူတို့ရုံးဌာနက ထုတ်ပေးတဲ့ မြေချပါမစ်မဟုတ်ဘူးလို့ ပြောတယ်၊ ဘယ်ကရသလဲ စစ်ဆေး မေးမြန်းတာကြောင့် မိတ်ဆွေက ကျွန်တော်ဝယ်ထားလိုက်တာပါလို့ အမှန်အတိုင်းပြောပြခဲ့တယ်၊ သက်ဆိုင်ရာ ရုံးက ပြန်အပ်ဖို့ပြောတယ်တဲ့၊ စာရွက်စာတမ်း အတု လက်ဝယ်ရှိရင် ဥပဒေအရ အရေးယူနိုင်တယ်လို့ ပြောတာနဲ့ ဆိတ်ဆိတ်နေပြီး ပြန်လာခဲ့ရတယ်လို့ ပြောပြတယ်''

''စာရွက်စာတမ်းအတုတစ်ခုကို သိလျက်နဲ့ လက်ဝယ်ထားပြီး အစစ်အမှန်အဖြစ် အသုံးပြုမယ် ဆိုရင် စာရွက်စာတမ်းကို မိမိကိုယ်တိုင် လိမ်လည်အတုပြုသကဲ့သို့ ပြစ်မှုကျူးလွန်ရာ ရောက်တယ်လို့ ရာဇသတ်ကြီး ဥပဒေမှာ ပြဋ္ဌာန်း ထားတယ်။ ဒါကြောင့် စာရွက်စာတမ်းအတု ဖြစ်ကြောင်း သိရင်တော့ သက်ဆိုင်ရာကို ပြန်အပ်တာဟာ အန္တရာယ်အကင်းဆုံးပဲ သူငယ်ချင်း''

''တရားရုံးမှာ တရားစွဲဆိုပြီး ဂရန်စာချုပ်ကို ပယ်ဖျက်ရတာလည်း ရှိတယ်ဆို''

''အေး .. အခြေအနေအမျိုးမျိုး ရှိတယ်၊ သူငယ်ချင်း နားလည်အောင် ရှင်းပြရမယ်ဆိုရင် ဂရန် လျှောက်ထားတဲ့အခါ မြေချပါမစ် မူရင်းကို တင်ပြရတယ်။ မြေချပါမစ် အမည်ပေါက်သူထံမှ အရပ် ကတိစာချုပ်အဆင့်ဆင့်နဲ့ ဝယ်ခဲ့တဲ့ စာချုပ်တွေ တင်ပြပြီး နောက်ဆုံး ဝယ်ယူနေထိုင်သူက ဂရန်မူရင်း ထုတ်ပေးဖို့လျှောက်ကြရတယ်။ သက်ဆိုင်ရာရုံးဌာက ဂရန်မူရင်း ထုတ်ပေးရင်တော့ မူလမြေပါမစ် မူရင်းကို သိမ်းဆည်းလိုက်မှာဖြစ်တယ်''

''နောက်တစ်ယောက်က မြေကွက်ပါမစ်မူရင်းတစ်ခုကိုပြပြီး အရပ်ကတိစာချုပ်အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့ စာချုပ်တွေလည်းပြမယ်။ ဒီအချက်တွေနဲ့ ဂရန်လျှောက်ခဲ့ရင် ဘယ်လိုဖြစ်နိုင်မလဲ''

''အဲဒီလို ထပ်နေရင်တော့ သက်ဆိုင်ရာဌာနက မူလထုတ်ပေးထားခဲ့တဲ့သူထံ အကြောင်းကြားပြီး ဂရန်မူရင်းကို တင်ပြစေမယ်။ ပြီးတော့ ပထမလူတင်ပြခဲ့တဲ့ မြေကွက်ပါမစ်နဲ့ နောက်ပိုင်း အခုမှ တင်ပြတဲ့ မြေကွက်ပါမစ်တို့ကို ကျွမ်းကျင်သူတို့နဲ့ စိစစ်ပြီး အမှား အမှန်ခွဲခြားမယ်။ ပထမလူထံမှာ ရှိနေတဲ့ မြေကွက်ပါမစ်ဟာ မမှန်ကန်ဘူးဆိုရင်တော့ ပထမလူဆီက ဂရန်စာချုပ်ကို ပြန်လည် အပ်နှံဖို့ အကြောင်းကြားမှာဖြစ်တယ်။ ပထမလူက အဆိုပါ ဂရန်စာချုပ်ကို ပြန်လည်အပ်နှံခြင်း မရှိဘူးဆိုရင်တော့ သက်ဆိုင်ရာ ရုံးဌာနက ပထမလူထံ ထုတ်ပေးထားတဲ့ ဂရန်မူရင်းကို ပယ်ဖျက်ကြောင်း အများသိစေရန် နေ့စဉ်ထုတ်သတင်းစာမှာ ကြော်ငြာပေးသွားမှာ ဖြစ်တယ်''

''သူငယ်ချင်းပြော စကားအရ ဆိုရင် အဲဒီလို အခြေအနေမျိုးဆိုရင်တော့ သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဌာနဆိုင်ရာက ဆုံးဖြတ်အတည်ပြုလိုက်ရင် ဖြစ်တယ်ပေါ့''

''မှန်ပါတယ်။ တစ်ခါတစ်ရံ ကျတော့လည်း နှစ်ဖက်ခေါ်ယူပြီး ဆုံးဖြတ်လို့ မရတဲ့ ကိစ္စရပ်တွေလည်း ရှိတာပေါ့။ အဲဒီလို အခါမျိုးမှာ နစ်နာသူက အခြားသူအပေါ် မမှန်မကန်ရယူထားသည့် ဂရန် စာချုပ် ပယ်ဖျက်ပေးစေလိုမှုနဲ့ ပစ္စည်းလက်ရောက်ရလိုမှုအဖြစ် တရား စွဲဆိုကြတာတွေလည်း ရှိတယ်''

''ဘယ်လိုပဲဖြစ်ဖြစ် မြေကွက် ဝယ်မယ်ဆိုရင် သေချာစိစစ်ပြီးမှ ဝယ်သင့်တာပေါ့နော်''

''မှန်ပါတယ်။ အိမ်မြေဝယ် မယ်ဆိုရင်ပြီးစလွယ်လုပ်ပြီး မဝယ်မိကြဖို့ အထူးသတိပြုသင့်တယ်''

''တကယ်လို့ မြို့တော်စည်ပင် သာယာရေး ကော်မတီရဲ့ သက်ဆိုင်ရာဌာနက တစ်ဦးတစ်ယောက် လက်ဝယ်ရှိတဲ့ မြေငှား ဂရန်စာချုပ်ဟာ မမှန်ကန်ကြောင်း၊ အတုဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဘယ်လိုဆက်လုပ်နိုင်သေးသလဲ''

''ဒီအချက်ကလည်း အရေးကြီးပါတယ်။ ဘယ်သူမဆို မိမိ လက်ဝယ်က ဂရန်စာချုပ်ကို သက်ဆိုင်ရာ ဌာနက ဖျက်သိမ်း ပယ်ဖျက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့ရင် အထက်အဖွဲ့အစည်းထံတင်ပြလိုတဲ့ စိတ်ဆန္ဒတော့ ရှိမှာဖြစ်တယ်။ ဒါကြောင့် ဥပဒေကလည်း အယူခံသဘောမျိုး တက်ခွင့်ပေးထား တာရှိတယ် သူငယ်ချင်း''

''ဘယ်လိုပုံစံဆိုတာ ရှင်းပြပါဦး''

''မြို့တော် စည်ပင်သာယာ ရေး ကော်မတီရဲ့ သက်ဆိုင်ရာဌာန ကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တရားစီရင်ရေး ဥပဒေ ပုဒ်မ-၁၆ (က)(၂)နှင့် ၄ တို့အရ အာဏာပေး စာချွန်တော် အမိန့် သို့မဟုတ် အာဏာ ပိုင်မေး စာချွန်တော်
အမိန့်ထုတ် ဆင့်ပေးဖို့ လျှောက်ထားခွင့်ရှိမှာ ဖြစ်တယ်''

''လက်ခံဆောင်ရွက်တဲ့ အမှုတွေ ရှိတယ်ပေါ့''

''ရှိတာပေါ့၊ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈ဝ မှာ ဖော်ပြထားတဲ့ (ဦးဇော်မျိုး ဝင်း နဲ့ ဌာနမှူး၊ အ ဆောက်အအုံနှင့် ကုန်ရုံဌာန၊ မန္တလေးစည်ပင်သာယာရေးကော်မတီ) အမှုမှာ မန္တလေးစည်ပင်သာယာရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် စာချွန်တော်အဖြစ် အာဏာပေး စာချွန်တော်ထုတ်ဆင့် ပေးဖို့ လျှောက်ထားတာ တွေ့ရတယ်။ ဒါကြောင့် ဥပဒေအရ ကုစားမှုတွေ ပေးထားကြောင်း ပြည်သူတွေ သိရှိဖို့လည်း အထူးလိုအပ်တယ်''

''ဘာပဲဖြစ်ဖြစ် အိမ်မြေ ရောင်းသူက ဂရန်အမည်ပေါက် ဖြစ်သည့်တိုင် သက်ဆိုင်ရာဌာနရုံးမှာ စိစစ်ဖို့ အထူးလိုအပ်တယ် ဆိုတာ ဗဟုသုတရလိုက်တယ် သူငယ်ချင်း''ဟု ပြောဆိုကာ နေ့ လယ်စာကျွေး၍ ကျေးဇူးတင် စကားပြောသွားခဲ့ပါသည်။

စာဖတ်သူများလည်း ဗဟုသုတရစေရန် ရည်ရွယ်ရေးသားလိုက်ခြင်းဖြစ်သည်။

Credit : Zaygwet

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေ...

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေက
နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေက
Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service