ဘီလျံနာတစ်ယောက်ဖြစ်လာဖို့ ဘဝသင်ခန်းစာ (၇)ခု

ဘီလျံနာတစ်ယောက်ဖြစ်လာဖို့ ဘဝသင်ခန်းစာ (၇)ခု - Property Knowledge in Myanmar from iMyanmarHouse.com
5 Apr 2017 11:06 am တွင် တင်ခဲ့သည်
3051 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကမ္ဘာပေါ်မှာ ဘီလျံနာ ဦးရေ(၂၀၀၀)လောက်ရှိပါတယ်။ အချိုးချကြည့်မယ်ဆိုရင် လူဦးရေ (၄)သန်းမှာ တစ်ယောက်က ဘီလျံနာဖြစ်ပါတယ်။ ဒီဖြစ်တန်စွမ်းအတိုင်းဆိုရင် သင့်အနေနဲ့ ဘီလျံနာတစ်ဦးဖြစ်လာဖို့ထက် မိုးကြိုးပစ်ခံရဖို့ ဖြစ်နိုင်ချေက (၂၄)ဆ ပိုပြီး နီးစပ်နေပါသေးတယ်။ ဒီတော့ သင့်အနေနဲ့ ဘီလျံနာတစ်ဦး မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘီလျံနာတစ်ဦးဖြစ်ဖို့အတွက် ဘဝကို မတူကွဲပြားတဲ့ အမြင်တွေနဲ့ မြင်တတ်ပြီး ချဉ်းကပ်တတ်ဖို့ပဲလိုတာပါ။ ဒါ့ကြောင့် သာမာန်ဘဝကနေ ဘီလျံနာဘဝကို ပြောင်းလဲလာနိုင်ခဲ့သူတွေရဲ့ ဘဝကို တော်လှန်ပြောင်းလဲနည်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ အလုပ်ကြိုးစားပါ။ ဘဝအတွက်လည်း အချိန်ပေးပါ။

ဘီလျံနာ Richard Branson က အကောင်းဆုံး ဥပမာပဲဖြစ်ပါတယ်။ Richard Branson ဟာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူက အလုပ်ကို ကြိုးစားသလို ဘဝမှာ ပျော်ရွှင်နေဖို့ကိုလည်း ကြိုးစားသူတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ မီးပုံပျံစီးပြီး ပတ်တကာနေ အမြင့်ကနေ ခုန်ချတာအထိ လုပ်ဆောင်ခဲ့ပြီး ဘဝရဲ့အနှစ်သာရကို နားလည်လက်ခံထားသူဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ အလုပ်ကြိုးစားပါ။ အလုပ်ကနေနားပြီး စိတ်ပျော်ရွှင်စရာတွေနဲ့ အားပြန်ဖြည့်ပိုလည်း အချိန်ပေးပါ။

၂။ စိတ်အားထက်သန်မှုနောက်ကို လိုက်ပါ။

ကိုယ့်စိတ်ဝင်စားတဲ့အရာနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်တတ်သူကို ပြောပါဆိုရင် GoPro လုပ်ငန်းပိုင်ရှင် Nick Woodman က အကောင်းဆုံးဥပမာဖြစ်ပါတယ်။ သူ့ရဲ့ GoPro အက်ရှင်ကင်မရာတွေက စွန့်စား အားကစားသမားတွေနဲ့ စွန့်စားမှုရှာဖွေသူတွေအကြားမှာ ရေပန်းစားခဲ့ပြီး သူတို့ရဲ့ စိတ်အားထက်သန်မှုကို ဖော်ပြနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

သင်ခန်းစာ ။ ။ သင်မြတ်နိုးတဲ့အရာတစ်ခုခုကို လုပ်ဆောင်မယ်ဆိုရင် သင့်ရဲ့စိတ်အားထက်သန်မှုကို အခြားသူတွေက ဝေမျှခံစားပြီး သင့်အတွက် ဝင်ငွေအမြောက်အမြားရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

၃။ ငွေကြေးသဘောတရား နားလည်ပါ။

အင်တာနက် နည်းပညာခေတ်မှာ အတော်ဆုံး ဘဏ္ဍာရေးဆိုင်ရာအကွက်ရွှေ့နိုင်သူကတော့ Broadcast.com ပိုင်ရှင် Mark Cuban ပဲဖြစ်ပါတယ်။ သူ့ရဲ့ Broadcast.com ကို (၁၉၉၉)ခုနှစ် Yahoo က ဒေါ်လာ (၅.၇)ဘီလီယံနဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။ ဒီလို ရောင်းချပြီးတဲ့နောက်မှာ Cuban ဟာ သဘောတူညီချက်အချို့ကြောင့် သူ့ရဲ့ရှယ်ယာတွေကို ထုတ်မရောင်းနိုင်တဲ့ကြားကနေ Yahoo မှာ
သင့်တော်တဲ့ အစုရှယ်ယာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒေါ်လာ သန်း(၂၀)လောက်အကုန်အကျခံပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ အခုချိန်ထိ ရင်းနှီးမြုပ်နှံသူ ဘီလျံနာတစ်ဦးအဖြစ်ရပ်
တည်နေနိုင်တာ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ အကျိုးရှိနိုင်မယ့် စွန့်စားမှုတွေ လုပ်ဆောင်ပါ။ ဒါပေမယ့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ဖို့ ကြိုးစားပါ။

၎။ ဆက်သွယ်ပေးသူ တစ်ယောက်ဖြစ်ပါစေ။

အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက်တွေထဲက တစ်ခုကတော့
ဘယ်သူတွေကို သင်သိလဲဆိုတာပါပဲ။ လူတွေကို ဆက်သွယ်ပေးနိုင်ပြီး ဘီလျံနာဖြစ်လာခဲ့သူတစ်ယောက်ကတော့ Facebook တည်ထောင်သူ Mark Zuckerberg ပဲဖြစ်ပါတယ်။ သူက ဆက်သွယ်မှုရဲ့ စွမ်းအားကို အသုံးချပြီး ကမ္ဘာပေါ်မှာရှိတဲ့လူတွေကို နီးကပ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် အင်တာနဲ့ အသုံးပြုသူ (၃)ဦးမှာ (၂)ဦးက Facebook ကိုသုံးစွဲနေသူတွေ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကြားခံဆက်သွယ်သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
တတ်နိုင်သမျှ ပတ်ဝန်းကျင်ကလူတွေကို ဆက်သွယ်ပေးပါ။

၅။ အခြေအနေတွေကို ပြောင်းလဲနိုင်ပါစေ။

ဒီအချက်နဲ့ ပတ်သက်လို့ကတော့ Uber သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရဲ့ CEO Travis Kalanick
ကို ဥပမာပေးရမှာဖြစ်ပါတယ်။ Kalanick ဟာ လူကြိုက်သိပ်မများတဲ့ လုပ်ငန်းနယ်ပယ်ထဲကို ဝင်ရောက်ပြီး အခြေအနေအားလုံးကို
ပြောင်းလဲပစ်ကာ အသုံးပြုသူတွေ အဆင်ပြေချောမွေ့စေမယ့်
စနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

သင်ခန်းစာ ။ ။ အားလုံးကို မေးခွန်းထုတ်ပါ။ ပြောင်းလဲသင့်တယ်လို့ ယူဆတဲ့အရာကို ပြောင်းလဲဖို့ တိုက်ပွဲဝင်ပါ။

၆။ ကိုယ့်စိတ်တိုင်းကျ ဖြစ်ပါစေ။

ဒီအချက်နဲ့ ပတ်သက်လို့ကတော့ Tim Ferriss ကို မှီနိုင်သူ မရှိလောက်ပါဘူး။ သူ့မှာ ကိုယ်ပိုင်အယူအဆတွေ ရှိနေပြီး ကိုယ်ပိုင်တန်ဖိုးတွေပေါ်မှာ မူတည်ပြီးတော့ပဲ ဆုံးဖြတ်တတ်သူဖြစ်ပါတယ်။ သူ့ရဲ့စံချိန်တွေနဲ့ ကိုက်ညီမှုမရှိရင် ရင်းနှီးမြုပ်နှံဖို့ စိတ်မဝင်စားတတ်သလို သူ ဂုဏ်ယူလို့ရမယ့် ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံသူ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ သင်ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကို ဆုံးဖြတ်ပါ။ အခြားသူတွေ ဘာလိုထင်ထင်၊ ဘာတွေပြောပြော၊ ဖြစ်အောင်လုပ်ပါ။

၇။ အရာရာကို ပိုကောင်းလာအောင် လုပ်ဆောင်ပါ။

ကမ္ဘာပေါ်မှာ ဘယ်သူကမှ Elon Musk လောက် အရာရာကို ပိုကောင်းလာစေချင်တဲ့ စိတ်ကူးမရှိလောက်ပါဘူး။ Elon Musk ပိုင်ဆိုင်တဲ့ Space X, Tesla ကနေ Solar City အထိ လုပ်ငန်းတွေအားလုံးနဲ့ သူ့ဘဝတစ်ခုလုံးက ကမ္ဘာလောကကြီးနဲ့ လူသားတွေအတွက် ပိုကောင်းလာတာတွေပဲ ဖန်တီးပေးနိုင်အောင် ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ ကမ္ဘာကြီးနဲ့ သင့်ပတ်ဝန်းကျင်က လူတွေအတွက် ပိုကောင်းလာအောင် လုပ်ဆောင်ပါ။ သင်မရှိတော့တဲ့ နောက်ပိုင်းမှာ ဘာတွေ ကျန်ရစ်စေချင်တယ်ဆိုတာအထိ စဉ်းစားလုပ်ဆောင်ပါ။

ဘီလျံနာတွေဟာ သာမာန်လမ်းကြောင်းကို လျှောက်နေသ၍ ဘီလျံနာဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ ဘီလျံနာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သာမာန်ဘဝနဲ့ အတွေးအခေါ်တွေကို တော်လှန်ပုန်ကန်ပြီး ပြောင်းလဲပစ်နိုင်မယ့် လမ်းကြောင်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ လိုပါတယ်။

Credit: Gentleman Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service