ကိုယ္စားလွယ္လဲႊစာ

ကိုယ္စားလွယ္လဲႊစာ - Property Knowledge in Myanmar from iMyanmarHouse.com
3 Apr 2017 12:48 pm တွင် တင်ခဲ့သည်
8415 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကိုယ်စားလှယ်ဆိုသည်မှာ အထူးကိစ္စရပ်အတွက် ဆောင်ရွက်ရန် လွှဲအပ်သည့် ကိုယ်စားလှယ်နှင့် အထွေထွေ ကိစ္စများအတွက် ဆောင်ရွက်ရန် လွှဲအပ်သည့် ကိုယ်စားလှယ် ဟူ၍ ရှိသည်။

အထွေထွေ ကိုယ်စားလှယ် လွှဲစာ (GENERAL POWER) နှင့် အထူးကိုယ်စားလှယ်လွှဲစာ (SPECIAL POWER ) တို့ ဖြစ်သည်။ တရားရုံး နှင့် သက်ဆိုင်သော အမှုကိစ္စအတွက် ဖြစ်စေ၊ တခြားပြင်ပ ကိစ္စများအတွက်ဖြစ်စေ ၊ မည်သည့်ကိစ္စတွင်မဆို ပဋိညာဉ် အက်ဥပဒေအရ အရွယ်မရောက်သေးသူနှင့် ရူးသွပ်သူမှတစ်ပါး မည်သူကိုမဆို ကိုယ်စားလှယ် လွှဲအပ်စေပြီး ဆောင်ရွက်နိုင်သည်။

ကိုယ်စားလှယ် လွှဲအပ်ရာတွင် စာဖြင့်ဖြစ်စေ ၊ နှုတ်ဖြင့်ဖြစ်စေ လွှဲအပ်သည့် သဘော သက်ရောက်စေခြင်းဖြင့် ဖြစ်စေ ၊ လွှဲအပ်နိုင်သည်။

ယေဘုယျအားဖြင့် ကိုယ်စားလှယ်လွှဲစာများကို စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံမတင်ဘဲ နေနိုင်သည် ။ သို့သော် စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၃၂ ပါ ပြဌာန်းချက်များအရ ရုံးတွင်းဆိုင်ရာ ခွင့်တောင်ဆိုရန် ဒီဂရီ အတည်ပြုဆောင်ရွက်ရန် စသည်တို့အတွက် ကိုယ်စာလှယ် ဟုတ်မှန်ကြောင်း အသိအမှတ်ပြုသည့် အနေဖြင့် ယင်းဥပဒေ ပုဒ်မ ၃၃ အရ မှတ်ပုံတင်ရန် လိုသည်။ မှတ်ပုံတင်သည့်အခါ တံဆိပ်ခေါင်း အက်ဥပဒေ ဇယား ၁ အပိုက် ၄၈ အရ သတ်မှတ်သည့် တံဆိပ်ခေါင်း ထမ်းဆောင်ရမည်။

ကိုယ်စားလှယ် လွှဲစာများကို မှတ်ပုံတင်ခြင်း ၊ မတင်ခြင်းသည် လုပ်ဆောင်သော လုပ်ငန်းကိစ္စအပေါ် မူတည်သည်။ အချို့မှတ်ပုံမတင်ဘဲလည်း ရှိသည် ။ တချို့မှာ နိုထရီပတ်ဗလစ်ရှေ့နေထံ မှတ်ပုံတင်သည်လည်း ရှိသည်။ တချို့မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရသည်လည်း ရှိ၏ ။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်းသည့် ကိစ္စမျိုးဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရမည် ဖြစ်ပေသည်။

ကိုယ်စားလှယ် လွှဲစာကို ကိုယ်စားလှယ်လွှဲသူအနေဖြင့် ပြန်လည် မရုပ်သိမ်းနိုင်သည့် ကိုယ်စားလှယ် လွှဲစာမှတစ်ပါး ၊ တခြားကိုယ်စားလှယ် လွှဲစာများကို ပြန်လည် ရုပ်သိမ်းနိုင်သည်။

သတင်းစာမှ နေ၍ ကိုယ်စားလှယ်လွှဲအပ်ခြင်းကို ပြန်လည်၍ ရုပ်သိမ်းကြောင်း ကြေညာကာ ယင်းကြေညာချက်နှင့်အတူ မိမိမှတ်ပုံတင်ထားသောဌာနသို့ အကြောင်းကြား ပေးပို့ရသည်။ ပြန်လည် မရုပ်သိမ်း နိုင်သည့် ကိုယ်စားလှယ်လွှဲစာကို ပြန်လည် ရုပ်သိမ်းလိုပါက လွှဲသူနှင့် လွှဲအပ်ခံရသူ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ပြန်လည် ရုပ်သိမ်းနိုင်သည်။

Credit: Winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service