ဂရန်မြေဝယ်လျှင် မြေအကျယ်ဧရိယာမှန်/မမှန် သတိထားစေချင်

ဂရန်မြေဝယ်လျှင် မြေအကျယ်ဧရိယာမှန်/မမှန် သတိထားစေချင် - Property Knowledge in Myanmar from iMyanmarHouse.com
27 Mar 2017 12:36 pm တွင် တင်ခဲ့သည်
7785 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အိမ်ခြံမြေအရောင်းအဝယ်များ ခေတ်မစားခင်ကဆိုလျှင် ပြည်သူအများစုမှာ မြေကွက်၊ အိမ်တို့နှင့်ပတ်သက်သည့်
စာရွက်စာတမ်းများကိုသက်ဆိုင်ရာဌာနမှ ပေးလျှင်ပေးသည့်အတိုင်းပင် အိမ်တွင်သိမ်းထားလေ့ ရှိကြသည်။
အရေးကြီးသည့်စာရွက်၊ အရေးပါသည့်စာရွက်၊ မခွဲခြားတတ်ကြသည်က များသည်။ ယနေ့ခေတ်အခါလို အိမ်၊ ခြံ၊ မြေစာရွက်စာတမ်း တန်ဖိုးကြီးမှန်းလည်း မသိကြပေ။

ဂရန်မြေ /ဘိုးဘွားပိုင်မြေ ရောင်းလျှင် မြေပုံကူုးပေးရန် တာဝန်ရှိ

အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ကြလျှင် ရောင်းသူ ၊ ဝယ်သူ ပထမဆုံးစရန်ပေး စာချုပ်ချုပ် ဆိုသည်နှင့် ရောင်းသူဘက်မှ
မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် မြေပုံ/ မြေရာဇဝင် ကူးယူပေးရန် တာဝန်ရှိသည်။
မြေပုံ/မြေရာဇဝင်ဆိုသည်မှာမိမိအမည်ပေါက်ပိုင်ဆိုင်သော မြေအကျယ်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်
မည်မျှကျယ်ဝန်းသည်(ဥပမာ အလျား ၄၀ပေ× အနံ ၆၀ ပေ)ကို သက်ဆိုင်ရာဌာနမှ ” ပုံ” ဆွဲပြထားခြင်းပင်ဖြစ်သည်။ ယင်းပုံစံအတိုင်း ရောင်းချသည့်မြေကွက်မှန် မမှန် ကွင်းဆင်းစစ်ဆေးကြည့်လျှင်လည်း ပုံဆွဲပြသည့်အတိုင်း
အတိအကျရှိနေကြောင်း တွေ့နိုင်သည်။

မြေပုံကူးလျှင် မြေပုံရာဇဝင်ပါရှိ

မြေပုံနှင့်ပူးတွဲလျှက် မြေရာဇဝင်စာရွက်လည်းပါသည်။ မြေရာဇဝင်စာရွက်တွင်ပထမဆုံးဂရန်အမည်ပေါက်သူကို
တွေ့ရသည်။ဂရန်အမည်ပေါက်သူက အခြားတစ်ဦးအား လွှဲပြောင်းရောင်းချထားလျှင် လွှဲပြောင်းဝယ်သူ၏အမည်၊ မှတ်ပုံတင်၊ လိပ်စာတို့ပါလာသည်ကို တွေ့ရသည်။ အဆင့်ဆင့်ရောင်းချလျှင် အဆင့်ဆင့်ဝယ်ယူသူတို့၏ အမည်များကို တွေ့ရသည်။ တစ်နည်းအားဖြင့် အဆင့်ဆင့်လွှဲပြောင်းဝယ်ယူလာသူများ၏ အကြောင်းကိုဖော်ပြထားသဖြင့် ယင်းကို ” မြေရာဇဝင်” ဟု ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း သိရသည်။

မြေငှားဂရန်တွင် မှန်ကန်ကြောင်း သက်သေခံမြေပုံပါရှိ

မြေပုံ/မြေရာဇဝင်ကူးယူရန် လျှောက်ထားခြင်းကို အရပ်အခေါ်အားဖြင့် ” အရောင်းမြေပုံကူး” လျှောက်သည်ဟု အလွယ်ပြောကြသည်။ မြေပုံကူးဖို့ဆိုသည်မှာလည်း မြေငှားဂရန်စာချုပ်တင်ပြမှသာလျှင် ကူးယူ၍ရသည်။ မြေငှားဂရန်
စာချုပ်နောက်ဆုံးစာရွက်တွင် မှန်ကန်ကြောင်း သက်သေခံသည့် မြေငှားဂရန်မြေပုံပါရှိသည်။ အမည်ပေါက်၊ နာမည်၊မြေတိုင်းရပ်ကွက်၊အမှတ်၊လူနေရပ်ကွက်အမှတ်၊ မြေကွက်အမှတ်၊ မြေအမျိုးအစား(ဥပမာ နှစ် ၆၀ မြေငှားဂရန်မြေ)
(အလျား× အနံ) ဧရိယာ….မြို့နယ်၊ စကေး(၁”=၁၀၀’) ထုတ်ပေးသည့်အမှုတွဲအမှတ်၊ မြေတိုင်းတာဝန်ခံ(ပ) နှင့် (ဒု) ဌာနခွဲမှူး။ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ လက်မှတ်နှင့် ရုးံတံဆိပ်များကို တွေ့ရသည်။

အိုးအိမ်/ စည်ပင် မြေငှားဂရန် စာချုပ်(၂)မျိုး

မြေငှားဂရန် စာချုပ်(၂)မျိုး တွေ့ရသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပေးသောဂရန်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံ
ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးသော ဂရန်ဟူ၍ နှစ်မျိုးကွဲပြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံ
ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးသော မြေငှားဂရန်
စာချုပ်များကို ၁၉၉၂-၉၃ ခုနှစ်တွင် စတင်ထုတ်ပေးထားကြောင်း လေ့လာသိရှိရသည်။

အစမကောင်းလို့ အနှောင်းမသေချာသည့် သာဓကအချို့

ထိုစဉ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြည်သူအများ စိတ်ချမ်းသာပြီး လုပ်ငန်းများမြန်ဆန်ချောမွေ့စေရန်
မြို့နယ်၊ ရပ်ကွက်များအတွင်းသို့ သွားရောက်၍ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ စီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်၍
ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရပ်ကွက်မြို့နယ်မှ လုပ်အားပေးများလည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လေ့လာသိရှိရသည်။

သို့မို့ကြောင့် ထင်ပါရဲ့ စာရေးသူတွေ့ဖူးသော သာကေတမြို့နယ် မြေငှားဂရန်စာချုပ်များနှင့် တောင်ဥက္ကလာပမြို့နယ် မြေငှားဂရန်စာချုပ်များပေါ်ရှိ ” မြေကွက်” အတိုင်းအတာများ မှားယွင်းခြင်း၊ ဥပမာ (၄၀ပေ×၆၀ပေ) ဟု ဖော်ပြရမည့်အစား (၂၀ပေ×၆၀ပေ) ဟုဖော်ပြခြင်း ဧရိယာ(၂၀ပေ×၆၀ပေ)ဟု ဖော်ပြထားသော်လည်း
(က/ခ)ခွဲခြားထားမှုမရှိခြင်းတို့ကို တွေ့ရတတ်ပါသည်။
အချို့ဂရန်များမှာ မြေကွက်အတိုင်းအတာမှန်သော်လည်း
ခေါင်းရင်းမြေကွက်အမှတ်နှင့် ခြေရင်းမြေကွက်အမှတ်တို့ကိုဖော်ပြမထားသည်ကို တွေ့ရတတ်သည်။

ထိုထက်ပိုဆိုးသည်မှာ မြေအမည်ပေါက်နှစ်ဦးဖြစ်လျှင် ကျား/မ လွဲမှားစွာဖော်ပြထားခြင်း
(ဥပမာ ” ဦးမြ+ ဒေါ်လှ” ဟု ရေးရမည့်အစား ” ဦးမြ+ဒေါ်မြ” ဟု လွဲမှားနေတတ်ခြင်းတို့ကို တွေ့ရသည်။
တစ်ခါတစ်ရံတွင် ” ဦးမြ+ ဒေါ်လှ” အမည်ပေါက်မှန်ကန်သော်လည်း “ဦးမြ” ၏ နိုင်ငံသားအမှတ်ကို ဒေါ်လှ၏
နိုင်ငံသားအမှတ်နေရာတွင်မှားယွင်းစွာဖော်ပြထားခြင်းတို့ကို ကြုံဖူးသည်။ ယင်းသို့သော အမှားအယွင်းများကြောင့်
အိမ်ဆောက်ရန်မြေပုံကူးခြင်းအရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးခြင်း စသည်တို့ကိုဆောင်ရွက်သည့်အခါ သတ်မှတ်ရက်အတွင်းထုတ်ယူ၍မရဘဲ အချိန်ကြာခြင်းများနှင့် ကြုံတွေ့ရတတ်ပါသည်။ ယခုအခါ ပြည်သူများအတွက် အာမခံချက်ရှိသော တုပ၍မရနိုင်သော” မြေငှားဂရန်စာချုပ်” များကို ပြောင်းလဲထုတ်ပေးနေသည့်အတွက် ပြည်သူတစ်ဦးအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါသည်။

Credit: အကျိုးဆောင်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service