အုတ်တိုက်၏ ခန့်မှန်း တန်ဖိုး တွက်နည်း

အုတ်တိုက်၏ ခန့်မှန်း တန်ဖိုး တွက်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
21 Mar 2017 1:42 pm တွင် တင်ခဲ့သည်
5915 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ထုထည် ခန့်မှန်းခြေ တွက်နည်းဖြင့် တွက်ယူခြင်း

ထုထည်ခန့်မှန်းခြေ တွက်နည်းသည် အဆောက်အအုံ၏ စုစုပေါင်း ထုထည်ကို ၎င်းဒေသရှိ အလားတူ အဆောက်အအုံ၏ ထုထည် တစ်ယူနစ် ကုန်ကျစရိတ်နှုန်းနှင့် မြှောက်ယူသော နည်း ဖြစ်၏။

ထုထည်တွက်ရာတွင် အောက်ခံခုံ ဧရိယာကို အဆောက်အအုံ၏ အမြင့်နှင့် မြှောက် ရ၏။ ပျဉ်ထောင်အိမ်များတွင် အမြင့်သည် အောက်ခံခုံ မျက်နှာပြင်မှ လျောက်တန်း(Pole plate) အထက်ခေါင်မိုး အမြင့်၏ နှစ်ပုံတစ်ပုံအထိ အကွာအဝေး ဖြစ်၏။

အုတ်တိုက်များတွင်မူ အမြင့်သည် အုတ်မြစ် အုတ်နံရံမှ မိကျောင်းတုံး (Wall Plate) အထက်ခေါင်မိုး အမြင့်၏ နှစ်ပုံတစ်ပုံအထိ အကွာအဝေး ဖြစ် ၏။ အောက်ခံခုံ ဧရိယာအတွက် အတိုင်းအတာများမှာ အောက်ခံခုံ ဧရိယာ တွက်နည်းအတိုင်းပင် ဖြစ်၏။

ပုံစံ (၃-၁) တွင်ဖော်ပြထားသည့် အုတ်တိုက်၏ ခန့်မှန်းတန်ဖိုးကို ထုထည် ခန့်မှန်းခြေ နည်းဖြင့် ရှာမယ်ဆိုရင်။

အုတ်တိုက်၏ အမြင့်သည် မြေမျက်နှာပြင်မှ မိကျောင်းတုံးအပေါ် အနား အ ထိ ( 15 ပေ)၊ အုတ်မြစ်အနက် ( 4 ပေ) နှင့် ခေါင်မိုးအမြင့်သည် ( 6 ပေ) ရှိ၏။ ၎င်းဒေသတွင် အလားတူ အဆောက်အအုံ၏ ထုထည် တစ်ယူ နစ် နှုန်းမှာ (1000)ကျပ် ဖြစ်သည်။

ပုံစံ (၃-၁) ၏ စုစုပေါင်း အောက်ခံခုံ ဧရိယာ = ဧရိယာ A + ဧရိယာ B + ဧရိယာ C
= (30’ x 16’ ) + (16’ x 14’ ) + (20’ x 14’)
= 480 sq-ft + 224 sq-ft + 280 sq-ft
= 984 sq-ft

အုတ်တိုက်၏ စုစုပေါင်းအမြင့် = 15’ + 4’ + 0.5 (6’) = 22’

အုတ်တိုက်၏ ထုထည် = အောက်ခံခုံ ဧရိယာ စုစုပေါင်း x အမြင့်
= 984 x 22
= 21648 ကုဗပေ

အုတ်တိုက်၏ ခန့်မှန်းတန်ဖိုး = စုစုပေါင်းထုထည် x တစ်ယူနစ်နှုန်း
= 21648 x 1000 ကျပ်
= 216.5 သိန်းခန့်

ထို့ကြောင့် ပုံ (၃-၁) တွင် ဖေါ်ပြထားသော အုတ်တိုက်၏ ခန့်မှန်းတန်ဖိုးမှာ 216 သိန်း 5 သောင်းခန့် ကုန်ကျနိုင်ပါသည်။

မှတ်ချက် ။ ။ အဆောက်အအုံ၏ တစ်ယူနစ်နှုန်းကို နေရာဒေသပေါ် မူတည်ပြီး အစားထိုး တွက်ယူပါရန်။

Credit: Nay Nann Thukha Construction

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service