တိုက်ခန်းဝယ်ရင် ‘‘ဈေးဆစ်’’ ဖို့ ကအဓိကလား ‘‘ ပိုင်ဆိုင်မှု မှန်ကန်ဖို့က အဓိကလား ’’

တိုက်ခန်းဝယ်ရင် ‘‘ဈေးဆစ်’’ ဖို့ ကအဓိကလား ‘‘ ပိုင်ဆိုင်မှု မှန်ကန်ဖို့က အဓိကလား ’’ - Property Knowledge in Myanmar from iMyanmarHouse.com
7 Mar 2017 12:35 pm တွင် တင်ခဲ့သည်
2052 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဝယ်သူရဲ့ဦးတည်ချက်က ဈေးဆစ်ဖို့ အကျိုးဆောင်က ပွဲဖြစ်ဖို့ အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ် ပြုလုပ်ကြရာမှာ ၀ယ်သူအများ စိတ်လောနေ သည်က ရောင်းသူ ခေါ်ထားတဲ့ ဈေးကို အတက်နိုင်ဆုံး ဈေးဆစ်ဖို့သာ အဓိ ကလို့ ထင်နေကြတယ်၊ ပွဲစားဆိုသော ပုဂ္ဂိုလ်များကလည်း အရောင်းအ ဝယ် ဖြစ်ဖို့ကိုသာ ဦးတည်ပြောဆို တက်ကြတယ်။ ပွဲစားဆိုတာကလဲ ပုထု ဇဉ်ပဲလေ။ အရောင်းအဝယ် တည့်မှ ပွဲခရမှာ မဟုတ်လား။ အရောင်းအဝယ် ဆိုတာ ရောင်းသူ၊ ဝယ်သူ‘‘ လောဘလွန်ဆွဲပွဲ ’’ ဒါကြောင့် အရောင်းအဝယ် လုပ်ကြပြီဆိုလျှင်‘‘လိုချင်မှုလောဘ’’ ကို ရှေ့တန်းတင်ပြီး ရောင်းသူနဲ့ ဝယ် သူများမှာ ကိုယ်လိုရာ ဘက်ပါအောင် ‘‘လောဘလွန်ဆွဲပွဲ’’ ပြုလုပ်နေတာနဲ့ တူပါတယ်။ ကြည့်လေ……အိမ်ခြံမြေ ရောင်းမယ့် သူကလည်း ကာလ ပေါက်ဈေး ထက် သူကြိုက်တဲ့ ‘‘အမြင့်ဆုံးဈေး’’ ကို ခေါ်တယ်။

ရောင်းဈေးတစ်ခွန်းတည်း ပြောလို့မရ ၊ဈေးဆစ်တာက အလေ့အထ

ဒီကြားထဲ ‘‘ ပွဲစားကလည်း ဝယ်သူ စိတ်ပါအောင် လှုံဆော်ပေးရသေးတယ် ။ မြေရှင် ဒါမှမဟုတ် တိုက်ခန်းပိုင်ရှင် က ငွေလိုနေလို့ ရောင်းချင်တာကြာ လှပြီ ။ဒီတော့….ကျောက်အရောင်းအဝယ် လုပ်သလိုပေါ့။ ‘‘ ရောင်းသူတစ် ဆယ် ၊ ဝယ်သူငါးကျပ် ’’ ဆိုတဲ့  စကား ရှိတယ်လေ။ အကိုလည်း ကြိုက်နေ တာဘဲ ဈေးဆစ်ကြည့်ပေါ့…ဟု ‘‘ ရေလာ မြောင်းပေး ’’ ကြိုပြော ထားတော့ ရောင်းသူ နဲ့ ဝယ်သူ မျက်နှာချင်းဆိုင် တွေ့ရင် ‘‘ဈေးဆစ်’’ တာ ကတော့ မြန်မာ လူမျိုးတို့ရဲ့ထုံးစံ တစ်ခုလိုတောင် ဖြစ်နေပြီလို့ ဆိုရမယ် ထင်ပါတယ်။

အတုမြင်၊ အတက်သင်လာကြတဲ့ ကိုရီးယား

မြန်မာလူမျိုးတွေရဲ့ လေသံလိုက်ပြီး၊ မြန်မာလူမျိုးတွေနဲ့ ဖက်စပ် လုပ်ကိုင်နေ ကြတဲ့ ကိုရီးယား လူမျိုး၊ ဂျပန် လူမျိုးတွေတောင် ဈေးဆစ်တက်လာ ကြပြီ၊ မှတ်မိလို့ ပြောရအုံးမယ် ။ တစ်ခါက မြန်မာပိုင် မြေကွက်တစ်ကွက်ကို ကိုရီး ယားလူမျိုးက ငှားရမ်းပြီး ခြံစိုက်ပျိုး လုပ်ဖို့ အင်္ဂလိပ်လို စာချုပ်ချုပ်တဲ့အခါ စာ ချုပ် စီစဉ်ပေးဖိုနဲ့ စာချုပ်ပေါ်မှာ အသိသက်သေ လက်မှတ်ထိုးပေး ဖို့ ရှေ့ေ နခေါ်တဲ့အတွက် ကျွန်ုပ် လိုက်ပါဆောင်ရွက် ပေးရဖူးတယ်…. စာချုပ် မှာ လက်မှတ် ထိုးပြီးတဲ့အခါ ရှေ့နေ ဆောင်ရွက်ခ ဘယ်လောက်ပေးရမလဲ လို့ မေးတယ်၊ ကျွန်ုပ်က(နှစ်သိန်း) ပေးရမယ် လို့ ပြောတဲ့အခါ အင်္ဂလိပ် လို ပြောနေတဲ့ ကိုရီးယားက ‘‘များတယ် ငါးသောင်း ကျပ်’’ ထားပါ လို့ မြန် မာလို ပီပီသသ ပြောလိုက်တော့ ကျွနိုပ်တောင် ပါးစပ် အဟောင်းသား နဲ့ ဖြစ်သွားတယ်။ သူ့ကို သဘောကျလို့ ‘‘ဟက်ဟက် ပက်ပက်’’ ရယ်မိ ခဲ့ သေးတယ်။

သူတို့နိုင်ငံမှာ ရှေ့နေဆိုရင် အလွန်တန်ဖိုးထားတဲ့ လူမျိုးကတောင် မြန် မာပြည်လည်း ရောက်လာရော မြန်မာနည်း မြန်မာ့ဟန်၊ မြန်မာ့ထုံးစံကို လေ့လာထားပုံရပါတယ်။ ရှေ့နေခ ဈေးဆစ်ဖို့ကျတော့ သွက်လိုက်တာ ဈေးဆစ် ဖို့ အစောကြီး ကတည်းက ‘‘ဗမာစကား’’ သင်ထားသလား မသိပါဘူး။ ဒါက စပ်မိလို့ ကိုယ်တွေ့လေး ပြောပြတာပါ။

အရောင်းအ၀ယ် မလုပ်မီ ပိုင်ဆိုင်မှု စစ်ဆေးဖို့က အဓိက

အဲ…….ပြောချင်တာက ဝယ်သူတွေဟာ ရောင်းသူတွေထံက ပိုင်ဆိုင်မှု စာ ရွက် စာတမ်းတွေကို သေသေချာချာ မလေ့လာရသေးဘဲနဲ့ ‘‘ ဈေးဆစ်’’ ကြ တာကို တွေ့ရပါတယ်။ တကယ်တော့ အိမ်၊ ခြံ ၊မြေ တိုက်ခန်း အရောင်းအ ဝယ် ဈေးစကား မပြောမီ ရောင်းသူရဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း တွေကို ပထမဆုံး စစ်ဆေး ကြည့်ရမှာပါ။ တိုက်ခန်း ဆိုရင် ကန်ထရိုက်တာ ထံက ဝယ်ထားတာလား။ ဒါမှမဟုတ် မြေရှင်က သူ ပိုင်အခန်းကို ရောင်းတာ လား။ ဒါမှမဟုတ် တိုက် မပြီးသေးဘဲနဲ့ ကြိုပွိုင့် ရောင်းတာလား မေးမြန်းရ မယ်။

ကန်ထရိုက်တာထံက ဝယ်တဲ့ စာချုပ်လား၊ မြေရှင်ထံက ဝယ်တဲ့ စာချုပ်လား ခွဲခြားပါ

ကန်ထရိုက်တာထံကတစ်ဆင့် ဝယ်တဲ့ တိုက်ခန်းဆိုရင် ကန်ထရိုက်တာနဲ့ ဝယ်သူ တိုက်ရိုက်ချုပ်တဲ့ စာချုပ် တစ်ခုပဲ ပေးလိမ့်မယ်။ ပြီးတော့ လူနေထိုင် ခွင့် လက်မှတ် (BCC)မိတ္တူ ရမယ်။ ဒါဘဲ။ မြေရှင်ဘက်က ဝယ်တဲ့ တိုက်ခန်း ဆိုရင် ၊ကန်ထရိုက်တာနဲ့ မြေရှင်တို့ ချုပ်ဆိုထားတဲ့  နှစ်ဦးသဘောတူ ကန် ထရိုက်တိုက် ဆောက်လုပ်တဲ့ စာချုပ် မိတ္တူပေးမယ်။ ပြီးမှ(BCC )မိ တ္တူ ပေးမယ်။ ပြီးမှ မြေရှင် နဲ့ ဝယ်သူ တိုက်ခန်း အရောင်းအဝယ် စာချုပ် ချုပ် လိုက်ရုံဘဲ ။ မြေရှင်ထံ ကတစ်ဆင့် ဝယ်ထားသူက အဆင့်ဆင့် ပြန်ေ ရာင်းတယ်ဆိုရင်တော့ အသိအမှတ်ပြုပေးဖို့ မြေရှင် လက်မှတ် ရေးထိုး ခိုင်းလေ့ ရှိကြတယ်။ မြေရှင် လက်မှတ်ထိုးခ တိုက်ခန်း တန်ဖိုး ရဲ့ ၁% ၊၂ % တောင်းလိမ့် မယ်။ ရေမီတာ ၊လျှပ်စစ် မီတာ၊ စည်ပင်အခွန်ပြေစာ ၊ အ ခန်းငှားခ လစဉ်ပြေစာတွေကို ဝယ်သူကို ပေးရမှာကတော့ ရောင်းသူ တာ ဝန်ဘဲ ။

ကြိုပွိုင့် အဆင့် ပြောင်းလေ၊ ကန်ထရိုက် ကြိုက်လေ

ကြိုပွိုင့် တိုက်ခန်းတွေရဲ့ သဘောတရားကတော့ ပထမဆုံး ကြိုပွိုင့် ဝယ် သူတွေက ကန်ထရိုက်တာထံက တိုက်ဆောက်ဖို့ မြေမတိုင်းမီ ကတည်း က ဈေးနှုန်း ချိုသာစွာနဲ့ ဝယ်တယ်။တိုက်ဆောက်လုပ်လို့ တစ်ထပ် ၊ နှစ်ထပ် ရုပ်လုံး ပေါ်လာရင် အဲဒီကြိုပွိုင့်ကိုဘဲ နောက်တစ်ဦး က လာဝယ်ပြန်တယ် ။ဒီတော့ ပထမ ကြိုပွိုင့် ဝယ် သူက အမြတ်တင် ရောင်းတယ်။ ဒီတော့ ပထမ ဝယ်သူထားသူရဲ့ နာမည် ကနေ၊ ဒုတိယ နာမည် ပြောင်းခ ကန်ထရိုက်တာ ကို ပေးရတယ်။ နာမည်ပြောင်းခ အနည်းဆုံး (၁၀) လောက် ပေးရတယ် တိုက်မပြီးခင် စပ်ကြား နောက်ထပ် အရောင်းအဝယ် ရှိတိုင်း ၊ကန်ထရိုက် တာ က ရှေ့နည်းတူ ဆောင်ရွက်ပေးရတယ်။ တစ်ဦးပြောင်းရင် (၁၀)သိန်း ရတဲ့ ကန်ထရိုက်တာက ကြိုပွိုင့် စနစ်ဝယ်သူ ပြောင်းလေ ကြိုက်လေ ဘဲ။ နောက်ဆုံးဝယ်သူ နဲ့ ကန်ထရိုက်တာ နဲ့ အပြီးအပိုင် အရောင်းအဝယ် စာချုပ်ချုပ်မှပဲ ကန်ထရိုက် တာဝန် ပြီးသွားတော့တယ်။ ဈေးကတော့ ကိုယ် ဝယ်တဲ့ ဈေးက သိန်း (၃၀၀) ဆိုပေမယ့် ကြိုပွိုင့် ရောင်းတုန်းက ဈေးအတိုင်း ဥပမာ သိန်း(၁၅၀)ဆိုရင် အဲဒီဈေးနဲ့ပဲ ချုပ်ပေးတယ်။ ကန်ထရိုက်တာနဲ့ ဝယ် သူ တိုက်ရိုက် စာချုပ်ရလို့ အဲဒီလိုဝယ်ထားတဲ့ တိုက်ခန်းမျိုးကို ဝယ်သူအ မည်ပေါက် တိုက်ခန်းလို့ တင်စားပြောလေ့ ရှိကြတယ်။ ဒီလိုတွေ သိနိုင်ဖို့ အ တွက် ဈေးဆစ်ဖို့ထက် ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ မှန်ကန်မှု ရှိ ၊မရှိ အ ရင် စစ်ဆေးကြ ပါလို့ မှာကြားလိုက်ပါရစေ ။

ခေတ္တရာ မြင့်အောင် ( LL.B DML ) မှ iMyanmarHouse.com အတွက် သီးသန့်ရေးသားတင်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service